http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Aug 2012

ဦးသိန်းစိန်နဲ့စကားကောင်းနေလို့ လွှတ်တော်အစည်းအဝေးပျက်



ကြာသပတေးနေ့မှာ သမ္မတဦးသိန်းစိန်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးဖြစ်တဲ့ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်း တို့ကို ခေါ်ဆွေးနွေးပါတယ်။ အကြောင်းအရာကတော့
နေပြည်တော်နိုင်ငံရေးလောကမှာ စကားလုံးမုန်တိုင်းဆင်နေကြတဲ့ အခြေခံဥပဒေခုံရုံးအကြောင်း ဖြစ်ပါတယ် တဲ့။
သူတို့တွေ မနက် ၉ နာရီကတည်းက စပြီး ဆွေးနွေးကြပါတယ်။

ဆွေးနွေးနေလိုက်ကြတာ ၁၀ နာရီစဖို့ ပြင်ထားတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို သူရဦးရွှေမန်း မရောက်ဖြစ်လိုက်ဘူးလို့ ဆိုပါတယ်။ ဒါနဲ့ပဲ ပြည်သူ့လွှတ်တော်အစည်းအဝေး ပျက်သွားပါတယ် တဲ့။

အဲဒီအကြောင်း နောက်တနေ့ (သောကြာနေ့) ပြည်သူ့လွှတ်တော်မှာ ပြောကြဆိုကြတာတွေက ဒီလိုပါ -

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း
"မနေ့က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်ရန် နံနက် ၁၀း၀၀ နာရီ၌စီစဉ်ထားသော်လည်း အစည်းအဝေး မကျင်းပဖြစ်တာကြောင့် တက်ရောက်ရန် စောင့်ဆိုင်းနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန်လူပန်းဖြစ်ကြရပါတယ်။ ဒါဟာ ပြည်သူ့ကိုယ်စားလှယ်များကို အလေးမထားရာလည်းရောက်ခဲ့ပါတယ်"


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
"သမ္မတက ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကိစ္စနဲ့ ပတ်သက်၍ ညှိနှိုင်းဆွေးနွေး လိုကြောင်း ဖိတ်ခေါ်ခဲ့၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မိမိနှင့် တာဝန်ရှိသူများက မနေ့က မနက် ၉ နာရီမှာ စတင်ပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေးကို ဒါကြောင့်လည်း အချိန်မီ မရောက်ခဲ့ခြင်းဖြစ်ပါတယ် --- လွှတ်တော်ကိုယ်စားလှယ်များအား စော်ကားရာ အဖြစ်မျိုး မရောက်အောင် အချိန်ကို တွက်ချက်ပြီး လေးစားလိုက်နာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်း တင်ပြပါတယ်"
(ဓာတ်ပုံ - ဧရာဝတီ) 
blog.irrawaddy.org/2012/08/blog-post_2922.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif