ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။ ဇွန်လ ၁၄ ရက် ညနေ ၄း၃၀ နာရီ စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၄၅ ခုအထိ ရှိလာပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း၌ ခိုလှုံသူဦးရေ ၃၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ၀ံလတ်ဖောင်ဒေးရှင်းမှ Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ ဇွန်လ ၁၄ ရက် နေ့လည် ၂း၀၅ နာရီ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ တိမ်းရှောင်လာသူများအား ကယ်ဆယ်ရေးစခန်း ၃ ခုတွင် နေရာချထားလျက်ရှိပြီး အဆိုပါ နေရာများမှာ ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ကျီးကန်းပြင် ဌာနချုပ် တို့ဖြစ်ကြ ကြောင်းသိရသည်။ ဖားဝက်ချောင်း ကျေးရွာက ယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၅၀၀ ကျော် ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းတွင် ၇၂၀ ခန့် ၊ ကျီးကန်းပြင် ဌာနချုပ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင် ကျောင်းဆရာ၊ဆရာမ ၄၀ တို့ ခိုလှုံလျက်ရှိပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း ၃ နေရာတွင် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိကြောင်းနှင့် မောင်တောမြို့ပေါ်မှ ၎င်းတို့အား စားနပ်ရိက္ခာများ သွားရောက်ပေးပို့ရန် လတ်တလောတွင် အခက်အခဲ ရှိနေပြီး မနက်ဖြန် ဇွန်လ ၁၅ ရက်တွင် သွားရောက် ပေးပို့ရန် စီစဉ်နေကြောင်း သိရှိရသည်။ ဇွန်လ ၁၄ ရက် နေ့လည် ၁း၄၅ နာရီ မောင်တောမြို့တွင်း ယနေ့ အခြေအနေမှာ နံနက်ပိုင်းမှစ၍ မွန်းလွဲ ၁း၃၀ နာရီထိ အေးဆေးတည်ငြိမ်လျက်ရှိပြီး မိုးသည်းသည်းမဲမဲ ရွာသွန်းလျက်ရှိကာ လူအများစု အိမ်အပြင်မထွက်ကြကြောင်း သိရသည်။ ထို့အတူ မောင်တောမြို့ပေါ်ရှိ ဘဏ်များမှာ မွန်းတည့် ၁၂ နာရီထိသာ ဖွင့်လှစ်ကြောင်း သိရသည်။ ထို့အပြင် မောင်တောမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်း ၄ ခု ကို လူမှုရေး အဖွဲ့အစည်းများက စားနပ်ရိက္ခာများ ပေးပို့ကူညီလျက်ရှိကြောင်း သိရပါသည်။ ဇွန်လ ၁၄ ရက် နေ့လည် ၁၂း၄၅ နာရီ စစ်တွေမြို့ ဆေးရုံကြီးအနီး ရေမြောင်းအတွင်း ဘင်္ဂါလီအလောင်းတစ်လောင်း မျောပါလာသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါအလောင်းသည် အောင်မင်္ဂလာရပ်ကွက် (သို့) မကျည်းမြိုင် ရပ်ကွက်ဘက်မှ မျောပါလာခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံများက ခန့်မှန်းကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်မှ ဇွန်လ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် သတင်းပေးပို့ပါသည်။ ဇွန်လ ၁၄ ရက် နေ့လည် ၁၂း၀၀ နာရီ စစ်တွေမြို့တွင် မိုးအရမ်းရွာနေသည့်အတွက် မီးလောင်မှုတွေ ယမန်နေ့(ဇွန်လ ၁၃ရက်)ကဲ့သို့ မရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးသာလူချေနှင့်အဖွဲ့က အိုးမဲ့အိမ်မဲ့ဖြစ်နေသော၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသော သဲချောင်းရွာ၊ ပလ္လင်ပြင်ရွာ၊ အောင်ဒိုင်ရွာ၊ ဇောပူဂျာရွာတွေကို ဆန်တွေ သွားပေးရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။ ဇွန်လ ၁၄ ရက် နံနက် ၁၁း၄၅ နာရီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၄ ရက်နေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စစ်တွေလေဆိပ်သို့ ရောက်ရှိလာပြီး ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရပြီး လာရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေမြန်းမှုကို ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၄ ရက် နံနက် ၁၁း၀၀ နာရီ "ဒီနေ့ မနက် ၈ နာရီက ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်ထားတဲ့ သင်္ဘောတစ်စီး စစ်တွေကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာသွားတယ်လို့ သိရတယ်။ အဲဒီပစ္စည်းတွေက ဘူးသီးတောင်နဲ့ မောင်းတောမှာရှိတဲ့ အိုးမဲ့ အိမ်မဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ အတွက် ဖြစ်တယ်လို့ သိရတယ်။" ဟု စစ်တွေမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။ ဇွန်လ ၁၄ ရက် နံနက် ၁၀း၅၅ နာရီ "ယခုလက်ရှိ စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီလို့ သိရတယ်။ မနေ့ညက စစ်တွေမြို့ပေါ်မှာ မီးရှို့ဖို့ ကြိုးစားခဲ့တဲ့သူပေါင်း ၃၀ ခန့်ကို အစိုးရက ဖမ်းဆီးမေးမြန်း စစ်ဆေးနေတယ်။ အခုအချိန်မှာ ပေါက်တောမြို့၊ ငပြီကျွန်း၊ သရက်တောဘက်မှာ အိမ်ခြေ ၄၀၀ လောက်မှာရှိတဲ့ လူ ၃၀၀၀ ကျော်က စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရတယ်"ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ ဇွန်လ ၁၄ ရက် နံနက် ၉း၁၀ နာရီ www.weeklyeleven.com/index.php?option=com_content&view |
0 comments:
Post a Comment