ပန်းတနော်မြို့သား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်အထိမ်းအမှတ် စာကြည့်တိုက် ပန္နက်တင်အခမ်းအနားကို ၄-၁-၂ဝ၁၂ ရက် (လွတ်လပ်ရေးနေ့)က ပန်းတနော်မြို့၊ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးရှိ အောင်သပြေ ဘိုးဘွားရိပ်သာ အနီးဘေးရှိ အောင်သပြေ ဘိုးဘွားရိပ်သာ အနီး မြေကွက်၌ ကျင်းပခဲသည်။ ယင်းအခမ်းအနားကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ နေထိုင်သော ဒေါ်အေးအေးသန့်(ဦးသန့်၏သမီး) ကိုယ်တိုင်လာရောက် ပန္နက်တင်ပေးခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးတင်မြင့်ဦးလည်း လိုက်ပါခဲ့သည်။
ကျပ်သိန်း ၅ဝဝဝ ကျော် အကုန်အကျခံ တည်ဆောက်မည့် ယင်းစာကြည့်တိုက်သည် နှစ်ထပ် အဆောက်အအုံဖြစ်ကာ မြန်မာနိုင်ငံအနှံ့အပြားမှ ပြည်သူများ၊ နိုင်ငံခြားသားများ၊ ကမ္ဘာလှည့် ခရီးသည်များ လာရောက် လေ့လာသည့်အခါ တည်းခိုနားနေရန် အပေါ်ထပ်၌ အခန်းထားရှိပေးမည်ဖြစ်ပြီး စာကြည့်တိုက်နှင့်အတူ ဦးသန့်ကြေးရုပ်တုကိုလည်း တစ်နေရာတည်း၌ လေ့လာနိုင်ရန် ပြသထားရှိမည်ဖြစ်သည်။ ဒေါ်အေးအေးသန့်နှင့် ခင်ပွန်းဦးတင်မြင့်ဦးတို့သည် ယင်းနေ့မှာပင် ပန်းတနော်မြို့ရှိ မိခင်ဒေါ်သိန်းတင်၏ ဂူဗိမာန်သို့ သွားရောက်၍ ကန်တော့ခဲ့ကြသည်။ စွယ်စုံmedia groupမှကူးယူတင်ပြသည်
0 comments:
Post a Comment