■ ဇွန်လ ၁၃ ရက်နေ့ နံနက် ပိုင်းတွင် -၃၀၄ လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ
စတင် ထွက်ခွာသည်။
■ ဇွန်လ ၁၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့သည်။
■ ဇွန်လ ၁၅ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ သွားရောက် လေ့လာခဲ့သည်။
■ ဇွန်လ ၁၅ရက်နေ့တွင် နော်ဝေနိုင်ငံဝန်ကြီးချုပ် Jens Stoltenberg (ဝဲ)နှင့် နော်ဝေဘုရင်Harald (ယာ)တို့နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်
■ ဇွန်လ ၁၆ရက်နေ့တွင် ၁၉၉၁ ခုနှစ်က သူ့အားချီးမြှင့်ခဲ့သည့်ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံရယူခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်
■ ဇွန်လ ၁၇ ရက်နေ့တွင် ၁၉၉၀ ခုနှစ်က သူ့အား ချီးမြှင့်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရျွာRafto ဆုကို လက်ခံရယူခဲ့ပြီးနောက်၊ နော်ဝေနိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့သည်။
■ ဇွန်လ ၁၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ Ambassador of Conscience Award 2009 ဆုကို လက်ခံရယူခဲ့သည်။
■ သူ၏ ၆၇နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တွင် လန်ဒန်မြို့ရှိ London School of Economics သို့ သွားရောက်ခဲ့သည်။
■ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ၂၀ရက် နေ့တွင် အောက်စဖို့ဒ်တက္ကသိုလ်၏ ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ကို လက်ခံရယူမည်။
■ ဇွန်၂၁ရက်တွင် ဗြိတိန်နိုင်ငံ၏ လွှတ်တော် နှစ်ရပ်လုံးတွင် နှုတ်ခွန်းဆက်အမှာစကား ပြော ကြားမည်။
■ ဗြိတိန်နိုင်ငံတွင် ဇွန်လ၂၆ ရက်နေ့အထိ နေထိုင်မည်ဖြစ်ပြီး၊ ထိုနေ့ နေ့လည်ပိုင်းတွင် ပြင်သစ် အစိုးရ၏ ဖိတ်ကြားချက်အရ ပဲရစ်မြိုသို့ သွား ရောက်မည်။
■ ပြင်သစ်အစိုးရ၏ အစီအစဉ်များအတိုင်း ဇွန်လ ၂၉ ရက်နေ့အထိ ပြင်သစ်နိုင်ငံတွင် နေထိုင်ပြီးနောက် ထိုနေ့တွင်ပင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်။
■ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်။
အောစလိုငြိမ်းချမ်းရေး ဖိုရမ် အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဖြေကြားချက် တစ်ခု
သူတို့(ရိုဟင်ဂျာ)တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ကူးလာတဲ့သူတွေပါ။ ဒါပေမဲ့ ဘင်္ဂလား ဒေ့ရှ်ဘက်ကကျတော့ မဟုတ်ဘူးလို့ ငြင်းပြန်ရော။ ဘင်္ဂလားဒေ့ရှ်က သူတို့ကို ဒုက္ခသည်အဖြစ် မလိုချင်ဘူး။ လက်မခံနိုင်ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားမဟုတ်တဲ့ မြန်မာဘက်က ကူးလာတဲ့သူတွေမိုလို့ပါတဲ့။ တရား ဥပဒေစိုးမိုးမှုမရှိဘဲ သင့်တော်တဲ့ လူဝင်မှုကြီးကြပ်ရေးစီမံကိန်း မရှိဘဲ၊ သင့်တော်တဲ့ မူဝါဒတွေ မရှိဘဲ၊ ဥပဒေကို လိုက်လျောညီထွေရှိအောင် ပြုပြင်မှုမရှိဘဲနဲ့ ကျွန်မတို့ ဒါကို ဘယ်လို ဖြေရှင်းမလဲ။ ဒါတွေအားလုံးရဲ့ အရင်းအမြစ်ကတော့ ကျွန်မပြောဖူးသလို တရားဥပဒေ စိုးမိုးရေးပဲ။ မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေတင်မကဘဲ ဆယ်စုနှစ်ပေါင်းများစွာကို ပြန်ကြည့်လိုက်ရင် အဓိက ကတော့ တရားဥပဒေစိုးမိုးရေးက အဓိကအရင်းခံပဲ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်
■ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ကျွန်မ ပြောချင်ပါတယ်။ သမ္မတ
ဦးသိန်းစိန် ရဲ့ အစိုးရက ဒီမိုကရေစီ လမ်းစဉ်ကို စတင်ခြေလှမ်းခြင်းကို ကျွန်မတို့ နိုင်ငံရဲ့ပြည်သူတွေက သာမကနိုင်ငံတကာကပါ ကြိုဆိုခဲ့ကြ ပါတယ်။
■ ကိုယ်ကျိုးအတွက် အလွဲသုံး စားပြုခြင်းတွေကို ရှောင်ကြဉ်နိုင်ဖို့ အတွက် အခွင့်အရေးတွေနဲ့ တာဝန် ယူမှုတွေ၊ အခွင့်အလမ်း (opportunities) တွေနဲ့ သမာဓိတွေဟာ ဟန်ချက်ညီမျှတစွာ ရှိသင့်ပါတယ်။ ကျွန်မတို့ နိုင်ငံအတွက်ကျွန်မတွေ့မြင် ချင်တာကတော့ ဒီမိုကရေစီနဲ့ လိုက် လျောညီထွေရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု ပါပဲ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လည်း အထောက်အကူ ဖြစ်စေနိုင် တဲ့ လူမှုရေး၊ စီးပွားရေးတွေကို တိုးတက်လာအောင်မြှင့်တင်ပေးနိုင်မယ့် ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို အားကောင်း ခိုင်မာစေနိုင်မယ့် အကူအညီနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။
■ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကြိုဆိုသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ဆိုင်ရာ ကျင့်ဝတ်တွေကိုလည်းလိုက်နာ သင့်ပါတယ်။ နိုင်ငံတကာက လက်ခံ ထားတဲ့ အလုပ်သမားရေးရာ စံတွေ၊ ပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိ စတာ တွေကိုလည်း စစ်ဆေးသင့်ပါတယ်။
■ ခေတ်မီနည်းပညာတွေ ရရှိမှု အပါအဝင် ရေရှည်အကျိုးအမြတ် တွေ ရရှိဖို့လည်း ရည်ရွယ်ချက် ရှိသင့်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ် သက်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ အကျိုး ရှိနိုင်ပြီးအသေးစားလုပ်ကိုင်သူတွေကို အကာအကွယ်ပေးဖို့တော့ မှန်ကန်စွာ ဆောင်ရွက်ရပါမယ်။
■ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိ ကပိုင်အဖြစ် ပြောင်းလဲတဲ့နေရာမှာ အပြိုင်အဆိုင် ပိုမိုရှိလာအောင် ဆောင်ရွက်ရမှာဖြစ်ပြီး လျှပ်စစ်ထုတ် ကုန်တွေစက်ပစ္စည်းတွေ စတဲ့အသေး စားနဲ့ အလတ်စားလုပ်ငန်းတွေကို လည်း အားပေးရပါမယ်။
■ ကျွန်မ ထိုင်းနိုင်ငံမှာတွေ့ခဲ့ရတဲ့ အလုပ်သမားတော်တော်များများက ကျွန်မကို ပြောခဲ့ကြတာကတော့ “ကျွန်တော် ကျွန်မတို့ အိမ်ပြန်ချင်လှ ပါပြီ”ဆိုတာပါပဲ။ သူတို့ တစ်တွေ အမိမြေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံခြုံစွာပြန်လာနိုင်ရေးအတွက်လည်း ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါ တယ်။
■ လူကြီးမင်းတို့အနေနဲ့ လူကြီး မင်းတို့ရဲ့ နိုင်ငံတွေကို ပြန်ရောက်တဲ့ အခါမှာ အစိုးရတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ အလုပ်သမားတွေကို ပြောစေချင်တာက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို အာမခံနိုင်မယ့် လူမှု အဖွဲ့အစည်းမျိုး တည်ဆောက်ရာမှာ ကူညီစေချင်ပါတယ်ဆိုတဲ့ အကြောင်း ပါပဲ။ အဲဒါကတော့ ကျွန်မကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုလား တောင့်တနေတဲ့ ပြည်သူတွေရဲ့ ကိုယ်စားလှယ် တစ်ယောက်အဖြစ် နွေးထွေးစွာကြိုဆိုခဲ့ကြတဲ့ လူကြီး မင်းတို့အားလုံးကို ကျွန်မမေတ္တာရပ် ခံချင်တဲ့အချက်ပါပဲ။ ကျွန်မအနေနဲ့ လည်း လူကြီးမင်းတို့ အကောင်းဆုံး အတတ်နိုင်ဆုံး ကူညီပေးလိမ့်မယ် ဆိုတာ ယုံကြည်နေပါတယ်။
နော်ဝေနိုင်ငံ၊ အောစလိုမြို့တော်ခန်းမတွင် ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆု မိန့်ခွန်းကောက်နုတ်ချက်
■ ကျွန်မနေအိမ် အကျယ်ချုပ်ခံရတဲ့နေ့ရက်တွေတုန်းက ကျွန်မဟာ တကယ့်ကမ္ဘာကြီးထဲက အစိတ် အပိုင်းတစ်ခုအနေနဲ့ မဟုတ်သလိုတောင် မကြာခဏ ခံစားမိခဲ့ရတယ်။ ကျွန်မကမ္ဘာက ကျွန်မ အိမ်ပဲလေ။တခြားလူတွေရဲ့ ကမ္ဘာကလည်း မလွတ်လပ်ကြပါဘူး။ ဒါပေမဲ့ သူတို့က အသိုင်းအဝိုင်းတစ်ခု အနေနဲ့ထောင်ထဲမှာ အတူတူနေကြရတဲ့ပုံမျိုး။ နောက်လွတ်လပ်တဲ့ ကမ္ဘာတစ်ခုကလည်း ရှိသေးတယ်။ ကမ္ဘာတစ်ခုစီက သူ့ရဲ့ သီးခြားလမ်းတွေနဲ့သူ မတူခြားနားတဲ့ စကြဝဠာကြီးထဲမှာ လှည့်ပတ်သွား လာနေကြတဲ့ ကွဲပြားခြားနားတဲ့ ဂြိုဟ်တွေပေါ့။ နိုဘယ်ငြိမ်းချမ်းရေးဆုကတော့ ကျွန်မကို ကျွန်မ နေထိုင်တဲ့ အထီးကျန်နယ်မြေရဲ့ အပြင်ဘက်က တခြားလူသားတွေရဲ့ ကမ္ဘာထဲကို ခေါ်ဆောင်ပေးလိုက်တာပါပဲ။ ဒါက ကျွန်မကို တကယ့်လောကထဲ ပြန်ရောက်တဲ့ခံစားမှုကို ထိန်းသိမ်းပေးလိုက်တာပါ။ ဒါကတော့ ချက်ချင်းဖြစ်လာတာ မဟုတ်ဘူး။ ဒါပေမဲ့ ရက်တွေ၊ လတွေ ကုန်သွားပြီး လေလှိုင်းထဲ မှာ ဆုနဲ့ပတ်သက်တဲ့ တုံ့ပြန်မှုသတင်းတွေ ကြားလာရတဲ့အခါ ကျွန်မက နိုဘယ်ဆုရဲ့ အရေးပါမှုကိုကျွန်မ စတင်နားလည်လာရတယ်။ ဒီလိုနဲ့ ကျွန်မလည်း ပိုမိုကျယ်ပြန့်တဲ့ လူ့အသိုင်းအဝိုင်းထဲကို ပြန်ရောက်လာရတော့တယ်။ နောက်ပြီး ဘာက ပိုအရေးကြီးသလဲဆိုရင် နိုဘယ်ဆုဟာ ကမ္ဘာ့ဒီမိုကရေစီ တိုက်ပွဲနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးတိုက်ပွဲတွေကို ကမ္ဘာက အာရုံစိုက်လာအောင် ဆွဲဆောင်မှုရှိစေလို့ပါပဲ။
■ ကျွန်မအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု လက်ခံရရှိခြင်းဟာ ကျွန်မအတွက် ပုဂ္ဂိုလ်ရေးအရ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အမျိုးသားနယ်နိမိတ်ကို ကျော်လွန်ပြီး ဆောင်ရွက်ခွင့်ရတာပဲ။ နိုဘယ် ငြိမ်းချမ်းရေးဆုဟာ ကျွန်မ နှလုံးသားတံခါးကို ဖွင့်ပေးလိုက်တာပဲ။
■ မြန်မာပြည်ဟာ တိုင်းရင်းသားမျိုးနွယ်များစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံပါ။ ဒါကြောင့် သူ့ရဲ့ အနာဂတ် ဟာ ပြည်ထောင်စု စိတ်ဓာတ်စစ်စစ်နဲ့ပဲ တည်ထောင်မှဖြစ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ အဆုံးစွန် ရည်မှန်းချက်ကတော့ အိမ်ခြေမဲ့ယာခြေမဲ့၊ မျှော်လင့်ချက်မဲ့တွေမရှိတဲ့ ကမ္ဘာကြီးဖြစ်လာဖို့ပါ။
■ ကျွန်မ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ ဆောင်ရွက်တဲ့အခါ ဘယ်ဆုတံဆိပ် ဘယ်ဂုဏ်ထူးကိုမှ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်မတို့ လုပ်ဆောင်နေရတဲ့အတွက် ရလိုတဲ့ဆုက ပြည်သူတွေ တင်းပြည့်ကျပ် ပြည့်ခံစားနိုင်ကြမယ့် လွတ်လပ်ပြီး၊ လုံခြုံမှုရှိရှိ၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်းကြီးရဖို့ပါပဲ။ ဂုဏ်ပြုမှုဟာ ကျွန်မတို့ရဲ့ ကြိုးပမ်းမှုပေါ်မှာ မူတည်နေပါတယ်။ သမိုင်းက ကျွန်မတို့ ယုံကြည်ကြတဲ့ အကောင်းဆုံး လုပ်ဆောင်မှု အခွင့်အရေးကို ပေးထားပါတယ်။ နိုဘယ်ကော်မတီက ကျွန်မကို ဂုဏ်ပြုဖို့ ရွေးချယ်တဲ့အခါ၊ ကျွန်မ ကိုယ်ပိုင်လွတ်လွတ်လပ်လပ် ရွေးချယ်ခဲ့တဲ့လမ်းဟာ ကျွန်မ တစ်ဦးတည်း လျှောက်လှမ်းရတဲ့လမ်း မဟုတ်တော့ပါဘူး။ အဲဒီအတွက် ကျွန်မ ကော်မတီကိုရော၊ နော်ဝေပြည်သူတွေကိုရော၊ တစ်ကမ္ဘာလုံးက ပြည်သူ တွေကိုရော၊ ကျွန်မရဲ့ ငြိမ်းချမ်းရေးလိုလားမှု ယုံကြည်ချက်ကို ပိုမို အားကောင်းအောင် လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
www.yoyarlay.com/local-news/local-news/politics/27300-2012-06-21-05-39-37






0 comments:
Post a Comment