http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 May 2012

ဖုန်း ကတ် များ ပြင် ပ ဖုန်း ဆိုင် များ တွင် ရောင်း ချခွင့် မပေး ဟု ဆို

ဖုန်းကတ်များ ပြင်ပ ဖုန်းဆိုင် များတွင် ရောင်းချခွင့် မပေးဟုဆိုမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချထား ပေးသော မိုဘိုင်းဖုန်း ဆင်းမ်ကတ် များကို ပြင်ပဖုန်းဆိုင် များတွင် ရောင်းချခွင့် ပေးခြင်း မပြု တော့ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
လက်ရှိ အချိန်မှစ၍ ရန်ကုန်တွင် မိုဘိုင်းဖုန်း ရောင်းချခွင့်ပေး သော ကုမ္ပဏီ နှစ်ခုနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးသော နေရာများ တွင်ပင် ကျပ် နှစ်သိန်းဖြင့် ရောင်းချပေးမည်ဖြစ် ပြီး အပြင်ဆိုင် များသို့ လက်လွှဲ ရောင်းချခွင့် မပြုတော့ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အ တည်ပြုပြောကြားသည်။
မြန်မာ့ ဆက်သွယ်ရေးတွင် ပြည်သူများ အသုံးပြုလိုသော အရေအတွက် အတိုင်း ကတ်အလုံအ လောက် ရှိပြီး ယင်းနေရာများ တွင်သာ ဝယ်ယူနိုင်မည် ဖြစ်သည် ဟု သိရသည်။
ဦးသိန်းဝင်းက "ရန်ကုန်မှာ ရတနာပုံနဲ့ Elite ဆိုင် တွေမှာပဲ ရောင်းပေး တော့မယ်။ ပြီးတော့ ဆက်သွယ်ရေးက ရောင်း ပေးတဲ့ pop ငါးခုမှာပဲ ရောင်းပေး တော့မယ်။ ကုမ္ပဏီတွေကိုလည်း ပြောထားပါတယ်။ ကိုယ်ပိုင် ဆိုင်ခွဲတွေက လွဲပြီး ပြင်ပဆိုင်ကို ရောင်း ခွင့်မပေးဘူးဆိုတာ ပြောထား ပါတယ်။ ရန်ကုန်မှာက အပြင်ဆိုင် တွေမှာလည်း အရင်ကရောင်းပေး ပါတယ်။ ဈေးတွေတက်လာတယ်။ ကတ်မရှိတော့ဘူးလို့ ပြောလာကြ တယ်။ ဒါကြောင့် ဆက်သွယ်ရေး ကလည်းpop ငါးခုမှာ ဝင်ရောင်း ပေးပါတယ်။ ကတ်ကလိုသ လောက်ရမှာပါ"ဟု ပြောသည်။
Today Mobile အရောင်း ဆိုင်မှ ကိုနေလင်းထွန်းက "ကျွန် တော်တို့တွေ အခုချိန်မှာကတ်တွေ ဝယ်လို့မရတော့ပါဘူး။ ဆက်သွယ် ရေးကလည်း Elite နဲ့ ရတနာပုံမှာ ပဲ နှစ်သိန်းနဲ့ ရောင်းပေးမယ်လို့ ပြောပါတယ်။ ဆက်သွယ်ရေးက ဝင်ရောင်းပေးနေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က အ ရင်ကတည်းက ချပေးတဲ့ ကုမ္ပဏီ တွေမှာရတဲ့ ကုမ္ပဏီလည်း ရ တယ်။ မပေးတဲ့ကုမ္ပဏီကလည်း မပေးပါဘူး။
ကျွန်တော်တို့က အ ပြင်ဈေးကွက်ကပဲ ယူရောင်းပေးရ တာပါ။ ဒါကြောင့် ဈေးများပါတယ်။ အခုတော့ ကျွန်တော်တို့လို ဆိုင် တွေကို ဖုန်းကတ် ရောင်းခွင့်မပေး တော့ဘူးလို့ ပြောပါတယ်။ ချပေး တဲ့ ကုမ္ပဏီတစ်ခုကို မေးတော့ လည်း အခုက ကတ်မရှိသေးလို့ နောက်ပိုင်း ကတ်ရရင် ပြန်ချပေး မယ်ပြောပါတယ်။
ဈေးကွက်က Black Market ဖြစ်နေပါသေး တယ်။ ချထားပေးတဲ့ နေရာတွေမှာ မတိုးချင်တဲ့ customer တွေက ကျွန်တော်တို့လို ဆိုင်တွေမှာ ဝယ် ချင်တာပါပဲ။ ကျွန်တော်တို့ အ နေနဲ့က ဖုန်းဆိုင်ဖွင့်ပြီး ဖုန်းကတ် မရောင်းရရင် ဘာလုပ်ရမလဲ မသိ တော့ဘူး။ ချပေးတဲ့နေရာတွေမှာ ဖုန်းမရောင်းပေးဘူး။ အပြင်ဆိုင် တွေမှာပဲ ဝယ်ကြမယ်ဆိုတာတော့ ဟုတ်ပါတယ်။
ဒါပေမယ့် အဲဒီလို ဆိုရင်လည်း ဆက်သွယ်ရေးရုံး တွေနဲ့ နီးတဲ့ဆိုင်တွေ၊ မြို့ထဲက ဆိုင်တွေပဲ ရောင်းရနိုင်ပါတယ်။ အရင်ပုံစံမျိုး ပြန်ဖြစ်သွားပါမယ်။ ဒါဆို အခြားနေရာတွေမှာ ဖွင့်ထား တဲ့ဆိုင်တွေ ဘယ်လိုရောင်းရတော့ မလဲ။ ကျွန်တော်တို့အနေနဲ့လည်း ဖုန်းကတ်နဲ့ တွဲရောင်းရမှပဲ အ ဆင်ပြေမှာပါ။ ဒီလိုမျိုးအပြင်ဆိုင် တွေသာ ရောင်းခွင့်မရှိဘူးဆိုရင် ဆိုင်တော်တော်များများ အဆင် ပြေမှာ မဟုတ်ပါဘူး" ဟု လက်ရှိ အနေအထားကို ရှင်းပြသည်။
လူကြီးမင်း မိုဘိုင်းဆိုင်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင် ကလည်း "အပြင်ကတ်ဈေးက တော့ မကျသေးပါဘူး။ အပြင်ဆိုင် တွေမှာ ကတ်ရောင်းခွင့် မပေးတော့ ဘူးလို့ ပြောပါတယ်။ ဒါဆိုအရင် ပုံစံပဲ ပြန်ဖြစ်သွားမှာပါ။ တန်ဖိုးက တော့ နှစ်သိန်းနဲ့ရမယ်။ ဒါပေမယ့် အလွယ်တကူဝယ်လို့ မရတော့ပါ ဘူး။ နှစ်သိန်းနဲ့ ရပေမယ့်လည်း တန်းမစီချင်တဲ့သူကတော့ ဖုန်း ဆိုင်တွေမှာ ဈေးပိုပေးပြီး ဝယ်တာပါပဲ။
နောက်ပိုင်း ဘယ်လိုဖြစ်နိုင် လဲဆိုတော့ ချပေးတဲ့နေရာတွေမှာ တိုးပြီး ဝယ်ပေးတဲ့ ရောင်းပေးတဲ့ ပွဲစား ဈေးကွက်ပြန်ဖြစ်သွားမှာပါ။ နာမည်မပေါက်ဘဲ ဝယ်တဲ့ဖုန်းတွေ များလာမှာပါ။ ဆိုင်ရဲ့ ဟန်းဆက် ရောင်းအားကို သိပ်ပြီး မထိခိုက်ဘူးထင်ပါတယ်။ ဝယ်ချင်တဲ့သူက တော့ ကိုယ်ဝယ်ချင်တဲ့ ဆိုင်ကို သွားမှာပဲ။ နောက်ပိုင်း customer ရွေးချယ်မှု ဖြစ်သွားတာပေါ့" ဟု ခန့်မှန်းသုံးသပ်သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif