ဝင်ခွင့်ပြန် လည်လျှောက် ထားနိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပေးပို့သော စာတစ်စောင်ကို မေလ ဒုတိယ အပတ် အတွင်းက ဒေါ်မာမာအေး ရရှိ ခဲ့ရာ ပြည်တော်ပြန် ဝင်တော့ မည့် စာရင်းတွင် နိုင်ငံတော် တေးသံရှင် ဒေါ်မာမာအေး သည်လည်း တစ်ဦး ပါဝင် လာတော့မည်။ ယင်းကိစ္စရပ် များအပါအဝင် သူ၏ ကျန်းမာရေး အခြေ အနေ များကို တယ်လီဖုန်းများမှ တဆင့်မေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။
Voice ။ ။ မြန်မာပြည် ပြန်လာဖို့ ဗီဇာလျှောက်ခွင့်ရပြီကြားလို့ပါ။
MMA။ ။ (လျှောက်ခွင့်ပြုတယ် ဆိုတာ) ဟုတ်ပါတယ်။
Voice ။ ။ ဘယ်တော့လောက် ပြန်လာ ဖြစ်မလဲခင်ဗျ။
MMA။ ။ ဆောင်းတွင်းလောက်မှ ရောက်မှာပါ အရမ်းပူတယ်။ မခံနိုင်ဘူး။ လာမယ် ကြာမယ်ပေါ့နော်။ လာမယ် ဆိုရင်လည်း စီစဉ် ခဲ့စရာတွေက အများကြီး ရှိတယ်။ နေကောင်း ကျန်းမာအောင် လည်း အများကြီး လုပ်စရာ ရှိသေးတယ်။
Voice ။ ။ လာရင် ဘယ်လောက် ကြာကြာနေမလဲခင်ဗျ။
MMa။ ။ လာရင် နှစ်လ သုံးလ လောက်တော့နေချင်တာပေါ့။ ကိုယ် လုပ်စရာ ရှိတာတွေလည်း ဝိုင်းလုပ်လို့ ရအောင်ပေါ့။
Voice ။ ။ ဗီဇာကော လျှောက်ပြီး ပြီလားခင်ဗျ။
MMA ။ ။ ဗီဇာလျှောက်စရာ လိုမယ် မထင်ပါဘူး။ (လျှောက်ခွင့်ပြုကြောင်း အကြောင်းကြားတဲ့) စာက ကျွန်မ အီးမေးလ်ထဲကိုဝင်တာပေါ့။ အီးမေလ် က အကုန် သိနေတာပဲဟာ။ ကျွန်မပြန် လာဖို့ကိစ္စကို လူတကာက လုပ်နေတာ ပဲလေ။ လွတ်ငြိမ်း ချမ်းသာခွင့်တွေ မပြုခင်တုန်းကလည်း ဒီဘက်ကလူတွေ အမြဲတမ်း ကိုလမ်းဖွင့်ပေးနေတာပဲ။ ကိုယ့်လောကက ကိုယ့်ကို ပြန် လာစေချင်တာ ဆန်းတာမှ မဟုတ်တာ။ ဘယ်အပေါက်ကပဲ ရလာရလာ ပြန်လာ လို့ရတယ်ပေါ့။
Voice ။ ။ အန်တီ ကျန်းမာရေး အခြေအနေလေး သိပါရစေ။
MMA။ ။ နေကောင်းပါတယ်။ ဒါပေမဲ့ ရောဂါဘယတွေက များလာပြီ။ အသက်ကြီးလာပြီဆိုတော့လေ။ နှလုံး သွေးကြော အစားထိုးထားရတယ်။ ကျွန်မ ဘယ်ဘက် တစ်ခြမ်း သေထားဖူး တယ်။ အခုလောလောဆယ် ဂေါက်ရောဂါ ရထားတယ်။ ကျွန်မ အဲဒါကြောင့်မို့လို့ လူကောင်းလို့ မပြောနိုင်ဘူး။ နှုတ်ခမ်း လေး ကောင်းနေသမျှတော့ ကျွန်မ ပြည်သူတွေကို အကျိုးပြုနိုင်ဦးမှာပါ။
www.yoyarlay.com/
0 comments:
Post a Comment