http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 May 2012

နှစ် လုံး ထီ ရောင်း သူ ဖမ်း ဆီး အရေး ယူ

နှစ်လုံးထီ ရောင်းသူ ဖမ်းဆီး အရေးယူမရမ်းကုန်း မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူး ကျော်ဇင်ဝင်း၊ စခန်းမှူး ရဲအုပ်ဇော် လွင်တို့၏ ညွှန်ကြားချက် အရ လောင်းကစား သတင်း ရရှိသည့် နေရာအား ဖမ်းဆီးရန် အတွက် နယ်ထိန်း တာဝန်ခံ ဒုရဲအုပ် စိုးမြင့်ကြည်အားတာဝန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
၂၀၁၂ခုနှစ်၊ ဧပြီ၅ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ် ကွက်၊ ပြည်လမ်း၊ စိုက်ပျိုးရေး ဝန်း ဘေးရှိ လမ်းဘေး တဲတွင် မသန်း သန်းဆိုသူမှ နှစ်လုံးထီ လောင်းက စားနေကြောင်း သတင်းရရှိ၍ နယ် ထိန်းတာဝန်ခံ ဒုရဲအုပ် စိုးမြင့်ကြည်၊ ဒုရဲအုပ် မြင့်ဇော်ဦး၊ ရဲတပ်ကြပ် ဝင်း နိုင်သက်သေများ လိုက်ပါသည့် အဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ရာ သတင်း ရရှိသည့် နေရာတွင် မသန်းသန်း(၃၈)နှစ်၊ (ဘ)ဦးစောငြိမ်း၊ မှတ်ပုံ တင်အမှတ် S/OKA 113348 စိုက်ပျိုးရေးဝင်း ပြည်လမ်း၊ ၄ ရပ် ကွက်၊ မရမ်းကုန်းနေသူအား တဲ ထဲတွင် နှစ်လုံးထီ ရောင်းချနေသည် ကိုတွေ့ရှိရသဖြင့် ဒုရဲအုပ် စိုးမြင့်ကြည် နှင့်အဖွဲ့မှ ရှာဖွေခဲ့ရာ ဒေါ်သန်းသန်း ထိုင်နေသည့် ရှေ့ခုံပေါ်တွင် နှစ်လုံး ဂဏန်းနှင့် ငွေတန်ဖိုးများရေးသား ထားသည့် ဗလာစာရွက်နှင့် ငွေစက္ကူ ရောရာ(၂၇၀ဝ၀)ကျပ်တို့အားရှာဖွေ တွေ့ရှိရ၍ ဒုရဲအုပ်စိုးမြင့်ကြည်မှ ရှာဖွေပုံစံ ပြုလုပ်၍ သိမ်းဆည်းခဲ့ပြီး တရားလို အဖြစ် တိုင်တန်းခဲ့ရာ မရမ်း ကုန်းရဲစခန်းပ/၁၈၂/ ၂၀၁၂ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ (က)/၁၆ (က)အရ အမှု ဖွင့်လှစ်ခဲ့ပြီး အမှုစစ် အဖြစ် ဒုရဲအုပ် စိုင်းသီဟမှ အမှုအား အမြန်ဆုံးတရားစွဲနိုင်ရန် စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။ 
www.yoyarlay.com/local-news/local-news/crime/26123-2012-05-16-08-18-45

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif