အချစ်နဲ့ ဘ၀ထူထောင်ခဲ့ကြတဲ့ ကိုရဲထွဋ်ဝင်းနှင့် မအေးသီတာ
"အရင်တုန်းက အမျိုးသားနဲ့ မတွေ့ ခင်တုန်းကပေါ့။ လူကောင်း တစ် ယောက်ကတော့ အစ်မကိုသဘောကျဖူးတယ်။ အစ်မသူ့ကို စိတ်မ၀င် စားပါဘူး။ကိုယ့်ကိုလှည့်စားသွားမှာကြောက်တယ်။ သူကမျက်စိလည်း မြင်တယ်။ ကိုယ့်ထက်သာတဲ့သူတွေ အများကြီးကို လည်း သူတွေ့နိုင် တယ်။ ကိုယ်နဲ့ လက်ထပ်ပြီးမှ ကိုယ့်ကိုထားခဲ့မှာလည်းစိုးတယ်။ ကိုယ် ကမျက်စိမမြင်ဘူးမဟုတ်လား"လို့အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့မအေးသီ တာက ပြောပါတယ်။
ဘာမှမသိတတ်သေးတဲ့ နုနုငယ်ငယ် ကလေးဘ၀မှာပဲ မျက်စိအလင်း ကွယ်ခဲ့ရတဲ့ မအေးသီတာရဲ့ ငယ်ဘ၀ကာလ တွေမှာ ဘ၀ရဲ့စိန်ခေါ်မှုတွေကိုကျော်လွှားရင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကအ များကြီးပဲနေမှာပါ။ မျက်စိ နှစ်ကွင်း အလင်းမရတဲ့ဘ၀မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အရာတွေ၊ အထီးကျန်မှုတွေ၊ကိုယ့်ကိုယ် ကိုယ်မစွမ်းနိုင်သူလို့ အားငယ်အထင်ရောက် မှုတွေ..။ အဲဒီလိုမျိုးတွေ ခံစားခဲ့ရတာတွေက မျက်မမြင်ကျောင်းတက်ပြီးသူ့လိုပဲဘ၀ တူမျက်မမြင်တွေနဲ့ တွေ့ ဆုံပြီး ခင်မင်ရင်းနှီးခွင့်မရခင် အချိန်ထိ ပါပဲတဲ့။ "မျက်မမြင်ကျောင်း မတက်ခင်တုန်း ကဆို ဒီလောကမှာ ငါတစ်ယောက် တည်း မျက်စိမမြင်တာပါလား ဆိုပြီး သိပ်ဝမ်းနည်းမိတယ်။ အသက်၂၀ မှာ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း ရောက်တော့ ကိုယ်လိုပဲ မျက်မမြင်အပေါင်း သင်းတွေနဲ့ ဆုံစည်းရတော့ ပျော်သွား တာပေါ့။ အဲဒီမှာ ကိုရဲထွဋ်ဝင်းနဲ့ဆုံပြီးအရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။ အထီးကျန်ဆန်တာမျိုးလည်း မရှိတော့ဘူး"လို့လက် ရှိမှာ အကြော ပြင်ဆရာမအဖြစ်ွနညုပ ဂျပန်ရိုးရာ အကြောပြင်ဆေးခန်းမှာ အလုပ်လုပ် နေတဲ့ မအေးသီတာက ပြောပါတယ်။
"မျက်မမြင်တွေ ကြုံတွေ့ရတဲ့အခက် အခဲတွေက များသောအားဖြင့် တူကြ တယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ခံစားချက် တွေကလည်း တူကြ တယ်။ မျက်မမြင်ကျောင်းတက်ရင်း ကိုရဲထွဋ်ဝင်းဆီက အကူအညီတွေ အများကြီးရခဲ့တယ်။ကိုယ်ကလည်း တတ်နိုင်တဲ့ဘက်က ပြန်ကူညီ။ အပြန် အလှန်ပေါ့။ နောက်တော့ သူကျောင်းကထွက်ပြီး အနှိပ်ပညာနဲ့အသက်မွေးတယ်။ဝင်ငွေနဲ့ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နိုင်ပြီဆိုတော့မှ ကျွန်မ တို့ လက်ထပ်ခဲ့ကြတာ" လို့ မအေးသီ တာက သူနဲ့ ကိုရဲထွဋ်ဝင်းတို့ တူနှစ် ကိုယ်ချစ်စံအိမ်လေး ထူထောင်ခဲ့ပုံကို ပြောပြပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ကိုရဲထွဋ်ဝင်း ကတော့ အစပထမပိုင်းမှာ မျက်စိမြင် တဲ့အမျိုးသမီးနဲ့လက်ထပ်ဖို့ စိတ်ကူးခဲ့သေးတယ်ဆိုပဲ။
"ပထမတော့ ကိုယ့်ရဲ့အခက်အခဲ တွေအတွက် အထောက်အကူပေးနိုင် မယ့် မျက်မြင်လူကောင်းတစ်ယောက်ကို ရွေးချယ်မလို့ပါ။ ဒါပေမယ့် မျက်လုံးမြင်တဲ့မိန်းမဆိုရင် ငါ့ကိုလှည့်စားသွားနိုင်တယ်။လှတာမြင်ရင် ပြောင်းလဲ သွားနိုင်တယ်ဆိုပြီး မရွေးချယ်ဖြစ်တာ ပါ"လိွု့နညုပ ဂျပန်ရိုးရာအကြောပြင် ဆေးခန်းမှာပဲ ဇနီးသည်နဲ့အတူ အကြော ပြင်ဆရာအဖြစ် အလုပ်လုပ်နေတဲ့ ကိုရဲထွဋ်ဝင်းက ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
"လက်မထပ်ခင်တုန်းကတော့ တခြား မျက်မမြ မိဘနဲ့ပဲနေပြီး မိဘတွေကပဲ ကိုယ့်ကို ဂရုစိုက်ကြတာပေါ့။ ဒါပေမယ့် လက်ထပ်တော့မယ် လို့ စဉ်းစားတော့ ကိုယ့်လက်ထပ်မ ယ့် သူအတွ က် ပ်ရမယ်။ အဲဒီအတွေးရှိလာတော့ ပိုပြီးတာဝ န်ယူတတ်တဲ့ စိတ်လည်းရှိလာတယ်" ပါ တယ်။
နောက်ထပ် မျက်မမြင်စုံတွဲတစ်တွဲ ဖြစ်တဲ့ ကိုအေးမင်းထွေးနဲ့ မ ညိုညိုအေး တို့ကတော့ သူတို့နှစ်ဦး လက်ထပ်ကြတဲ့အခါ မျက်မမြင် နှစ်ယောက် လက်မထပ်သင့်ဘူးလို့ ထင်မြင်နေကြတဲ့လူ တွေရဲ့အထင်အမြင် လွဲမှားမှုနဲ့အတူ တားဆီးမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
"ကိုယ့်လိုပဲ ဘ၀တူမျက်မမြင်တစ်ဦး နဲ့ လက်ထပ်မယ့်ကိစ္စမှာ သာမန်လူ တွေ လက်ထပ်တာထက် ပိုခက်ခဲမယ် လို့တစ်ခါမှမစဉ်းစား မိဘူး။ဘာကြောင့် လဲဆိုတော့ လူတိုင်း လူတိုင်းဟာ လက်ထပ်ကြတဲ့အခါ အနည်းနဲ့အများတော့ အခက်အခဲရှိကြတာပဲမဟုတ်လား" လို့အသက် ၁၁ နှစ်အရွယ်မှာ နေပူထဲ ဘောလုံးကန်ရင်းနဲ့ မိုးမိပြီး မျက်လုံးဝါးလာရာကနေ မျက်စိ လုံးဝ မမြင်ရတော့တဲ့ ကိုအေးမင်း ထွေးက သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။
မွေးစဉ်က တခြားသာမန်လူတွေလိုပဲ မျက်စိအလင်းရပြီး အသက်ငါးနှစ် ရောက်ခါမှ မျက်စိကွယ်ခဲ့ရတဲ့ ချစ်သူ မညိုညိုအေးနဲ့ကြည့် မြင်တိုင်မျက်မမြင်ကျောင်းမှာ တွေ့ဆုံချစ်ကြိုက်ခဲ့ ကြပြီး ပြီးခဲ့တဲ့နှစ် ဇွန်လက နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုနဲ့အတူလက်ထပ် ခဲ့ကြတယ်လို့ သိရပါတယ်။ နှစ်ဦးစလုံး အကြောပြင်ဝန်ထမ်းတွေအဖြစ် အသက်မွေးဝမ်းကျောင်းပြုပြီးသူတို့ရဲ့အိမ်ထောင်သည်ဘ၀ က အေးအေးချမ်းချမ်းနဲ့ ပျော်စရာကောင်းတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြပြီး တစ်ယောက်ရဲ့ခံစားချက်၊ပြဿနာတွေကိုလည်းလက်ခံပေးကြတယ်။ ပြီးတော့ သံယောဇဉ်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်ရှိကြလို့ လက်ထပ်ခဲ့ကြတယ်။ သူကျွန်တော်အနားမှာရှိရင်အခက် အခဲတွေရှိလည်း ရင်ဆိုင်ဖို့ သတ္တိတွေရှိတယ်" လို့ ကိုအေးမင်းထွေးက ပြောပါတယ်။
"လက်ထပ်တုန်းကပတ်ဝန်းကျင်ကကျွန်တော်တို့ကို ဒုက္ခရောက်မယ်လို့ထင်ကြတယ်။ တကယ်တမ်းလက်တွေ့ကျတော့ကျွန်တော်တို့ အိမ်ထောင်က သာယာပါတယ်။ ကလေးလည်း ယူမှာ ပါ" လို့ ထပ်ဆိုလေရဲ့။
တကယ်တော့ကိုအေးမင်းထွေးကလည်း ကိုရဲထွဋ်ဝင်းလိုပဲ မျက်လုံးမြင် ရတဲ့အမျိုးသမီးနဲ့ လက်ထပ်ဖို့ သူ့မှာ ယုံကြည်ချက် မရှိပါဘူး တဲ့။ ဒါပေမယ့် အသက် ၂၀ ကျော်ခါမှ မျက်စိအလင်း ကွယ်ခဲ့ရတဲ့ ကိုစိုးထွေးကျတော့ ကိုအေး မင်းထွေးတို့နဲ့ မတူညီတဲ့အချက်ကသူ လက်ထပ်ထိမ်းမြားထားတဲ့ အမျိုး သမီးက မျက်လုံးမြင်တဲ့ သာမန်အမျိုး သမီး ဖြစ်နေလို့ပါပဲ။
"မျက်စိမမြင်တဲ့သူ့ညီမအငယ်ဆုံး လေးက ဒီ Genky အကြောပြင် ဆေးခန်းမှာ အလုပ်လုပ်တာ။ အဲဒီတော့ သူက ညီမလေးကိုအလုပ် နေ့တိုင်းလိုက်ပို့လိုက်ကြိုလုပ်ရာကနေကျွန်တော်တို့ဆုံကြတာ။ ကျွန်တော် ကလည်း ဒီGenky မှာပဲ အလုပ်လုပ်တာမဟုတ်လား။အဲဒီ မှာ သူက ကျွန်တော့ကို သနားပြီးစာနာခဲ့တာ"လို့ ကိုစိုးထွေးက သူ့ချစ်ဇနီးနဲ့ တွေ့ဆုံခဲ့ပုံ ကို ပြောပြပါတယ်။
"ကိုယ့်ကို ထားသွားမလားဆိုတဲ့ အတွေးလေးတွေတော့ ရှိပါတယ်။ ဒါကလည်းလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေပါ။ ကြိုတင်လည်းတွေးမိပါတယ်။ ဒါပေမယ့် ဒါတွေကို ကြိုပြီး စိုးရိမ်နေမယ်ဆို အိမ်ထောင်ကျဖို့ နောက်ထပ် ၄၅ နှစ်ကျော်မှ ဖြစ်သွားမှာ ပါ။အနည်းနဲ့အများတော့လက်ထပ်တဲ့အခါ ပတ်ဝန်းကျင် ရဲ့တုံ့ပြန်မှုလေးတွေရှိပါတယ်။ ကျွန်တော်ကတော့လမ်းလျှောက်တုတ်လေး တစ်ချောင်းရခဲ့တယ်လို့ပဲ တွေးမိပါတယ်"လို့ ကိုစိုးဌေးက ဆိုပါတယ်။
'အချစ်မှာ .. မျက်စိမရှိဘူး မဟုတ်လား ...'
www.myanmar.mmtimes.com
0 comments:
Post a Comment