http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

ဘိုးသက် ရှည်၊ ဘွားသက် ရှည်များ ကျေးဇူး တင်ရမည့် မျိုး ဗဇီ

ဖလော်ရီဒါ မှ Aber-Noyek ဆိုသူ အမျိုး သမီးကြီး ဟာ ယခုနှစ် ဖေဖော် ဝါရီ လမှာ အသက် ၁၀၄ နှစ် ပြည့် မွေးနေ့ပွဲ ကို ဆင်နွှဲခဲ့ပါတယ်။ သူမဟာ သာမန်အရိုးအဆစ်နာခြင်း နဲ့ အမြင်အာရုံနဲ့ အကြားအာရုံ နည်း နည်းပါးပါး ချို့ယွင်းတာကလွဲပြီး ကျန်းမာရေးလုံးဝကောင်းမွန်နေပါ တယ်လို့ CNN မှ ဓာတ်ပုံသတင်း ထောက်ကို ဖြေကြားခဲ့ပါတယ်။ သူမ ဟာ ကိတ်မုန့်၊ ကွတ်ကီးနဲ့ ချော ကလက်ကိုလည်း နေ့စဉ်စားလေ့ ရှိတယ်။ သူမဟာ ကာယလေ့ကျင့်ခန်း လုပ်ဖို့ အားကစားခန်းမကို သွားလေ့ ရှိသူတစ်ဦးလည်း မဟုတ်ပါဘူး။ လေ့လာမှုအသစ်တစ်ခုက Aber- Noyek ဟာ သိပ္ပံပညာရှင်တွေကှကစနမ ဗါနျ လို့ အမည်ပေးထားတဲ့ စူပါသက်ကြီးရွယ်အိုများရဲ့ စံပြပုံစံ တစ်ခုပါပဲလို့ ပြောကြားခဲ့ပါတယ်။ The American Geriatric Society ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုမှာ အသက် ၉၅ နှစ် နှင့်အထက် ထူးထူးခြားခြား အသက် ရှည်နေသူတွေဟာ သူတို့ထက် စော စီးစွာ သေဆုံးခဲ့သူတွေထက် ပိုမိုပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဘဝ ဟန်ပန်တွေနဲ့ နေထိုင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ Albert Einstein College of Medicine (အဲဘတ် အိုင်းစတိုင်းဆေးကောလိပ်)မှ အသက် ကြီးခြင်းဆိုင်ရာ သုတေသန ညွှန်ကြား ရေးမှူး Dr. Nir Barzilia က အသက် ၉၅ နှစ်မှ ၁၁၂ နှစ်အတွင်းရှိ ကျန်းမာ သော ဘိုးသက်ရှည်၊ ဘွားသက်ရှည် ၄၇၇ ဦးကို သူတို့အသက် ၇၀ အရွယ် မှာ ပြုမူနေထိုင်ခဲ့တဲ့ ဘဝဟန်ပန် Lifestyles တွေကို မေးမြန်းခဲ့တယ်။ ၄၀ ရာခိုင်နှုန်းကျော်က သူတို့ဟာ အဝလွန်နေခဲ့ကြောင်း (obese) သို့ မဟုတ် ကိုယ်အလေးချိန် သာမန်ထက် မြင့်မားခဲ့ကြောင်းover weight)၊၃၅ ရာခိုင်နှုန်းကဆေးလိပ်သောက်ကြောင်း ဖြေကြားခဲ့ပြီးအနည်းငယ်ကသာကာယ လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြောင်းဖြေကြားခဲ့ ပါတယ်။ အဲဒီ အသက်ရှည်သူတွေရဲ့ အမူအကျင့်တွေဟာ သာမန်လူတွေနဲ့ ထူးခြားနေတာမရှိပါဘူး။ ဒါဆိုရင် ကွဲ ပြားခြားနားတာက ဘာပါလဲ။ စူပါ သက်ရှည်တွေရဲ့ စူပါမျိုးဗီဇ (Gene) ပါပဲ။ သူတို့ရဲ့ မျိုးဗီဇတစ်ခုဟာ ကိုလက်စ်ထရောလ်ကောင်း HDL ကို မြင့်မားနေစေတယ်။ ဒါ့အပြင် နှလုံး သွေးကြောရောဂါများနဲ့ အယ်လ်ဇိုင်း မားရောဂါတွေကို ကာကွယ်ပေးတဲ့ မျိုးဗီဇတွေလည်း ပါရှိနေတယ်။ လေ့လာသူတွေက သတိပေးခဲ့တာက သာမန်လူတွေကတော့ ဆေးလိပ် သောက်ပြီး ကာယလေ့ကျင့်ခန်းတွေ မပြုလုပ်ဘဲ နေလို့ရတယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သာမန်လူတွေမှာ အဲဒီဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေလိုစူပါမျိုးဗီဇမပါရှိလို့ ဖြစ်တယ်။              http://www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif