http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Jul 2012

တာချီလိတ်က အခွန်မှူး ဘာဖြစ်သလဲ ???

 


(အခွန်စောင် ကို အခွန်ဆောင် ဟု ပြင်ဆင် ဖတ်ရှုပါရန်)

အခု တာချီလိတ်မြို့က စီးပွားရောင်းမွန်ကာ စည်ကားမှုရှိလာသလို အိမ်ခြံမြေတွေလည်း အရောင်းအ၀ယ် အဖြစ်များနေပါတယ်။

လေလံပေးတဲ့ ခြံကွက်၊ တိုင်းမှူးက ချပေးထားသော မြေကွက်တွေ အများအပြားရှိနေပါတယ်။ အိမ်ခြံမြေ ၀ယ်ယူတဲ့အခါ (အိမ်ခြံမြေ စီမံချက်) အမြတ်ခွန်ရုံးနဲ့ မြေစာရင်းရုံးကို မသွားမဖြစ် သွားရပါတယ်။
အိမ်ခြံမြေ၀ယ်ယူတဲ့အခါ ပိုင်ရှင်က နိုင်ငံတော်ကို တရားဝင် အခွန်ဆောင်ရမှာဖြစ်ပါတယ်။

အခွန်ဆောင်ဖို့လည်း နိုင်ငံတော်က တရားဝင် သတ်မှတ်ထားပါတယ်။ နိုင်ငံတော်အတွက် အခွန်ဆောင်ဖို့ တရားဝင် သတ်မှတ်ထားသော်လည်း တာချီလိတ်မြို့က အမြတ်ခွန်ဦးစီးမှူး ကျော်စွာထွန်းမြင့်နဲ့ မြေစာရင်းရုံးက ဦးရဲထွဋ်တို့ဟာ အိမ်ခြံမြေ တန်ဘိုးဖြတ်တဲ့အခါမှာ ကိုယ်ကျိုးရယူပြီး နိုင်ငံတော်ကို တရားဝင် အခွန်စောင်ရ မဲ့ ငွေထက် ပိုမိုနည်းအောင် တန်ဘိုးဖြတ်ပေးနေပါတယ်။

အဲ့လိုတန်ဘိုးဖြတ်ပေးတဲ့အတွက် အခွန်ဦးစီးမှူး ကျော်စွာထွန်းမြင့်ထံ ခြံတစ်ကွက်ကို ဘတ်ငွေ(၁၀,၀၀၀)မှ (၂၀,၀၀၀)အထိ ကျပ်ငွေဖြင့်(၃၀၀,၀၀၀)ခန့်မှ (၆၀၀,၀၀၀)ခန့်ထိ ပေးဆောင်နေရပါတယ်။ ပေ(၄၀ x ၆၀) မြေကွက် ဟာ တာချီလိတ်မြို့မှာ အများဆုံးရှိတဲ့ မြေကွက်ဖြစ်ပါတယ်။

အခွန်ဦးစီးမှူးက အိမ်ခြံမြေတန်ဘိုးဖြတ်တာကို တစ်လကို (၂၀)ကျော် တန်ဘိုးဖြတ် ပေးနေရပါတယ်၊ အိမ်ခြံမြေ တန်ဘိုးဖြတ်တာက အခွန်ဦးစီးမှူးနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက် ပွဲစားများနဲ့ လုပ်မယ်ဆိုရင် နိုင်ငံတော် အတွက် အခွန်စောင်ရမဲ့ ငွေထက် လျော့နည်းနေပြီး ကိုယ်တိုင် သွားလုပ်မယ်ဆိုရင်တော့ နိုင်ငံတော်အတွက် အထိအကျ အခွန်စောင်ရပါတယ်၊ ပေ ၄၀ X ၆၀ တူတာတောင် အခွန်စောင်ရတာ မတူလို့ ကျမ တို့ လို ပွဲစားနဲ့ မလုပ်တဲ့လူတွေက မကျေနပ်တာတော့ အမှန်ပါဘဲ။

ပြီးတော့ အခွန်ဦးစီးမှူး ကျော်စွာထွန်းမြင့်က တာချီလိတ်မြို့မှာရှိတဲ့ ဟိုတယ်ကြီးတွေ၊ ဆီဆိုင်တွေ၊ ရွှေဆိုင် ကြီးတွေ၊ မီနီမတ် ဈေးဆိုင်ကြီးတွေ စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ဆိုင်တွေကိုလည်း အမြတ်ခွန် ကို နိုင်ငံတော်အတွက် လျော့နည်းစွာ အခွန်စောင်စေပြီး ကိုယ်ကျိုးစီးပွား အဖြစ် ရယူနေပါတယ်၊ အခွန်ဦးစီးမှူးဟာ အောက်ခြေ၀န်ထမ်းများနဲ့ မတည့်သူလည်းဖြစ်ပါတယ်။

2010 ခုနှစ်တုန်းက ကားလိုင်စင်တွေ ပေးတုန်းကလည်း ဦးကျော်စွာထွန်းမြင့်ဟာ ကိုယ်ကျိုးအတွက် ကျပ်သိန်း(၂၀၀၀)လောက် ရယူခဲ့ပါ တယ်၊ ကားလိုင်စင်ပေးတုန်းက ရတဲ့ငွေတွေနဲ့ တာချီလိတ် ခရိုင်ရုံးရှေ့မှာ ပေ ၄၀ x ၆၀ ရှိတဲ့ မြေကွက်ကို ဘတ်သိန်း(၃၀) ကျပ်ဖြင့် သိန်း(၈၀)လောက်ဖြင့်ဝယ်ယူပြီး သူ့မိန်းမ ဒေါ်သန္တာရွှေနာမည်နဲ့ အိမ်ခန်းငှား ဆောက်လုပ်ထားပါတယ်။

ပြီးတော့ မကာဟိုခမ်းကွက်မှာ လည်း (၃)ထပ်တိုက်ခန်းဝယ်ယူထားပြီး အခု ရန်ကုန် အဲယားဝေးလေကြောင်း လိုင်းကို ငှား၇မ်းထားပါတယ်၊ ကျမတို့မသိသေးတဲ့ မြေကွက်တွေ၊ အိမ်ခြံမြေတွေလည်း ရှိနေသေးပါတယ်၊ အဲ့ဒါတွေကို တာဝန်ရှိလူကြီးများ စစ်ဆေးဆောင်ရွက်လျှင် အကုန် သိရှိမှာဖြစ်ပါတယ်။

ဦးကျော်စွာထွန်းမြင့်ဟာ ကားလိုင်စင်ပေးတုန်းက ကားမျိုးစုံ(၆)စီးကျော် ပိုင်ဆိုင်ထားပါတယ်၊ ကားအားလုံးက သူ့မိန်းမနာမည်၊ သူ၏လူယုံ (သို့မဟုတ်) အခွန်ရုံးတွင် ခေါ်ထားသော ဦးနိုင်ဆိုသူတို့နာမည်နဲ့ ၄ဂ/……. ကားကို လိုင်စင်ဆောင်ထားပါတယ်…

ဦးကျော်စွာထွန်းမြင့်ဟာ စစ်တပ်မှ ပြောင်းလာသူဖြစ်သောကြောင့် အခွန်လုပ်ငန်းပိုင်းဆိုင်ရာ မလုပ် တတ်ကြောင်း၊ စစ်တပ်မှ အခွန်ဦးစီး ဌာနကို ပြောင်းရွှေ့လာတာ အရမ်းနောက်ကြသည် ဟု ပြောဆိုသံများ လည်း ကြားသိနေရပါတယ်။

နိုင်ငံတော်အနေနဲ့ သန့်ရှင်းသောအစိုးရဖြစ်ရေး၊ ပြည်သူများယုံကြည်သော ၀န်ထမ်းများဖြစ်ရေးဆိုတဲ့ မိန့်ခွန်းတွေပြော၊ စာတွေထုတ်နေ လို့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး အောက်ခြေအထိဆင်းပြီး လာဒ်စားသူများကို စစ်ဆေးဆောင်ရွက်စေလိုပါတယ်၊ ဒီလိုလူတွေ ရှိနေရင်တော့ ပြည်သူတွေလည်း စိတ်ချမ်းသာမှာ မဟုတ်သလို နိုင်ငံတော်ဘဏ္ဍာငွေလည်း အပြည့်အ၀ရရှိမှာ မဟုတ်ပါဘူး၊ ပြည်သူ့ အစိုးရက ပြည်သူဘက်က ရပ်တည်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်စီးပေးပါ။

ပြည်သူတစ်ဦး 
blog.irrawaddy.org/2012/07/blog-post_744.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif