http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

အိမ်ကွင်းတွင် ၄-၁ ဖြင့် နာပိုလီအား အနိုင်ယူကာ ကွာတားအဆင့် ရောက်ရှိရန် ထိုက်တန်ခဲ့သည့် ချဲလ်ဆီး အသင်း (သို့မဟုတ်) ချဲလ်ဆီး ၄-၁ နာပိုလီ ( ADD ချဲလ်ဆီး ၅-၄ နာပိုလီ)

အသင်းခေါင်းဆောင် တယ်ရီ ဦးဆောင်သည့် ချဲလ်ဆီး အသင်းတွင် ဒရော့ဘာအား အထောင်ထားကာ ၄-၃-၂-၁ ကစားကွက်ဖြင့် ကစားခဲ့ပြီး ရာမီးယက်၊ မာတာနှင့် စတာရိုက်အား နောက်ချန်အဖြစ် ထားကာ လမ်းပတ်၊ အက်စီယံတို့အား ကွင်းလယ် အဖြစ် ထားသုံးခဲ့သည်။ နောက်တန်းတွင် တယ်ရီ၊ အက်ခ်ျလေကိုးလ်၊ အီဗန်နိုဗစ်နှင့် လူးဝစ်တို့ ပါဝင်ခဲ့သည်။ ဧည့်သည် နာပိုလီ အသင်းတွင်လည်း ကာဗာနီ အထောင်ထားကာ အမှားမခံသည့် ပွဲတစ်ပွဲ ဖြစ်သည်နှင့် အညီ အိမ်ကွင်းတွင် အနိုင်ရရှိအောင် စွမ်းဆောင် ထားခဲ့သည့် ကစားသမားများ အားလုံးနီးပါး ပါဝင်ကစားခဲ့ကြသည်။







ပွဲစတင် ကတည်းက ဂိုးရရှိရန် ကြိုးစားခဲ့သည့် ချဲလ်ဆီး အသင်းသည် ပွဲချိန် ၅ မိနစ်အရောက် ဂိုးဧရိယာ အတွင်း ချဲလ်ဆီး တိုက်စစ်မှူး စတာရိုက်မှ အမှတ်မထင် ကန်သွင်းချက် ကောင်းမွန် လှသော်လည်း ဂိုးသမား ပုတ်ထုတ် မှုကြောင့် ထောင့်ကန် ဘောသာ ရရှိခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် ဟန်စစ်၏ ကန်သွင်းချက်အား ပီတာဆတ်ခ်ျမှ ကာကွယ် နိုင်ခဲ့သည်။ ပွဲချိန် ၁၁ မိနစ်အရောက်တွင် တန်ပြန် ကန်ချက်များနှင့် အတူ နာပိုလီ၏ တိုက်စစ်အား ပြန်လည် တွေ့မြင်ခဲ့ရသည်။ ကောင်တာ တိုက်စစ် ကောင်းသော နာပိုလီသည် ပွဲချိန် ၁၃ မိနစ် အရောက်တွင် ဟန်စစ်၏ ဖြတ်တင်ပေးမှုမှ တစ်ဆင့် ကာဗာနီ ပိတ်ခဲ့သော်လည်း ဂိုးလွန်ဘော ဖြစ်ခဲ့သည်။







ပွဲချိန် ၁၄ မိနစ်တွင် လူကြွံဘော ထောက်ချောက်မှ တစ်ဆင့် လာဗန်ဇီ လွတ်ထွက်သွားခဲ့ပြီး ပီတာဆတ်ခ်ျနှင့် အတွေ့ ကန်သွင်းခဲ့သော်လည်း ပီတာဆတ်မှ ပုတ်ထုတ် ကာကွယ်မှု ပြုလုပ်နိုင်ခဲ့သည်။ ယနေ့ အိမ်ရှင် ချဲလ်ဆီး အသင်းအတွက် ဦးဆောင် ပထမဂိုးအား ပွဲချိန် ၂၀ မိနစ် အရောက်တွင် ရာမီးယာက်၏ ဘယ်တောင်ပံ ဖြတ်တင် ပေးမှုမှ တစ်ဆင့် ဒရော့ဘာမှ မိမိရရ အပိုင်ခေါင်းတိုက် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ချဲလ်ဆီး အသင်းအတွက် တန်ဖိုးရှိသည့် ဦးဆောင်ဂိုး ဖြစ်ခဲ့သည်။ ၃၁ မိနစ်တွင် စတာရိုက်မှ တစ်ဆင့် အပိုင် ဖန်တီးပေးမှုအား နောက်တန်း ဖြတ်ထုတ်မှုကြောင့် ဒရော့ဘာ ပိတ်မည့် အရေးမှ လက်လွှတ်ခဲ့ရသည်။ ၃၁ မိနစ်တွင် ကောင်တာမှ တစ်ဆင့် ကာဗာနီမှ ကိုက် ၂၀ အကွာမှ မနားတမ်း ကန်သွင်း ခဲ့သော်လည်း ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။







၃၃ မိနစ်တွင် မာတာ၏ ညာတောင်ပံမှ တစ်ဆင့် ဖြတ်တင်ပေးမှုအား စတာရိုက် အပိုင်ခေါင်းတိုက်ခွင့် လွဲချော်ခဲ့မှုကြောင့် ချဲလ်ဆီး အသင်း နစ်နာခဲ့ရသည်။ ပွဲချိန် ၃၆ မိနစ်တွင် ဧည့်သည် နာပိုလီ အသင်းမှ မက်ဂျီအို အစား ဒေါ့စီနာ ဝင်ရောက် ကစားခဲ့သည်။ ပွဲချိန် ၃၉ မိနစ်တွင် မာတာမှ တစ်ဆင့် အက်စီယံ ကိုက် ၂၀ အကွာမှ အပြင်း ကန်သွင်းခဲ့သော်လည်း နာပိုလီ ဂိုးသမား၏ ဘယ်ဘက် ဂိုးတိုင်ထောင့်မှ ကပ်ရပ် ဂိုးလွန်ဘော ဖြစ်သွားခဲ့သည်။ ပထမပိုင်း ပွဲပြီးခါနီး အချိန်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် ကြွံကျလာသည့် ဘောလုံးမှ တစ်ဆင့် ခင်းပေးမှုအား အလွတ်ကန်သွင်းခွင့် ရသည့် လူးဝစ်မှ အပိုင် ပိတ်သွင်း ခဲ့သော်လည်း နောက်တန်း တစ်ယောက်နှင့် ထိကာ နာပိုလီ ဂိုးသမား မိသွားခဲ့ကာ ပထမပိုင်းအား ပြီးဆုံးသွားခဲ့သည်။







အိမ်ကွင်း ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ပြီးသော ချဲလ်ဆီး အသင်းသည် နာပိုလီ အသင်းနှင့် ဆက်လက် ယှဉ်ပြိုင် ကစားရန် ဒုတိယပိုင်းအား အပြောင်းအလဲ မရှိ ပွဲထွက်ခဲ့သလို နာပိုလီ အသင်းသည်လည်း အပြောင်းအလဲမရှိပဲ ဒုတိယပိုင်းအား စတင် ကစားခဲ့သည်။ ဒုတိယပိုင်း ပွဲစတင်ပြီး ၂ မိနစ်အကြာ ၄၇ မိနစ်တွင် ချဲလ်ဆီး အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးအား အသင်းခေါင်းဆောင် တယ်ရီမှ လမ်းပတ်၏ ထောင့်ကန်ဘောအား အဆုံးသတ် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ဂိုးသွင်းနိုင်ရန် ကြိုးစားခဲ့သည့် နာပိုလီ အသင်းအတွက် ပွဲချိန် ၅၅ မိနစ်တွင် တောင်ပံ ဖြတ်တင်ပေးသော ဘောလုံးအား ချဲလ်ဆီး နောက်တန်းများ ဖြတ်ထုတ်ရာမှ ကျွံကျလာသည့် ဘောလုံးအား နာပိုလီ ကွင်းလယ် ကစားသမား အင်လာမှ ရင်ဘတ်နှင့် တားကာ အမှတ်မထင် သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။ ၂-၁ ရလဒ် ဖြစ်သွားခဲ့သည်။







ပွဲချိန် ၆၅ မိနစ်တွင် ဖြတ်တင်ဘောမှ တစ်ဆင့် ဒရော့ဘာမှ ရင်ဘတ်နှင့် တားကာ အပိုင် ပိတ်သွင်းခဲ့ပြီး ဂိုးရရှိလုနီးပါး ရှိခဲ့သော်လည်း ဂိုးမဝင်ခဲ့ပေ။ ပွဲချိန် ၇၀ မိနစ်တွင် နာပိုလီမှ အပိုင်အခွင့်အရေး တစ်ရပ် ရရှိခဲ့သော်လည်း ဂိုးမဖြစ်မြောက် ခဲ့ပြန်ပေ။ ချဲလ်ဆီး အသင်းအတွက် ၃-၁ ရလဒ်ဖြစ်စေခဲ့သော ဂိုးအား ပွဲချိန် ၇၅ မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် ချဲလ်ဆီး အသင်းမှ ဂိုးသွင်းမှုအား နာပိုလီ၏ နောက်တန်း ကစားသမား ဒေါ့ဆန်နာ၏ လက်အား ထိကာ ပင်နယ်သီ ရရှိခဲ့ပြီး အဆိုပါ ပင်နယ်သီအား လမ်းပတ်မှ အမှားအယွင်းမရှိ ကန်သွင်းယူကာ ၃-၁ ရလဒ်ကို ဖြစ်စေခဲ့တော့သည်။







၈၉ မိနစ်တွင် ဖြတ်တင်ဘောမှ တစ်ဆင့် ဒရော့ဘာ အပိုင်နီးပါး ခေါင်းတိုက်ခွင့် ရရှိခဲ့သော်လည်း နောက်တန်း တားဆီးမှုကြောင့် ဂိုးလွန်ဘော ဖြစ်ခဲ့သည်။ ယင်းနောက်တွင် တစ်ဘက်နှင့် တစ်ဘက် ဂိုးသွင်းယူနိုင်မှု မရှိပဲ ၄-၄ ရလဒ်ကြောင့် အချိန်ပို ကစားရန် ဖြစ်လာခဲ့တော့သည်။ အချိန်ပိုကစားသည့် ပွဲချိန် အတွင်း အိမ်ရှင်မှ ဂိုးရရှိရန် အတွက် ပွဲစသည်နှင့် စတင် တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် ၉၅ မိနစ်တွင် ကွင်းလယ်ကစားသမား မာတာ အစား မာလူဒါ ဝင်ရောက် ကစားခဲ့သည်။ ပွဲချိန် ၉၈ မိနစ်တွင် ချဲလ်ဆီး အသင်းမှ အသင်းခေါင်းဆောင် တယ်ရီအစား ဘို့စင်ဝါနှင့် လဲလှယ် ကစားခဲ့သည်။ ပွဲချိန် ၁၀၀ မိနစ် အရောက်တွင် ကွင်းလယ်မှ တစ်ဆင့် ဖြတ်တင်ပေးမှုအား ရှေ့တက်လာသော နာပိုလီဂိုးသမားအား ကျော်ကျလာမှုအား ဖာနန်ဒို တောရက်စ်မှ ဂိုးသမား မရှိသည့် ဂိုးအား အပိုင် ပိတ်သွင်းခွင့် ရရှိခဲ့သော်လည်း ဂိုးပေါက် လွဲချော်ခဲ့သည်။ လုံးဝ နစ်နာခဲ့သည့်  အပိုင်အခွင့်အရေး ဖြစ်သည်။







 ပွဲချိန်  ၁၀၅ မိနစ်တွင်ယနေ့ ချဲလ်ဆီး အသင်းအတွက် ၄-၁ ဖြစ်စေမည့် ဂိုးအား ဒရော့ဘာမှ ဖြတ်တင်ပေးမှုအား ၁၂ ကိုက်အကွာမှနေပြီး နောက်ခံ ကစားသမား အီဗန် နိုဗစ် အပိုင် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ အဆုံးသတ် သေချာခဲ့သော အီဗန် နိုဗစ် အနေဖြင့် ဟီးရိုးဖြစ်စေမည့် ဂိုးလည်း ဖြစ်သည်။







ယင်းနောက် ဒုတိယ အကြိမမြောက် ၁၅ မိနစ် ကန်ရမည့် အချိန်ထိတိုင် ရောက်ရှိခဲ့ပြီး ၁၀၉ မိနစ်မြောက်တွင် တောရက်မှ ၂၅ ကိုက်အကွာမှနေပြီး အပြင်းကန်သွင်းချက်အား နာပိုလီ ဂိုးသမားမှ နှစ်ဆင့် ဖမ်းယူသွားနိုင်ခဲ့သည်။ ၁၁၄ မိနစ်တွင် တောင်ပံ ခင်းပေးမှုမှတစ်ဆင့် ရာမီးယက် အပိုင် ပိတ်သွင်းခွင့် ရရှိခဲ့သော်လည်း နောက်တန်းများမှ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့သည်။ ရရှိထားခဲ့သည့် အနိုဂိုးအတွက် ချဲလ်ဆီး အသင်းသားများမှ ဂိုးပိတ်ကစား နေခဲ့ရင်း ၁၂၀ ပြည့်သည့် အချိန်တွင် ကောင်တာ တိုက်စစ်မှတစ်ဆင့် ဒရော့ဘာ ဂိုးသမားနှင့် တစ်ယောက်ချင်း အပိုင်အတွေ့ ကန်သွင်းခွင့် ရရှိခဲ့သော်လည်း အခွင့်အရေးအား အသုံးမချနိုင်ခဲ့ပေ။ နောက်ဆုံး အချိန်ပို ၂ မိနစ်ရရှိခဲ့ပြီး အဆိုပါ မိနစ်များ အတွင်း ချဲလ်ဆီး အသင်းမှ အနိုင်ရလဒ်အား ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့မှုကြောင့် ချဲလ်ဆီးအသင်းသည် နာပိုလီအသင်းအား အိမ်ကွင်းတွင် ၄-၁ ရလဒ်၊ စုစုပေါင်း ၅-၄ ဖြင့် ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပေတော့သည်။ ယနေ့ ပွဲစဉ်အတွင်း ချဲလ်ဆီး အသင်းအနေဖြင့် ထိုက်တန်သည့် ရလဒ် တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။    http://mutdfan.com/index.php

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif