http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

အလုပ် ဖိစီး မှုကြောင့် ဖျားနာ ခြင်း မဖြစ် ရလေအောင်

အလုပ် ကြောင့် ဖြစ် တဲ့ ဖိစီးမှု ကို လျှော့ ချ နိုင် တာ ကြောင့် နှလုံး ရောဂါ ဖြစ်နိုင် ခြေ၄၀ ရာခိုင်နှုန်းကျ ဆင်းနိုင်တယ်လို့သုတေသီတွေ ဖော်ထုတ်လိုက်ပါ တယ။် ဟားဗတ်တက္ကသိုလ်မှ သုတေသနပြုသူတွေ က နှလုံးကိုဝန်ပိစေတဲ့ ဖိစီးမှုဟော်မုန်းတွေဟာ တစ် နေ့လုံးမှာမြင့်တက်နေရင် ညနေပိုင်းမှာ သင့်အလုပ် တွေ ပြီးမြောက်မှာမဟုတ်ပါဘူးလို့ ရှင်းပြပါတယ်။ အလုပ်ချိန်အတွင်း စိတ်အေးချမ်းမှုရရှိအောင် အောက်ပါတို့ကို ပြုလုပ်ပါ။
မိသားစုဓာတ်ပုံ ထားပါ
သင်ရဲ့ချစ်ခင်သူတွေရဲ့ဓာတ်ပုံကို သင့်အနားမှာ ထားတာကြောင့် အလုပ်လုပ်ချိန်မှာ ဖိစီးမှုတွေလျော့ ကျနိုင်တယ် လို့  UCLA လေ့လာမှုအရ သိရပါတယ်။ သင်နှစ်သက်သူတွေရဲ့ ဓာတ်ပုံကို ကြည့်ရှုတာကြောင့် သင့်ကို စိတ်အေးချမ်းစေမယ့် ဟော်မုန်း Oxytocin တွေ ထွက်လာအောင် လှုံ့ဆော်နိုင်တာကြောင့်ပါလို့ The Secrets of Happy Family စာအုပ်ရေး သားသူ Dr. Scott က ပြောပါတယ်။ သင့်စားပွဲပေါ်မှာ သင်ချစ်ခင်သူတွေရဲ့ ဓာတ်ပုံ ထောင်ထားပါ။ အကယ်၍ စားပွဲမှာ ဓာတ်ပုံထားစရာ နေရာမရှိရင် သင့်မိသားစုဓာတ်ပုံပါတဲ့ သော့ချိတ် ပြုလုပ်ထားပါ။
ချီးကျူးစကားဆိုပြီး သွေးဖိအားကျအောင် ပြုလုပ်ပါ
သင်ရဲ့မိတ်ဆွေတစ်ယောက်ယောက်နဲ့ ဝမ်းသာ စရာ စကားတွေ၊ ဂုဏ်ယူစရာ စကားတွေကို Chatting ပြုလုပ်နေတာကြောင့် မိနစ် ၃၀ အတွင်း စိတ်ဖိ စီးမှု အဆင့်တွေ လျော့ကျနိုင်တယ်လို့ သိရပါတယ်။ တခြားလူတစ်ယောက်နဲ့ အကောင်းမြင်တဲ့စကားတွေ ပြောနေတာကြောင့် ဦးနှောက်ကို လှုံ့ဆော်မှုပေးတဲ့ အတွက် သွေးဖိအားနဲ့ နှလုံးခုန်နှုန်း ကျဆင်းလာပါ တယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်မှ ဆေးပညာ ပါမောက္ခ Dr. Herbert က ဆိုပါတယ်။
ပျော်ရွှင်မှုကောင်းစေတဲ့ဟော်မုန်းတွေ ထွက်လာ အောင် နေ့လယ်နေ့ခင်း ခေတ္တလမ်းလျှောက်ပါ
နေ့လယ်နေ့ခင်းမှာ ၁၅ မိနစ်ခန့် လမ်းလျှောက် လိုက်တာကြောင့် ခြောက်နာရီခန့် စိတ်ဖိစီးမှု လျော့ ကျနိုင်တယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါ တယ်။ ခေတ္တခဏလေ့ကျင့်ခန်းလုပ်လိုက်တာဟာ Serotonine နဲ့ Norepinephrine လိုမျိုး ဟော်မုန်း တွေ ထွက်ရှိလာပြီးဦးနှောက်တွင်း ၂၅ ရာခိုင်နှုန်း ခန့် Relax ရရှိနိုင်ပါတယ်။ အပြင်ထွက်ဖို့အခွင့်အရေး မရခဲ့ရင် ပုံဆွဲတာ ဒါမှမဟုတ် ဂိမ်းကစားတာ ပြုလုပ် ပါ။ သင့်လက်နဲ့ မိနစ် ၂၀ လောက် အလုပ်လုပ်လိုက် တာကြောင့် နှစ်နာရီခန့် ဖိစီးမှုအဆင့် ၄၅ရာခိုင်နှုန်း ထိ လျော့နိုင်တယ်လို့ ဟားဗတ်မှ သုတေသီတွေက အကြံပေးပါတယ်။ စိတ်အေးချမ်းမှုရရှိအောင် ရေနွေးနဲ့ ရေစိမ်ချိုးပါ ညနေပိုင်းအိမ်ရောက်တဲ့အချိန်မှာ ရေနွေးနဲ့ ရေ စိမ်ချိုးတာ ဒါမှမဟုတ် မီးရောင်မှိန်မှိန်အောက်မှာ သီချင်းအေးအေးလေးတွေ နားထောင်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း Cortisol တွေ အထွက်နှေးသွား ပြီး တစ်နေ့လုံးမှာ စိတ်အေးချမ်းမှု ရရှိစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။             http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif