http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 May 2012

မြေမြှုပ် မိုင်းကြောင့် မသ န် စွမ်း သူ တိုးပွားလာ ဟု ဒေါ်အောင် ဆန်း စုကြည် ဆို

မြေမြှုပ် မိုင်းကြောင့် မသန်စွမ်းသူ တိုးပွားလာ ဟု ဒေါ်အောင်ဆန်းစုကြည်ဆိုမြန်မာနိုင်ငံ၌ မသန်စွမ်းဦးရေ များပြားလာရခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ်မှာ မြေမြှုပ် မိုင်းများ အပြီးတိုင် ဖယ်ရှားရှင်း လင်း နိုင်ခြင်းမ ရှိသေးသည့် အတွက်ကြောင့်ဖြစ်ကြောင်း ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။ မေလ ၈ ရက်နေ့ နံနက်က ကုန်သည်/ စက်မှု အသင်းချုပ်၌ ပြု လုပ်သော ရွှေမင်းသားဖောင်ဒေး ရှင်း (မြန်မာ)၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက် ရောက်၍ မိန့်ခွန်းပြောကြားစဉ် ထိုသို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
"မြေမြှုပ်မိုင်းပြဿနာဟာ ကျွန်မတို့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်း ရေးပြဿနာလည်း ဖြစ်ပါတယ်။ ဒီ မြေမြှုပ်မိုင်းတွေ ရှိနေလို့ ကျွန်မတို့ နိုင်ငံမှာမသန်စွမ်းသူတွေ တိုးလာနေ ရတာ။ ကျွန်မတို့နိုင်ငံမှာ တကယ့် မသန်စွမ်းသူတွေကို ဖော်ပြရရင် ကိုယ်အင်္ဂါ မသန်စွမ်းသူတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မသန်စွမ်း သူတွေပါ ရှိနေပါတယ်။ ဘာ ကြောင့်လဲဆိုတော့ မြေမြှုပ်မိုင်းတွေ ကို မြှုပ်တဲ့သူတွေကိုယ်တိုင်က မသန်စွမ်းတာလား၊ မြေမြှုပ်မိုင်းတွေ ပျောက်ကွယ်မသွားအောင် မလုပ် နိုင်တဲ့ ကျွန်မတို့အားလုံးက မသန် စွမ်းတာလားဆိုတာ မေးစရာဖြစ် လာတယ်။ ဒါကြောင့် ဘဝကို ခက် ခက်ခဲခဲ ရုန်းကန်နေရတဲ့ မသန်စွမ်း သူတွေရော ကိုယ်ခန္ဓာအားဖြင့် မသန်စွမ်းပေမယ့် စိတ်ဓာတ်အား ဖြင့် မသန်စွမ်းသူတွေပါ ရှိနေသေး တဲ့အတွက် အားလုံး သန်စွမ်းပါစေ လို့ မျှော်လင့်ပါတယ်"ဟု ၄င်းက ပြောကြားခဲ့သည်။ ထိုအခမ်းအနားသို့ သီတဂူ ဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဖွဲ့ဝင်ဝန်ကြီးများ၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊UMFCCI  မှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့် ဒေါ်အောင် ဆန်းစုကြည်တို့က မသန်စွမ်းအရေး နှင့်ပတ်သက်၍ပြောကြားခဲ့ပြီးနောက် မသန်စွမ်းကလေးများကလည်း ဖျော် ဖြေတင်ဆက်ခဲ့ကြသည်။ 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif