http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

ကမ္ဘာ့ အရပ် အရှည်ဆုံး လူသား ၏ ကြီးထွား မှုကို ရပ်တန့် နိုင်မည့် နည်းလမ်း ရှာဖွေ တွေ့ရ

ကမ္ဘာ့ အရပ် အရှည်ဆုံး လူသား ဖြစ်သည့် တူရကီ နိုင်ငံ မှ ဆူလတန် ကို ဆန် (၂၉ နှစ်)၏ မြင့်မားလှသော အရပ်အမြင့် ရှစ်ပေ သုံးလက်မကို ရပ်တန့် နိုင်မည့်နည်းလမ်းကို ရှေ့ပြေးကုထုံးသစ်တစ်ရပ်အဖြစ် တွေ့ရှိခဲ့ပြီဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့ သတင်းများက ဖော်ပြသည်။ ကိုဆန်သည် Acromegaly ဟုခေါ်သော ရှားပါးသည့် ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်မှနေ၍ ကြီးထွားရေးဟော်မုန်းများ အဆက်မပြတ်ထွက်ရှိနေခြင်းဖြစ်သည်။
သူ၏ ပစ်ကျူတရီဂလင်း၌ အကျိတ်တစ်ခုရှိမည်ဟု ယူဆရပြီး ယင်း၏လှုံ့ဆော်ချက် ကြောင့် ယင်းကဲ့သို့ ဟော်မုန်းများအဆက်မပြတ် ထွက်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဗာဂျီးနိးယားတက္ကသိုလ်မှ ဆရာဝန်များသည် ကုထုံးသစ် တစ်ရပ်ကို တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့အရပ်ရှည်ဆုံးလူသား၏ ကြီးထွားမှုကို ရပ်တန့်ပေး နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဆရာဝန်များသည် ၂၀၀၈ ခုနှစ် ကတည်းက သူ့အား ကုသပေးနေခဲ့ပြီး အကျိတ်ကို ဖယ်ရှားပေးခဲ့သော်လည်း ကိုဆန်၏ အရပ်သည် တစ်နှစ်လျှင် လက်မဝက်နှုန်းဖြင့် ဆက်လက်ကြီးထွားနေသည်ဟု ဆိုသည်။ သို့သော် ဗာဂျီးနီးယားတက္ကသိုလ်မှ ပညာရှင်များက ၂၀၁၀ ပြည့် နှစ်၌ ကုထုံးသစ်တစ်မျိုးကို တွေ့ရှိခဲ့ရာ နောက်ဆုံး၌ ကိုဆန်၏ ကြီးထွားမှုကို ရပ်တန့်ပေးနိုင်ခဲ့ကြောင်း သိရသည်။               http://www.yoyarlay.com/health/health

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif