http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 May 2012

အ နည်း ဆုံး အ ခကြေးငွေ ဥ ပဒေ ထွက် လာ လျှင် အရေး ဆို မှု လျော့ ကျ သွားနို င်

အနည်းဆုံး အခကြေးငွေ ဥပဒေ ထွက်လာ လျှင်  အရေးဆိုမှု လျော့ကျသွားနိုင်အနည်းဆုံး အခကြေးငွေ ဥပဒေ ထွက်လာပါက လက်ရှိဖြစ်ပေါ်နေသော အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ လျော့နည်းသွားနိုင်ကြောင်း နေပြည်တော် အလုပ် သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''အနည်းဆုံး အခကြေးငွေ ဥပဒေက ရေးဆွဲနေဆဲပဲ ရှိတယ်။
အဲဒါမကြာခင် ထွက်လာဖို့ရှိပါတယ်'' ဟု ၄င်းက ပြောသည်။ လုပ်ခ လစာနည်းပါးမှုကြောင့် ရွှေပြည်သာနှင့် လှိုင်သာယာရှိ စက်ရုံ အလုပ် သမား ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ် မှုများ ယခုလအတွင်း ဖြစ်ပွားခဲ့ပြီး မေလ ၈ရက် တွင် ရွှေပြည်သာရှိ Grand Royal အရက်စက်ရုံ၊ မေလ၉ရက်တွင် လှိုင်သာယာရှိ High-Art ဆံပင်တုစက်ရုံ၊ Myth Apparel အထည်ချုပ် စက်ရုံ၊ မေလ ၁၅ ရက်တွင် စံပယ်ပွင့် အထည်ချုပ် စက်ရုံ၊ တော်ဝင်ဖိနပ် စက်ရုံ စသည့်စက်ရုံတို့မှ အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု များ ဖြစ်ပွားခဲ့သည်။
၎င်းတို့ လက်ရှိရနေသော လစာနှုန်းထားဖြင့် စားဝတ်နေရေး ရပ်တည်ရန် မလုံလောက်သောကြောင့် လုပ်ခလစာ တိုးမြှင့်ပေးရန်၊ အလုပ်ဆင်းရက် တစ်ရက်ပျက်ပါက ရက်မှန်ကြေး အားလုံး ဖြတ်တောက်ခြင်းကို မပြုလုပ် ရန်နှင့် အခြေခံလစာကို တိတိကျကျ သတ်မှတ်ပေးရန်စသည့် အချက်များ ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု များ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif