http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

ခွဲစိတ်ခံယူမူ ပြီးပြီး ချင်း လေယာဉ်စီး ခရီး မသွားနှင့်

သင့်မှာ ခွဲစိတ် ကုသမှု ခံယူ ဖို့ရှိ နေပြီး လေယာဉ်နှင့် ခရီးရှည် သွား ဖို့လည်း ရှိနေရင် အဲဒီအလုပ်နှစ်ခုကို အချိန်ခြားပြီးလုပ်ပါလို့ မကြာသေး မီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ အချိန်ကြာမြင့်စွာ လေ ယာဉ်စီးခြင်းက Deep Vein Thrombosis လို့ခေါ်တဲ့ ခြေထောက် အတွင်းပိုင်းရှိ သွေးပြန်ကြောများတွင် သွေးခဲပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကို တိုးမြှင့် ပေးနိုင်ပါတယ်။ ထို့သို့ဖြစ်ပေါ်ပါက အသက်အ္တရာယ်ကို ထိခိုက်နိုင်ပါ တယ်။ မကြာသေးမီကမှ ခွဲစိတ်ကုသ မှုခံယူထားတာဆိုရင် အ္တရာယ်ပိုကြီး ပါတယ်။ သို့ပေမယ့် ဆရာဝန်တွေက ယင်းဆက်နွှယ်မှုကို လူနာများအား ပြောပြဖို့ ပျက်ကွက်တတ်ကြပါတယ်။ ဒါကြောင့် လမ်းညွှန်ချက်က ဒီလိုပါ။ သင့်မှာ အရိုး၊ ရင်ဘတ်၊ ဗိုက်၊ ဦးနှောက်၊ နား၊ နှာခေါင်း၊ လည်ချောင်းတစ်နေရာရာမှာ ခွဲစိတ် ကုသခြင်းခံခဲ့ရရင် လေယာဉ်မစီးမီ ၁၀ ရက်၊ ၁၄ ရက် လောက် စောင့်ပါလို့ Tufts University မှ Dr. Mark Gendreau ကပြောကြားခဲ့ပါတယ်။ ရှုပ်ထွေးမှုမရှိတဲ့ အူအတက်ဖြတ် တောက်ခြင်း၊ ဝမ်းဗိုက်ခွဲစိတ် ကြည့်ရှု ခြင်းလိုမျိုးဆိုရင်တော့ ခွဲစိတ်ပြီးအနည်း ဆုံး ၅ ရက်နားပြီးမှ လေယာဉ်စီးပါ။ လေယာဉ်ပေါ်မှာ ရေဓာတ်ရ ရှိအောင်နေပါ။ ကဖင်းဓာတ်နှင့် အရက်ကို ရှောင်ပါ။ လေယာဉ်ပျံသန်း နေစဉ် သင့်ခြေသလုံးများကို ဆန့်ချီ ကွေးချီ ပြုလုပ်ပါ။ ဒါမှမဟုတ် လမ်းအနည်းငယ်လျှောက်ပေးပါ။ ၄င်းအပြင် ဖိအားပေး ခြေအိတ်ရှည်များ ကိုဝတ်ထားပါ။ Ref: R.D Sept, 2009.                          http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif