http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

အင်တာနက် Connection ပိုကောင်းစေရန် နိုင်ငံတကာ Bandwidth များ ထပ်မံ တိုးချဲ့


အင်တာနက် Connection ပိုကောင်းစေရန် နိုင်ငံတကာ Bandwidth များ ထပ်မံ တိုးချဲ့အင်တာနက် Connection ပိုမို ကောင်းမွန် စေရန် အတွက် နိုင်ငံ တကာ Bandwidth များ ထပ်မံ တိုးချဲ့ သွားမည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
နိုင်ငံတကာ Bandwidth များ ထပ်မံ ချိတ်ဆက်ရာတွင် Sea-Me- We 3 ဆက်ကြောင်း၊ မြန်မာတ ရုတ်နယ်စပ် ဖြတ်ကျော် ဆက်ကြောင်း များ၊ မြန်မာ-ထိုင်းနယ်စပ် ဖြတ်ကျော် ဆက်ကြောင်း များဖြင့် ချိတ် ဆက်သွားမည်ဖြစ်ပြီး စုစုပေါင်း ယင်းဆက်ကြောင်းများ ပေါ်မှ Bandwidth ပမဏ 10Gb ချိတ်ဆက် သွားမည်ဖြစ်သည်ဟု သိရသည်။
ပြည်တွင်း အင်တာနက် ပိုမို ကောင်းမွန်စေရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ပြည်ပမှာ ပညာရှင် အဖွဲ့များဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ထိုင်း နိုင်ငံမှ ပညာရှင် အဖွဲ့များနှင့် ပြီးခဲ့ သည့် 2011ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်းတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုသို့အင်တာနက် ကွန်နက် ရှင် ကောင်းမွန်စေရန် ဆောင်ရွက် ရာတွင် နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းများဖြင့် ထပ်မံချိတ် ဆက်သွားရန် ပြည်တွင်း ဆက်ကြောင်းများ အပြင် အရန်ဆက် ကြောင်းများဖြင့် ချိတ်ဆက်သွား ရန်လည်း ဆောင်ရွက်နေသည်ဟု သိရသည်။
အင်တာနက် Connection ကောင်းမွန်မှုလိုအပ်ခြင်းနှင့် ပတ် သက်ပြီး ပြည်တွင်း အိုင်တီပညာ ရှင်တစ်ဦးက အင်တာနက် Connection ကကောင်းဖို့လိုနေပါပြီ။ မ ကြာခင် ၂၀၁၃ မှာဆိုရင် Sea Game လာတော့မယ်။ ဒါဆိုအင်တာနက် ကွန်နက်ရှင်က အရမ်းကောင်းဖို့ လိုအပ်နေပါပြီ။ ဒါတွေက ပြင်ဆင် ဖို့လိုနေပါတယ်"ဟု သူ၏အမြင် ကေို ပြာသည။်  
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif