တပ်မတော်မှ ဖြစ်စေ၊ အခြား ဌာန များမှ ဖြစ်စေ ဌာနဆိုင်ရာ တစ်ခုသို့ ကူးပြောင်း လာသူ များကို တိုက်ရိုက်ခန့် ထားခြင်း ရှောင်ကြဉ်ပြီး ဝင်ခွင့်စာမေးပွဲ စစ်ဆေးခန့်ထားသည့် စနစ်ဖြင့်သာ ဆောင်ရွက်ကြရန် လိုကြောင်း မေ ၁၃ ရက်နေ့ တွင် နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်သည့် Reform Strategy ရှင်းလင်းဆွေးနွေး ညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောသည်။
သာမန်အားဖြင့် အောက်ခြေမှတက်လာသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန်မရှိသော်လည်း ကြားမှဖြတ်ဝင်လာသော ပုဂ္ဂိုလ်များရှိလာပါက မူလ ဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းစေနိုင်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများမှ မိမိတို့ခန့်ထားလိုသူများရှိပါက အရည်အသွေးသိရှိစေရန် ဝင်ခွင့် စာမေးပွဲ စနစ်ဖြင့် ဆောင်ရွက် ရန်လိုကြောင်း၊ ၄င်းစနစ်မျိုးဖြင့်သာ ပြုပြင်ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ မူလရှိပြီးဝန်ထမ်းများအတွက် လမ်းပိတ်ထားသည့် ပုံစံမျိုးမဖြစ်စေရန် စဉ်းစားဆောင် ရွက်သင့်ကြောင်း ဒုတိယသမ္မတက ပြောသည်။
ထို့ပြင် ဦးစီးဌာနများ ဖောင်းပွမှု ရှိမရှိ၊ ပြုပြင်ရန် ရှိမရှိ စိစစ်ကြရန်နှင့် ပြုပြင်ရန်လိုပါက အမြန်ဆောင်ရွက်ကြရန်လိုကြောင်း၊ ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အောက်ခြေအထိ ဆက်ဆံလုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲရန်ရှိက ပြောင်းလဲကြရန်လိုကြောင်း ဒေါက်တာစိုင်းမောက်ခမ်းက အဆိုပါအစည်းအဝေး၌ ပြောသည်။ "ရာထူးခန့် ထားတဲ့နေ ရာမှာ လူတစ်ဦးချင်းသာ အဓိကကျပါတယ်။ ကျွန်တော့်ရဲ့ စက်မှုဝန်ကြီးဌာနမှာဆိုလည်း တပ်မတော်သား မဟုတ်တာတွေ အများကြီးရှိပါတယ်။ တပ်မတော်သားရယ်၊ အရပ်သားရယ်မဟုတ်ဘဲ အားလုံးဟာ မြန်မာပြည်သားတွေပါပဲ။ အဓိကçကတော့ အရည်အသွေးပဲ အရေးကြီးတာ။ နိုင်ငံတော်အပေါ်မှာ စေတနာရှိပြီး အရည် အသွေးရှိခြင်း သာလျှင် အဓိကကျပါတယ်" ဟု စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဧပြီ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု ၌ ပြောသည်။
www.yoyarlay.com
0 comments:
Post a Comment