
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် သံဃာတစ်ပါး ဖြစ်သူ အရှင်ဂမ္ဘီရသည် ဧပြီလ တတိယပတ် အတွင်း လူဝတ် လဲလိုက်ပြီ ဖြစ်ကြောင်း အရှင်ဂမ္ဘီရ၏ မိခင်ဖြစ်သူ ဒေါ်ရေးက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
လူဝတ်လဲရသည့် အကြောင်းအရင်းနှင့် ပတ်သက်ကာ ထုတ်ဖော်ပြောကြား ရန် ဆန္ဒ မရှိသေးကြောင်း ၄င်းက ဆိုသည်။
အရှင်ဂမ္ဘီရသည် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်မှုကြောင့် စစ်အစိုးရလက်ထက်တွင် နှစ်ရှည်ထိန်းသိမ်းခံခဲ့ရကာ အစိုးရသစ်၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြောင်းမြ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။
www.yoyarlay.com/
0 comments:
Post a Comment