http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 May 2012

မာ ယာနွံ ထဲ က သူ တို့

မာယာနွံထဲက သူတို့ဟိန်းဝေယံ၊ ထွန်းအိန္ဒြာဗို၊ သင်ဇာ ဝင့်ကျော်၊ မြင့်မိုရ်၊ အောင်ခိုင်၊ ခင်သန်းဝင်း၊ တိုးမြတ်နိုးဝေ၊ လမင်းစတဲ့ သရုပ်ဆောင် များက "မာယာနွံ" ဗီဒီယို ဇာတ်ကား မှာ ပါဝင် သရုပ်ဆောင် ထားကြ ပါတယ်။
မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေး အတွက် စီစဉ်ပေးသူက မစန်းစန်းဝင်း (မော်လမြိုင်)ပါ၊ မာ ကျူရီရဲ့ ဇာတ်လမ်း မြတ်လှိုင်း (ကဗျာ) ဇာတ်ညွှန်း ခွဲပေးပြီး၊ ဒါရိုက် တာဇော်မျိုး ရိုက်ကူး ထားပါတယ်။ မာန်ထက်ချီ ဗီဒီယိုစက်နဲ့ ဟိဏ်း ထက်(လယ်ဝေး) တည်းဖြတ်ပြီး၊ ဂီတမှူး ဝင်းကိုက နောက်ခံ သံစဉ်များ အားဖြည့် ပေးထား ပါတယ်။ ဇာတ်ဝင်တေး (၂)ပုဒ်ကို ပူစူးနဲ့ ဆိုတေးတို့က ရေးဆို ပေးထား ကြပါတယ်။
ရယူ ပိုင်ဆိုင် လိုတဲ့ အချစ် ထက်၊ ပေးဆပ် အနစ်နာ ခံတဲ့ အချစ် ကမြင့်မြတ်လို့ အောင်နိုင်ခြင်း ကို ရရှိကြောင်း ရည်ညွှန်း ရိုက်ကူးထား တဲ့ အချစ်ဇာတ်လမ်း ဖြစ်ကြောင်း စီစဉ်သူ မစန်းစန်းဝင်း (မော်လမြိုင်) ပေးလိုက်တဲ့ သတင်းစကားတစ် ဆင့်ပါးလိုက်ရပါတယ်။ 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif