http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Mar 2012

စတိဗ်ဂျော့ဘ်၏ အတ္ထုပ္ပတ္တိသည် ၂ဝ၁၁ ခုနှစ်၏ အရောင်းရဆုံးစာအုပ် ဖြစ်လာ

Apple ကုမ္ပဏီ ပူးတွဲထူထောင်သူ စတိဗ်ဂျော့ဘ်၏ အတ္ထုပ္ပတ္တိစာအုပ်သည် amazon.com၌ ၂ဝ၁၁ ခုနှစ်၏ အရောင်းရဆုံးစာအုပ် ဖြစ်လာကြောင်း ဒီဇင်ဘာလ၆ ရက်နေ့၌ ကြေညာခဲ့သည်။ အဆိုပါစာအုပ်သည် အောက်တိုဘာလကမှ ထွက်ရှိခဲ့ပြီး ရောင်းရချိန် နှစ်လပင် မပြည့်သေးသော်လည်း တစ်နှစ်အရောင်း ရဆုံးစာအုပ်ဖြစ်လာသည်။ amazon.comက စတိဗ်ဂျော့ဘ်၏စာအုပ်သည် နံပါတ်တစ်နေရာရသည်ဟု ဆိုသော်လည်းရောင်းရသည့်အရေအတွက် အတိအကျကို ထုတ်ဖော်ကြေညာခြင်းမပြုပေ။ သို့သော် NiesenBookScan က အစောပိုင်းတွင် ထုတ်ပြန်သော အချက်အလက်များအရ အဆိုပါစာအုပ်သည် အမေရိကန်ပြည်ထောင်စု၌ ဖြန့်ချိခဲ့သည့် ပထမသီတင်းပတ်အတွင်း၌ပင် အုပ်ရေ ၃၈၃,ဝဝဝ ရောင်းချခဲ့ရသည် ဟုဆိုသည်။      စွယ်စုံmedia groupမှကူးယူတင်ပြသည်..

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif