ချယ်လ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီသည် အင်္ဂလန်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် သူ့အနေဖြင့် အင်္ဂလန်မန်နေဂျာဟောင်း ကာပယ်လိုအား တကယ့်ကို လေးစားမှုရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ဂျွန်တယ်ရီသည် ကျူပီအာကစားသမား အန်တန်ဖာဒီနန်အား လူမျိုးရေးခွဲခြားခဲ့သည်ဟု စွပ်စွဲခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး၊ အက်ဖ်အေက သူ့အား ယူရို (၂၀၁၂) ပြိုင်ပွဲပြီးတဲ့အထိ အင်္ဂလန်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခြင်းခံခဲ့ရသည်။
အက်ဖ်အေ၏ ဂျွန်တယ်ရီအား အင်္ဂလန်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခဲ့ခြင်းနှင့်ပတ်သက်ပြီး၊ ကာပယ်လိုက အီတလီရုပ်သံတစ်ခုတွင် အက်ဖ်အေတာဝန်ရှိသူများ ဝေဖန်ပြောကြားခဲ့ပြီး၊ အဆိုပါရလဒ်အဖြစ် ကာပယ်လိုမှာ အင်္ဂလန်အသင်း မန်နေဂျာရာထူးမှ နှုတ်ထွက်သွားခဲ့ရသည်။
“အဲဒီကိစ္စမှာ ကာပယ်လိုဟာ ကျွန်တော့်ကို ထောက်ခံခဲ့တယ်ဆိုတာ လုံးဝ ထင်ရှားပါတယ်၊ ဒါဟာ သူနဲ့ ကျွန်တော်ကြားက တည်ဆောက်ထားတဲ့ ဆက်ဆံရေးအတိုင်းအတာကို ဖော်ပြတာပါပဲ၊ ကျွန်တော်ဟာ ကွင်းထဲမှာ သူ့အတွက် ရပ်တည်ပေးသလို၊ သူကလည်း ကွင်းအပြင်မှာ ကျွန်တော့်အတွက် ရပ်တည်ပေးခဲ့ပါတယ်၊ ”
“ ကျွန်တော် သူ့ကို လေးစားပါတယ်၊ လူသားတစ်ယောက်အနေနဲ့လည်း လေးစားပါတယ်၊ ပြီးတော့ ကျွန်တော့်အတွက် ရပ်တည်ပေးခဲ့တာတွေအတွက် လည်း လေးစားပါတယ်၊ သူ့ကို တကယ့်ကို လေးစားပါတယ် ” ဟု ဂျွန်တယ်ရီက ပြောကြားသွားခဲ့သည်။ http://mutdfan.com/index.php

0 comments:
Post a Comment