http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

16 May 2012

သေ ဒဏ် ကျ X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက် ကွဲ မှု ပါ ဝင် သည် ဟု ဆို သူ အ ယူ ခံ တင်

သေဒဏ်ကျ X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက် ကွဲမှု ပါဝင် သည်ဟု ဆိုသူ အယူခံတင်မြန်မာ့ ရိုးရာအတာသင်္ကြန် ကာလတစ်ခုဖြစ်သည့် ၂၀၁၀ ဧပြီလတွင် ကန်တော်ကြီး ပတ်လည်ရှိ X2Oသင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုတွင် ပါဝင် ပတ်သက်မှုသည် ဟုဆိုသူ ကိုဖြိုးဝေအောင် လူမှုဝန်ထမ်း ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၈ ရက်နေ့တွင် သေဒဏ်နှင့် ပြစ်ဒဏ်များစွာ ချမှတ် ခံရသဖြင့် မေလ ၁၄ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်သွင်းလိုက်ကြောင်း ၄င်း၏ရှေ့နေဖြစ်သူ ဦးကျော်ဟိုးကVenus News Weekly သို့ ပြောကြားသည်။
"အမိန့်ချပြီး ခုနစ်ရက်အတွင်း အယူခံတင်လို့ရတယ်။ အဲဒါကြောင့် မို့လို့ ကျွန်တော်တို့က ကျွန်တော် တို့ အခုအယူခံတင်ဖို့ ပြင်ဆင်နေ ပြီ။ မေလ ၁၃ ရက်နေ့ဆို ရင် နေ ပြည်တော်သွားမယ်။ မေလ ၁၄ ရက်နေ့မှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို အယူခံလွှာ တင်ပြမယ်" ဟု ဦးကျော်ဟိုးက Venus News Weekly သို့ ပြော ဆိုသည်။ အကယ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အယူခံ တင်သွင်းလွှာကို ပယ်ချပါက ပြည် ထောင်စုတရား လွှတ်တော်ချုပ်ထံ သို့အထူး အယူခံလွှာ တင်သွင်းမည် ဖြစ်ကြောင်း၊ အထူးအယူခံလွှာ ထပ်မံပယ်ချပါက နောက်ဆုံးအဆင့် နိုင်ငံတော်သမ္မတအထိ အသနား ခံစာ တင်သွင်းသွားမည်ဖြစ်ကြောင်း ဦးကျော်ဟိုးက ဆက်လက်ပြောဆို သည်။ အင်းစိန်ထောင်တွင်း အထူး တရားရုံးက ကိုဖြိုးဝေအောင်ကို ပုဒ်မ ၃၀၂ လူသေစေမှုဖြင့် သေ ဒဏ်၊ ပုဒ် ၃၂၆ အပြင်းအထန် နာ ကျင်စေမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၂၄ နာကျင်စေမှု၊ ပုဒ်မ ၁၀၃ ဖောက်ခွဲမှုဖြင့် ထောင် ဒဏ်တစ်သက်တစ်ကျွန်း၊ ပုဒ်မ ၁၃ (၁) တရားမဝင်နယ်စပ် ဖြတ်ကျော် ပုဒ်မဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၁၇ (၁) မတရားအသင်း ဆက်သွယ်မှုဖြင့် အလုပ်နှင့်ထောင် ဒဏ် ၃ နှစ်တို့ကို တစ်ပေါင်းတည်း ကျခံစေရန် မေလ ၈ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။ ကိုဖြိုးဝေအောင်ကို အမှုစစ် ဆေးရာတွင် ဥပဒေနှင့်မလျော်ညီ မှုများစွာရှိခဲ့ကြောင်း၊ အထူးသဖြင့် ဝရမ်းမပါဘဲ ချုပ်နှောင်ခြင်း၊ ထိုစဉ် က ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက တရားရုံးက အပြစ်ရှိကြောင်း မဆုံး ဖြတ်မီ တရားခံဟုစွပ်စွဲမှုများ ရှိခဲ့ ခြင်းအပါအဝင်ဥပဒေပါအခွင့်အရေး အပြည့်အဝမရရှိဘဲ အပြစ်ရှိသည် ဟုဆိုကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရ ကြောင်း ရှေ့နေဦးကျော်ဟိုးက ရှင်း လင်းပြောဆိုသည်။ X2O သင်္ကြန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး ကျော်သေဆုံး ခဲ့ပြီးလူတစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။
 ကိုဖြိုးဝေအောင်၏ညီဖြစ်သူ ဒေါက်တာထက်ဝေအောင် 
Venus: ကိုဖြိုးဝေအောင်ကိုသေ ဒဏ်စီရင်ချက်ချတာနဲ့ပတ်သက်ပြီး သူကဘာများမှတ် ချက်ပြုပါသလဲ။
HWA:ကျွန်တော်တို့က ၂ နှစ် လောက် အမှုအသွားအလာကို သိ နေတော့ ဘယ်လိုစီရင်ချက်ချမယ် ဆိုတာ သိနေတယ်။ အဓိကသူပြော တာက ဒါကိုသူ မျှော်လင့်ထားပြီး သား။ ဒီလို စီရင်ချက်ချမယ်ဆို တာသိနေတယ်။ အမှုစစ်ထားတဲ့ ၂ နှစ်လုံးလုံးက နေလာတာဆိုတော့ အစအရာရာက သိထားပြီးသားပဲ လေ။ ဒီအချိန်ရောက်ရင် ဒီလိုပဲ လာမှာပဲလေ။
Venus:ကိုဖြိုးဝေအောင်ရဲ့မိသား စုကရော ဘယ်လိုအခြေအနေရှိပါ သလဲ။
HWA: သူ့မှာ အမျိုးသမီးနဲ့ကလေး နှစ်ယောက်ဗျ။ တစ်ယောက်က မိန်းကလေး၊ အကြီးမလေးတစ် ယောက်။ သုံးတန်းတက်နေပြီ။ ရှစ် နှစ်ရှိပြီ။ နောက်တစ်ယောက်က သုံးနှစ်သားလေးပါ။ ယောင်္ကျား လေးပါ။
 ကိုဖြိုးဝေအောင်၏ဇနီး မဌေးဌေး 
Venus: ကိုဖြိုးဝေအောင်က အခု ဘယ်အကျဉ်းထောင်မှာလဲ။
MHH: ဆေးရုံ တက်နေရတယ်။ အင်းစိန်ဆေးရုံမှာပါ။ သူ အခုဖြစ် နေတာကအသည်းကကြီးနေတယ်။ အသည်းမှာ အနာလေးတွေတွေ့ တယ်ပေါ့။ ဖြစ်တာတော့ အသည်း ရောဂါစဖြစ်တာကတော့ ဒီနှစ်တစ် လပိုင်းကတည်းက စပြီးဖျားတယ်။
Venus: ဆေးရုံကို ဘယ်လိုစပြီး တက်ခဲ့ရသလဲ။ တိတိကျလေးပြော ပေးပါ။
MHH: အသည်းရောဂါဆိုပြီး သိတာကတော့ ဖေဖော်ဝါရီလမှာ သိတာ။ အင်းစိန်ဆေးရုံမှာ တင် ထားရတယ်။ စီရင်ချက် မချခင်က တော့ အပြင်ဆေးရုံကို မထွက်ပေး ဘဲ ထားထားတာပေါ့။ အမိန့်ချပြီး တော့ မေလ ၈ ရက်နေ့က အမိန့် စထုတ်၊ ဆေးကုခွင့်ရတယ်။ ဓာတ် မှန်တွေ ဘာတွေရိုက်ပြီးတော့ စစ် ဆေးလိုက်တဲ့အခါကျတော့ ဆေးရုံ တက်ရမယ့် အခြေအနေဖြစ်နေ တယ်။ ဆရာဝန်တွေက ဆေးရုံ တင်ဖို့ ပြောလို့ တင်ထားရတာပေါ့။
Venus:ဆေးကုသခွင့်ရတဲ့အခြေ အနေကရော။
MHH: ကိုယ်ကြိုက်တဲ့ ဆရာဝန်နဲ့ တော့ ပြလို့မရဘူး။ ဒါပေမယ့် လည်းအသည်းနဲ့ပတ်သက်တဲ့ကျွမ်း ကျင်တဲ့ ဆရာဝန်တွေကကုပေး တယ်။ အရင်တုန်းက နာတယ်၊ ကျင်တယ် ဆိုတော့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်ခဲ့တော့ အစာအိမ်ထိပြီး အစာအိမ်ပါရောင် နေတယ်။ အခုတော့ အစာအိမ်မထိ တဲ့ ဆေးတွေ၊ အသည်းဆေးတွေ သောက်နေရပါတယ်။ 
www.yoyarlay.com/local-news/local-news/crime/26081-x2

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif