http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

‘ကြိုး’ ဇာတ်လမ်းကို ဖန်တီးသူ မင်းသိုက်၏ အမြင်သဘော

‘လွပ်လပ်ခြင်း အနုပညာပွဲတော်’ နောက်ဆက်တွဲ အကျိုး အကြောင်း အပေါ် ‘ကြိုး’ ဇာတ်လမ်းကို ဖန်တီးခဲ့သူ ကိုမင်းသိုက်၏ သဘော ကို မေးကြည့်ဖြစ်ရာ ” ‘အကူအညီ အဖေးအမ’ ဆိုတဲ့ ကိစ္စတစ်ခုဟာ လူမှု အသိုင်းအဝိုင်း နယ်ပယ်၊ လူမျိုးတိုင်းဘာသာတိုင်း၊ နိုင်ငံဒေသ အသီးသီးမှာ ရှိကြတာပါ။ သိပ်လေးစားစရာ၊ ဂုဏ်ယူဝမ်းမြောက် စရာ အလေ့အထ တစ်ခုလည်း ဖြစ်ပါတယ်။
အားကြီးသူက အားနည်းသူ၊ အသိကြွယ်သူက အသိငယ်သေးတဲ့သူ၊ ပညာဆာလောင် နေသူကိုလည်း ပညာသာနေသူတွေ ကတစ်ဖုံ အကူအညီအစုံစုံ ပေါ့ဗျာ။ အကူအညီ ဖေးမတဲ့သူကလည်း တစ်ဖက်သူအပေါ် ထိထိရောက်ရောက် သေသေချာချာ ကူ၊ ဖေး၊ ထူ မှသာလျှင် တကယ့်ကို အကျိုးရှိ လာမှာပါ။ စေတနာသန့်၊ အရောင်သန့်ဖို့လည်း လိုပါလိမ့်မယ်။ အဖြူ၊ အမည်း၊ အကောင်း၊အဆိုး၊ ကုသိုလ်၊ အကုသိုလ်စသဖြင့် ဆန့်ကျင်ဘက်သဘော အမြဲဒွန်တွဲ ပါနေ တတ်သလိုမျိုးပဲ အကြောင်းအကျိုးတစ်စုံ တစ်ရာကို မျှော်ကိုးပြီးပေးတဲ့ အကူအညီမျိုးတွေလည်း ရှိတတ်ပြန်ပါသေးတယ်။ အခြေခံအားဖြင့်တော့ အကူအညီနှစ်မျိုးနှစ် စား တွေ့ဖူးပါတယ်။ ပထမတစ်ခုကတော့ တစ်စုံတစ်ရာ ပြန်လည် မျှော်ကိုးရယူလို ခြင်း အလျဉ်းမရှိတဲ့၊ သိမ်မွေ့နူးညံ့တဲ့ အကူအညီမျိုး၊ ဒုတိယကတော့ အကျိုးအမြတ်၊ အပေးအယူတစ်ခု တွက်ချက်ပြီးမှကူညီတဲ့ အကူအညီအမျိုးအစား တစ်မျိုးပေါ့။ ပထမအမျိုးအစားကတော့ ရှင်းပါတယ်။ ရယူလိုက်တဲ့ တစ်ဖက်အနေနဲ့တော့ ကျေးဇူး တရား သိတတ်နားလည်ဖို့ အထူးလိုပါလိမ့်မယ်လို့ ထင်ပါတယ်။ ဒုတိယအမျိုးကတော့ ပေးသူရော၊ ယူသူကပါ သေချာညှိနှိုင်းသဘောတူပြီးမှ နှစ်ဦးနှစ်ဖက်၊ နှစ်ဖက်နှစ် သင်းကူကြယူကြတာပါ။
ဒီဒုတိယတန်းစား အကူအညီ ရဲ့အောက်မှာမှထပ်ပြီး ခေါင်းစဉ်သီးသန့် တပ်မရတဲ့၊ အရောင်ရင့်ရင့် အမယ်စုံတဲ့၊ မသန့်ရှင်းတဲ့ အကျိုးအမြတ် တစ်ခုအပေါ် ဖုံးဖိကွယ်ဝှက်ထားပြီး တစ်ဖက်အပေါ် အမြတ်ထုတ်၊ သွေးစုပ်လိုတဲ့အကူလိုလို၊ အထူလိုလိုနဲ့ရှား ရှားပါးပါး ဆန်းဆန်းပြားပြားတွေလည်း ရှိတတ်တာ ကြုံဖူးဆုံဖူး ပါသေးတယ်ဗျာ။ ဆိုတော့ကာ တစ်ဘက်ဆီက အကူအညီကို ရယူတော့မယ်ဆိုတာတော့ အလွန်တာဝန်ကြီး လေးလံတဲ့ကိစ္စတစ်ခုပါ။ ယူသူဘက်ကလည်း သိတတ်ရမှာတွေ၊ ပေးဆပ်ရမှာတွေကို ထည့်တွက်ထားရမှာ မလွဲသလို ‘ကူညီပါရစေ’လို့ ခေါင်းစဉ်တပ် ဝင်လာတိုင်းလည်း တကယ်မှန်ရဲ့လား၊ ဟန်ရဲ့လား ဆိုတာတော့ အသိနဲ့သတိ သုံးသပ်ကြည့်တတ်ဖို့ လိုသလိုပဲ၊ ယူလိုက်ရတာနဲ့ ပြန်လည်ပေးဆပ်ရမှာနဲ့ မထိုက်တန်မှန်း သိရက်နဲ့လည်း ဇွတ်မယူမိဖို့ အမြင်တစ်ကွက် တင်ပြပါရစေ” ဟု ပြောကြားပေးခဲ့သည်။     http://yoyarlay.com/entertainment/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif