http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Jul 2012

မြောက်ကိုရီးယား ဆံတိုမလေးက ဘယ်သူလဲ

~



မြောက်ကိုရီးယားခေါင်းဆောင်လေး ကင်ဂျုံအန်းနဲ့ တွဲပြီး တွေ့နေရတဲ့ ဆံပင်တိုတို အမျိုးသမီးက ဘယ်သူလဲ?
မောင်နှမ?
သူငယ်ချင်း?
အီစီကလီ?
မြောက်ကိုရီးယား နိုင်ငံတော် သတင်းစာတွေက သူဘယ်သူလဲ မရေးကြတော့ စာဖတ်သူများလည်း သူဘယ်သူမှန်း မသိကြပါဘူး။

ဒီအမျိုးသမီးဟာ အဆိုတော် Hyon Song-wol ဖြစ်တယ် ဆိုပြီး တောင်ကိုရီးယားသတင်းတွေကို ကိုးကားပြီး The Sydney Morning Herald အွန်လိုင်းမှာ ရေးထားတာ ဒီနေ့ တွေ့ရပါတယ်။

ဆယ်ကျော်သက်အရွယ်တုန်းက သူတို့နှစ်ယောက် ဆုံခဲ့ကြပြီးပြီ၊ ဖေဖေကြီး ကင်ဂျုံအီးက သူ့ကို ဒီကလေးမနဲ့ ခွဲထုတ်ပစ်ခဲ့တယ်လို့ ဆိုတယ်။

ဟိုတလောက ခေါင်းဆောင်ကြီး ကင်ဂျုံအီး သေမှပဲ သူတို့နှစ်ယောက် ပြန်ပေါင်းထုပ်မိကြတာလို့ တောင်ကိုရီးယားသတင်းများက ဆိုပါတယ် တဲ့။


အဆိုတော် Hyon Song-wol က စစ်အရာရှိတယောက်နဲ့ လက်ထပ်ပြီး ကလေးတယောက် ရဖူးတယ် ဆိုပေမယ့် လတ်တလော သူ့အိမ်ထောင်ရေးအခြေအနေကို မသိရပါဘူး တဲ့။


ဖခင် ခေါင်းဆောင်ကြီးရဲ့ အရိုက်အရာ ဆက်ခံသူ ကင်ဂျုံအန်းဟာ အသက် ၂၈ နှစ် ၀န်းကျင် ရှိပြီလို့ ခန့်မှန်းနေကြပါတယ်။

blog.irrawaddy.org/2012/07/blog-post_6411.html
~

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif