http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

၂၀၁၂ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆု မဇင်မာအောင်ရရှိ

ဒီမိုကရေစီနှင့် အမျိုးသမီး အခွင့် အရေး လှုပ်ရှားဆောင်ရွက်နေသော မဇင်မာအောင်သည် အမေရိကန်နိုင်ငံမှ ချီးမြှင့်သော International Women of Courage Award Winners ဆုကို သွားရောက် လက်ခံရယူခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် ဒီစီမြို့၌ မတ် ၈ ရက်တွင် ကျင်းပ ခဲ့သော ကမ္ဘာတစ်လွှားရှိ နိုင်ငံ ဆယ်နိုင်ငံမှ အမျိုးသမီး ၁၀ ဦး အား ဂုဏ်ပြုချီးမြှင့်ပွဲကို သမ္မတက တော် မီရှဲအိုဘားမားနှင့် ဟီလာရီ ကလင်တန်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသူ မဇင်မာအောင်က ဆုလက်ခံရယူခဲ့ခြင်း ဖြစ်သည်။ "ကျွန်မ ပိုအလုပ်လုပ်ရတော့ မယ်လို့ ခံစားရတယ်။နှစ်ပတ်ကြာ ခဲ့တယ်။ ဟောပြောပွဲတွေ၊ အလုပ် ရုံဆွေးနွေးပွဲတွေ၊ အစည်းအဝေး တွေနဲ့ပဲ အချိန်ကုန်ခဲ့တယ်။ (မီရှဲ အိုဘားမားနဲ့ ဟီလာရီကလင်တန်) သူတို့ကတော့ အားပေး စကား ပြောတယ်။ ကျွန်မတစ်ယောက် တည်း မဟုတ်ဘူးလေ။ ၁၀ နိုင်ငံ က အမျိုးသမီးတွေပါတယ်။ အ ရှေ့အလယ်ပိုင်းက အများစုပါ တယ်။ အာဖဂန်၊ ဆူဒန်၊ တူရကီ ပါလီမန်က အတိုက်အခံ တစ် ယောက်ပါတယ်။ မော်လဒိုက်က ၀န်ကြီးဟောင်း တစ်ယောက်ပါ တယ်။ ဟိုမှာ ကြုံတွေ့ခဲ့တဲ့ ခံစား မှုက သူတို့နိုင်ငံမှာ မတူညီတာကို တော်တော် သည်းခံတတ်တာပဲ။ ကျွန်မအတွက် အခွင့်ထူးတစ်ခု ပါပဲ။ ဘာလို့လဲဆိုတော့ ဟီလာရီ ကလင်တန်ဆိုရင် ဟိုအရင် သမ္မတ ကတော် ဘ၀တည်းက သဘော ကျခဲ့တာပါ"ဟု ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် ဆုတံ ဆိပ်ရှင်က ဆိုသည်။ မဇင်မာအောင်သည် နိုင်ငံ ရေး လှုပ်ရှားမှုဖြင့် နှစ်ပေါင်း ၁၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ယခု အခါအမျိုးသမီးအခွင့်အရေးကို ဆောင်ရွက်နေသလို နိုင်ငံရေးသိပ္ပံ ကျောင်းတစ်ခုကို ဦးဆောင်လျက် ရှိသည်။
2012 International Women of Courage Award ဆုအတွက် အာဖဂန်အမျိုးသမီး များ အခွင့်အရေးဆောင်ရွက်နေ သော အာဖဂန်အမျိုးသမီး၊ ဘရာဇီး စစ်ရဲအမျိုးသမီး၊ ကိုလံဘီယာအ မျိုးသမီးသတင်းထောက်၊ လစ်ဗျား အရေးအခင်းတွင်ပါဝင်ခဲ့သည့် စံပြအမျိုးသမီး၊ မော်လဒိုက်အမျိုး သမီးအခွင့်အရေး ဆောင်ရွက်နေ သူ၊ လူအခွင့်အရေး ဆောင်ရွက် နေသော ပါကစ္စတန်အမျိုးသမီး၊ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး အမျိုးသမီးအခွင့်အရေးဆောင် ရွက်နေသော ဆော်ဒီအာရေဗျ အမျိုးသမီး၊ အမျိုးသမီးနှင့် ကလေး ငယ်များ အခွင့်အရေးဆောင်ရွက် နေသည့် ဆူဒန်အမျိုးသမီး၊ တူရ ကီပါလီမန်၏ ပထမဆုံးမသန်စွမ်း အမျိုးသမီးနှင့် မြန်မာအမျိုးသမီး အခွင့်အရေးလှုပ်ရှားနေသော မဇင်မာအောင်တို့ ဂုဏ်ပြုရွေး ချယ်ခံခဲ့ရခြင်း ဖြစ်သည်။     http://yoyarlay.com/local-news/local-news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif