ဆီး ရီး ယား သမ္မတ အာဆတ်သည် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့၏ ချမှတ် ထားသော အချက်(၆) ချက်ကို လိုက်နာရန် ပျက်ကွက်နေဆဲ ဖြစ်ပြီး၊ ဆီးရီးယား ပြည်တွင်း စစ်ဖြစ်ပွားနေ ခြင်းအပေါ် သတိပေး လိုက်ကြောင်း ဖြင့် အဖွဲ့ခေါင်းဆောင် ကိုဖီအာနန် က ပြောသည်။
ကုလ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ဆီးရီးယားသို့ ရောက်ရှိနေစဉ် မှာပင် ပြီးခဲ့သည့် အင်္ဂါ နေ့တစ်နေ့တည်းမှာပင် တိုက်ခိုက် မှုများကြောင့် လူပေါင်း၂၀ သေဆုံး ခဲ့ရသည်။"
ပြည်တွင်း စစ်ကို ရပ်စဲမှ ငြိမ်းချမ်းရေး အချက် ၆ချက်ကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်တယ်၊ ဆီးရီးယားရဲ့ ပြည်တွင်းတိုက်ခိုက်မှု တွေကို ကမ္ဘာ့နိုင်ငံ တွေ ပါဝင်ရောက် တားမြစ်ဖို့ လိုအပ် နေပါပြီ" ဟု ကိုဖီ အာနန်က ပြောသည်။
ယခု မေလကုန်အထိ ဆီးရီးယားတွင် လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဝင်၃၀ဝ အထိ ထားရှိသွားရန် ကုလ သမဂ္ဂက စီစဉ်ထားသည်။"အခု လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေအနေ အတိုင်းသာဆိုရင် ဆီးရီးယားမှာ ပြည်တွင်းစစ် အပြည့်အဝ ဖြစ်ဖို့ သေချာ သလောက် ရှိနေပါတယ်၊ ဒါဟာ ပြည်သူတွေ အတွက် အလွန်စိုးရိမ် စရာကောင်းတဲ့ အခြေအနေလည်း ဖြစ်ပါတယ်၊ ဆီးရီးယား ပြည်တွင်း စစ် ဖြစ်လာမယ် ဆိုရင် သူ့တစ်နိုင်ငံ တည်းမှာ ဖြစ်ရုံမကဘဲဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာမှာ အမှန်ပါပဲ" ဟုကိုဖီအာနန်က သတိ ပေးပြောကြားသည်။
ဆီးရီးယားတွင် အစိုးရဘက်မှ စစ်ရေးလှုပ်ရှားမှုယ ခင်ကထက် လျော့ပါးသွားသော် လည်း ပြင်းထန်သောတိုက်ပွဲအချို့ ဖြစ်ပေါ်နေဆဲဖြစ်သည်။
www.yoyarlay.com
0 comments:
Post a Comment