http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Jun 2012

ဘတ်ေ ငွ သုံး ဘီလျံဖြင့် စက် မှု ဥ ယျာဉ် ကြီး ကို ထိုင်း မှ Saha အုပ် စု က တည်ေ ထာင် မည်

ဘတ်ငွေ သုံးဘီလျံဖြင့် စက်မှုဥယျာဉ်ကြီးကို ထိုင်းမှ Saha အုပ်စုက တည်ထောင်မည်
မြန်မာ အစိုးရဘက်မှ မီးစိမ်းပြ လိုက်ပါက ထိုင်းဘတ်ငွေ သုံးဘီလျံ အကုန်ကျခံ၍ စက်မှုဥယျာဉ်ကြီး တစ်ခုကို တည်ထောင်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ အကြီးဆုံး စားသုံး သူဈေးကွက်ရှင် Saha Group က ၆-၆-၂၀၁၂ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။ မြန်မာနိုင်ငံမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် ၏ ထိုင်းနိုင်ငံခရီးစဉ် ကာလအတွင်း ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကာ မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို ရယူ လိုနေခြင်း ဖြစ်ကြောင်း အရိပ်ပြ ပြောကြားသည်။
Saha အုပ်စုသည် မြန်မာဈေးကွက်တွင် နာမည်ကြီးလှသော မာမားခေါက်ဆွဲ၊ Lacoste တံဆိပ် အဝတ်အစားများ၊ BSC အလှကုန်ပစ္စည်းများ အပါအဝင် အခြားသော နာမည်ကျော် လူသုံးကုန်ပစ္စည်း မျိုးစုံကို လုပ်ကိုင်နေသော လုပ်ငန်းစုကြီး ဖြစ်ပြီး ၎င်းတို့အနေဖြင့် မြန်မာဈေးကွက် ဝင်ရောက်ပါက နယ်စပ်မှ တရားမဝင် တင် သွင်းခြင်း လုပ်ငန်းဆောင် တာများ လျော့နည်း လာနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
“မြန်မာအစိုးရ မီးစိမ်းပြတာနဲ့ ထူထောင်မယ့် စက်မှုဥယျာဉ်ကြီးက ထိုင်းနိုင်ငံရဲ့ ဆရီရာချာ (Sriracha Industrial Park) နဲ့ မော်ဒယ်ဒီဇိုင်းတူ စက်မှုဥယျာဉ်ကြီး ဖြစ်လာမှာ သေချာတယ်” ဟု Saha အုပ်စု၏ ဥက္ကဋ္ဌ Boonsithi Chokwatana က ပြောကြားသည်။ “ကုမ္ပဏီပေါင်း ၁၀၀ လောက်ရှိတဲ့ အဆောက် အအုံကြီး တစ်ခုလိုမျိုးပေါ့” ဟု ၎င်းက ဥပမာပေး ပြောကြားလိုက်သည်။ ၎င်းတို့အနေဖြင့် ရန်ကုန်မြို့ကိုသာလျှင် စိတ်ဝင်စားမှု ရှိနေပြီး အစိုးရ၏ ပေါ်လစီ ကို ကြည့်ကာ လုပ်ငန်းစုများ ထည့်သွင်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကာ အဆိုပါ စက်မှုဥယျာဉ်မှ ထွက်ရှိလာမည့် ထုတ်ကုန်များကို မြန်မာဈေးကွက်အပြင် ဥရောပဘက်သို့ ပို့ဆောင်သွားမည်ဟု သိရသည်။ ၎င်းအပြင် အာဆီယံ၏ ၂၀၁၅ ရည်မှန်းချက်ကို ကြိုတင်တွက်ဆကာ အာဆီယံဒေသတွင်း ဈေးကွက် ချဲ့ထွင်မှုများကို တစ်ဆင့်ချင်း လုပ်ဆောင်နေပြီဖြစ်ပြီး မြန်မာနိုင်ငံ၏ လုပ်ခလစာ နည်းပါးခြင်း၊ အင်္ဂလိပ်စာ အတန်အသင့် ပြောနိုင်ခြင်းနှင့် ဥရောပ၏ ဖြေလျှော့ပေးမည့် မူဝါဒ အလားအလာများကြောင့် မြန်မာနိုင်ငံကို မျက်စိကျနေရခြင်း ဖြစ်သည်ဟု သိရသည်။ အေဝိုင်အီး 
yoyarlay.com/biz/biz/local-biz/27038-saha

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif