http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

Google က ဟက်ကာ တိုက်ဖျက်ရန် NSA နှင့် ပူးပေါင်း


Google က ဟက်ကာ တိုက်ဖျက်ရန် NSA နှင့် ပူးပေါင်းGoogle သည် မကြာမီက ၄င်း၏ ကွန်ရက်ကို ဟက်ကာများ တိုက်ခိုက် ခဲ့ခြင်းကို စုံစမ်း ထောက်လှမ်းရန် အတွက် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSK) နှင့် လက်တွဲပြီး အဖွဲ့အစည်း ဆောင်ရွက်နေကြောင်း သိရှိရသည်။
ဟက်ကာများ၏ တိုက်ခိုက်ပုံ နည်းလမ်းများနှင့် Google ၏ ကွန် ရက်ကို ဆန့်ထုတ် နိုင်ရေး အတွက် ငြင်းခုံ ဆွေးနွေးခဲ့သည့် အဆိုပါ အေဂျင်စီနှင့် ပူးပေါင်း ဆောင်ရွက်ရန် Google က သဘောတူလက်ခံ ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ပူး ပေါင်းဆောင်ရွက်ခြင်းကြောင့် NSA က Google User များ၏ website အသုံးပြုလုပ်ငန်းများ (သို့မဟုတ်) အီးမေးလ် ဆက်သွယ်မှုများနှင့် account များကို ချိတ်ဆက်အသုံး ပြုမည် မဟုတ်ကြောင်းနှင့် Google ကလည်းNSA နှင့် ဒေတာများကိုမျှဝေအသုံးပြု ဆောင်ရွက်မည် မဟုတ်ကြောင်း Google က ပြော ကြားခဲ့သည်။
အဆိုပါသဘောတူညီချက် သည် Google ၏ ကွန်ရက်တိုက် ခိုက်ခံရခြင်းအတွက် စုံစမ်းထောက် လှမ်းရေးကို ဟန်ပြထားပြီး ပိုမို ကျယ်ပြန့်သည့် ဆောင်ရွက်မှုများ ကို ပြုလုပ်ဖွယ်ရှိကြောင်း အကဲခတ် များက ပြောကြားခဲ့သည်။
Google သည် ဟက်ကာများ၏တိုက်ခိုက် မှုကို ကာကွယ်ချေမှုန်းနိုင်သည့် အဆင့်မြင့် နည်းပညာများကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ် ထားကြောင်း မကြာမီက ထုတ် ဖော်ပြောကြားခဲ့သည်။
တရုတ် နိုင်ငံမှ ဟက်ကာများ တိုက်ခိုက် သည်ဟု ယူဆထားသည့် Google နှင့်NSA တို့၏ ပူးပေါင်း ဆောင် ရွက်မှုဖြစ်သည်ဟုလည်း Google က ကြေညာခဲ့သည်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif