"အဂတိ လိုက်စားမှုတွေ အလွဲ သုံးစားမှုတွေ မလျော်မ ကန်ပြုမှုတွေနဲ့ ပတ်သက်ပြီး သတိပေးခြင်း၊ အရေးယူခြင်းတွေ ကို ဆောင်ရွက် လျက်ရှိ ပါတယ်။ ခေတ် စနစ်နဲ့ အတူ ပေါက်ပွားလာတဲ့ အကျင့်ပျက်ချစားမှု တွေဟာ မိဘပြည်သူတွေ အတွက် ၀န်ထုပ် ၀န်ပိုးဖြစ်စေရုံ သာမက နိုင်ငံတည်ဆောက်ရေး အတွက်လည်း အတားအဆီး အနှောက်အယှက်တွေ ဖြစ်နေပါတယ်။ ဒီဆူးညှောင့်တွေ ဖယ်ရှားနိုင်မှ လျှောက်လှမ်းရတဲ့ လမ်းခရီးဟာ ချောမွေ့မှာ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ကျွန်တော်တို့ အစိုးရလက်ထက်မှာ ကျူးလွန်မှုတွေကို အရေးယူ အပြစ်ပေးမှုတွေ ဆောင်ရွက်နေပါတယ်။ ကျွန်တော် ပြောခဲ့ပြီးဖြစ်ပါတယ်။ စေတနာ အမှားဆို နားလည် လက်ခံပေးလို့ရသော်လည်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုတွေကို တော့ ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်",, http://www.yoyarlay.com
0 comments:
Post a Comment