နံနက်စောစော ဝေလီဝေလင်း အချိန်နှင်းများ မကွဲသေးမီ ကျွန်တော်သည် သူငယ်ချင်းဖြစ်သူနေထိုင်သော မြို့ကေးလသို့ ရောက်ရှိသွားသည်။ ကျွန်တော့်အား သယ်ဆောင်လာသည့် အဝေးပြေးဘတ်(စ်)ကားကြီးသည် လမ်းမှာခရီးသည်တွေ တစ်စုပြီးတစ်စု ချပေးရင်း ဂိတ်ဝင်းထဲသို့ နောက်ဆုံးနားခိုရာအဖြစ် ၀င်ရောက်ခဲ့သည်။ ကားပေါ်မှာ ကျွန်တော်အပါအ၀င် ခရီးသည်သုံးလေးဦးမျှသာ ကျန်တော့သည်။ အဝေးပြေးဂိတ်မှာ မကြီးကျယ်လွန်းလှ။ နံနက်မိုးလင်းအထိ ဖွင့်ထားသော စားသောက်ဆိုင်တစ်ဆိုင်နှင့် အသုံး ဆောင် သွားရည်စာရောင်းသည့် စတိုးဆိုင်တစ်ဆိုင်မှာ လျှပ်စစ်မီးတွေလင်းနေသည်။ ခရီးသွားကျဲပါးချိန် ခန်းမဆောင် တစ်ခုအောက်က ထိုင်ခုံတန်းတစ်ခုမှာ ကျောပိုးအိတ်ကိုချရင်း ခေတ္တအမောဖြေနေမိသည်။ သူငယ်ချင်းဖြစ်သူကို ဖုန်းဆက်ရမည်။
အများသုံးတယ်လီဖုန်းရုံဘယ်မှာလဲ။ ခရီးသွားတချို့တလေ ဟိုမှာဒီမှာ ထိုင်နေ၊ ရပ်နေတာတွေ့ရသည်။ အပြင်မှာ နှင်းမကွဲသေးသလို အလင်းရောင်လည်း ပေါ်မလာသေး။ ခရီးသည်ကို မနေ့ညဦးပိုင်းက ကျွန်တော် စတင်ခဲ့သည်။ မြို့တော်၏ အဝေးပြေးယာဉ်စခန်းမှ သူငယ် ချင်းဖြစ်သူ နေထိုင်ရာမြို့ငယ်ကလေးသို့ ဘတ်(စ်)ကားလက်မှတ်ကို အလွယ်တကူ ၀ယ်ယူခဲ့ပြီး ည ၉ နာရီမှာ ကားစထွက်ခဲ့သည်။ ဆိုဖာထိုင်ခုံ၊ အဲယားကွန်း တပ်၊ ခေတ်မီ နှစ်ထပ်ကားကြီး၏ ရှေ့ပိုင်းခပ်ကျကျ တစ်နေရာမှာ ကျွန်တော်ထိုင်ပြီး လိုက်ပါခဲ့သည်။ မြို့တွေတစ်မြို့ပြီး တစ်မြို့ ဖြတ်ကျော်လာခဲ့သည်။ ဘယ်မြို့၊ ဘယ်ဒေသမှန်းမသိ၊ ညအမှောင်ထဲမှာ ဆိုတော့ လျှပ်စစ်မီးရောင် ထိန်ထိန်လင်းနေတာပဲ မြင်ရသည်။ ကျွန်တော့်အနီးအပါး ထိုင်ခုံများပေါ်က လူတွေကို ကျွန်တော်မသိ။ သူတို့ ပြောဆိုနေသော စကားကိုလည်း ကျွန်တော်နားမလည်။ နားလည်ဖို့လည်း မလို။ လမ်းက ဖြောင့်ဖြူးလွန်းသဖြင့် ဘတ်(စ်)ကားပေါ်မှာ ငြိမ်ငြိမ်သက်သက်ကလေး ငိုက်မြည်းလိုက်ပါနိုင်ခဲ့သည်။ ခရီးစဉ်ကို ကျွန်တော်စိတ်မှန်းဖြင့် တွက်ဆနေမိသည်။ လက်ထဲရှိ မြေပုံကိုထုတ်ကြည့်ကာ မြောက်ပိုင်းဆီသို့ သွားနေမှန်းသိရသည်။ မြေပုံထဲမှ မော်တော်ကားလမ်းသည် မြောက်ပိုင်းတစ်နေရာ အရောက်တွင် အနောက်ဘက်သို့ ချိုးကွေ့သွားပြီး ကျွန်တော်သွားလိုသည့် မြို့ကလေးမှာ အဆုံးသတ်သည်။
နံနက် ၄ နာရီလောက်မှာ ဘတ်(စ်)ကားက တောင်တန်း တောင်ကုန်းတွေကြားမှ မောင်းနေသည်ကို သတိပြုမိသည်။ တစ်နေရာရောက်တော့ အတားအဆီးများနှင့် လုံခြုံရေး ဂိတ်တစ်ခုကို တွေ့သည်။ ဘတ်(စ်)ကားကြီး သည် ထိုနေရာတွင် အရှိန်လျော့ပြီး ရပ်လိုက်သည်။ ယူနီဖောင်းဝတ်လုံခြုံရေးတစ်ချို့ တက်လာပြီး ကျွန်တော်နားမလည် နိုင်သောစကားတွေပြောသည်။ သူတို့သည် အင်္ဂလိပ်စကားကို အသုံးမပြုသဖြင့် ဘာပြောမှန်းမသိ။ ကိုယ့်ဖာသာကိုယ် ဘာသာပြန်ကြည့်ပြီး ကျွန်တော်တို့ဆီမှာလို မှတ်ပုံတင်စစ်ရန် ကားအောက်ဆင်းခိုင်းသည်ထင်၍ ကားပေါ်မှ ဆင်းလိုက်သည်။ သံဆူးကြိုးများ ကာရံထားသည့် လမ်းဘေးတစ်နေရာမှာ မီးလင်းသော အဆောက်အအုံငယ်တစ်ခု ရှိသည်။
ကျွန်တော့်လိုပင် ခရီးသည်တချို့ အမျိုးသမီး၊ အမျိုးသားတချို့ ကားပေါ်မှ ဆင်းလာကြသည်။ အဆောက်အအုံထဲသို့ သူတို့တတွေလည်း တန်းစီပြီး ၀င်သွားသဖြင့် လိုက်ဝင်သွားမိသည်။ ဟိုကျလျှင် မှတ်ပုံတင်ပြရမည်ဟု ထင်သည်။ အောက်ဆင်းပြီး စခန်းအဆောက်အဦးထဲ ၀င်ရုံပင်ရှိသေး၊ ကျွန်တော်စီးလာသည့် ဘတ်(စ်)ကားကြီးက မောင်းထွက်သွားခဲ့သည်။ ဟိုက် ... ဒုက္ခပါပဲ။ ဘယ်လိုဖြစ်တာလဲ။ ကျွန်တော်ရှေ့ တွင် ရပ်နေသော ယူနီဖောင်းဝတ် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကို ဘာဖြစ်လို့ ကားထွက်သွားတာလဲဟု အင်္ဂလိပ်လို မေးကြည့်သည်။ ထိုအရာရှိသည် ကျွန်တော်ဘာပြောသည်ကို နားလည်ပုံမရ။ နောက်တစ်ယောက်ကို ကျွန်တော်ထပ် ပြော သည်။ ပြီးတော့ ကျွန်တော့်လက်ထဲမှ အနီရောင် နိုင်ငံကူးလက်မှတ်ကို ထုတ်ပြသည်။ ထိုအရာရှိသည် ကျွန်တော့်ပတ်(စ်)ပို့ကို အသေအချာကြည့်ပြီး အရာရှိဟု ယူဆရသူ နောက်တစ်ဦးကို ပြန်ပြသည်။ ကျွန်တော်က သည်နိုင်ငံထဲကို တရားဝင်လာရောက်ခြင်းဖြစ်ပြီး ဗီဇာသက်တမ်း မကုန်ဆုံးသေးသည်ကိုလည်း ရိုက်နှိပ်ထားသော တံဆိပ်တုံးနှင့် နေ့စွဲကိုကြည့်ပြီး သိနိုင်သည်။ ထိုအရာရှိသည် မပီမသ အင်္ဂလိပ်အသံထွက်ကို ပြောနိုင်ဆိုနိုင်ပြီး ခဏစောင့်ပါ။ နောက်ကားလာလျှင် တပ်ပေးလိုက်မည်ဟု ပြောသည်။
တကယ်တော့ ကျွန်တော်တုံးခဲ့တာပါ။ ယခု စစ်ဆေးရေးစခန်းသည် တရားမ၀င် ရောက်လာသည့် မြန်မာနိုင်ငံသားတွေကို ခေတ္တခေါ်ယူထားသည့် စစ်ဆေးရေးစခန်းဖြစ်သည်။ မှတ်ပုံတင် အထောက်အထား မရှိကြရှာသော မြန်မာအမျိုးသမီးအချို့ အလုပ်ကြမ်းသမား ဖြစ်ပုံရသော လူ ငယ် အမျိုးသား အချို့စုစုပေါင်း နှစ်ဆယ်ကျော် သုံးဆယ်နီးပါးခန့်ရှိမည့် ခရီးသည်တစ်စုသည် အဆိုပါစခန်း၏ ကြမ်းပြင်ပေါ်မှာ ငုပ်တုပ်ကလေး ကိုယ်စီပုံစံထိုင်ထိုင်နေကြရသည်ကို တွေ့ရသည်။ သူတို့တွေနှင့်ကျွန်တော် ဘာမျှမဆိုင်။ ကျွန်တော်က တရားဝင် နိုင်ငံကူးလက်မှတ်ကိုင် ဆောင်ထားပြီး သူတို့နိုင်ငံထဲမှာ နောက်ထပ်နှစ်ပတ်အထိ နေထိုင်ခွင့်ရှိနေသေးသော ပြည်ဝင်ခွင့် တံဆိပ်တုံး ရှိထားသူဖြစ်သည်။ ကိုယ့်ဆီမှာ မြို့အ၀င် မှတ်ပုံတင်စစ်ဖို့ ကားပေါ်မှဆင်းပြီး လမ်းလျှောက်ခိုင်းသည်ထင်၍ ကားအောက်ဆင်းခဲ့တာဖြစ်သည်။ တာဝန်ရှိသူက ကားပေါ်တက်လာပြီး ခရီးသွားမှတ်ပုံတင်မပါသူတွေ ကားအောက်ဆင်းရန် သူတို့ဘာသာစကားနှင့် ပြောသည်ကိုနားမလည်ဘဲ ယောင်တိယောင်ချာ ကားအောက်ဆင်းခဲ့မိခြင်းဖြစ်သည်။ တကယ်တော့ ကျွန်တော် ကားအောက်ဆင်းရန် မလိုပါ။
သူတို့ နိုင်ငံသားအချို့မှာ တုပ်တုပ်မျှမလှုပ်ဘဲ ကျွန်တော်စီးလာခဲ့သော ကားနှင့် ဆက်ပြီးပါသွားခဲ့ပြီ။ ကျွန်တော်သာလျှင် အူကြောင်ကြောင်နှင့် သူတို့စစ်ဆေးရေးစခန်းမှာ အိတ်တစ်လုံးနှင့်။ နောက်ကားလာလျှင် တင်ပေးလိုက်မည်ဆို၍ စခန်း၏ ထိုင်ခုံလေးပေါ်မှာ ကျွန်တော်ထိုင်နေသည်။ တရားဝင် မှတ်ပုံတင် အထောက်အထား မရှိကြသော မြန်မာတိုင်းရင်းသား၊ အမျိုးသား၊ အမျိုးသမီးတစ်စုမှာ စစ်ဆေးရေးစခန်းထဲမှာ ငုတ်တုပ်ထိုင်နေကြသည်။ သူတို့အား ဘယ် လို ဘယ်ပုံ ခေါ်ဆောင်သွားမည်ကို ကျွန်တော်မသိ။ ရင်ထဲမှာ နာကျင်ရသည်ကား 'ငါ့နိုင်ငံသူ၊ ငါ့နိုင်ငံသားတွေ ဒီလိုဒုက္ခဆင်းရဲတွေ ကြုံတွေနေရပါလား' ဆိုသည့်အသိ ဖြစ်သည်။ မီရောင် မှိန်ဖျော့ဖျော့အောက်မှာ သူတို့အားလုံးကိုသည်က တာဝန်ရှိသူ တွေ ဘယ်လိုစီရင်ချက်ချမည် မသိ။ ၁၅ မိနစ်ခန့် ကြာသောအခါ ကျွန်တော်သွားမည့်မြို့သို့ ထွက်ခွာမည့် ဘတ်(စ်)ကားကြီးတစ်စီး ဆိုက်ရောက်လာသည်။ တာဝန်ရှိသူက သူတို့ဘာသာစကားဖြင့် ဘာတွေပြောလိုက်သည်မသိ။ ကျွန်တော် ထိုဘတ်(စ်)ကားကြီးပေါ်တက်ပြီး ခရီးဆက်ခဲ့ရသည်။ နံနက်မိုးမသောက်၊ ဝေလီဝေလင်းအချိန်မှာတော့ ကျွန်တော်သည် သူငယ်ချင်းဖြစ်သူ နေထိုင်ရာမြို့ကလေး၏ အဝေးပြေးဂိတ်သို့ ရောက်ရှိခဲ့သည်။
မနေ့ညကတည်းက သူငယ်ချင်းနှင့် Online ပေါ်မှာ တွေ့ပြီးဖြစ်၍ သည်နေ့မနက် ကျွန်တော်ရောက်လာမည်ကို သူသိနေသည်။ အများသုံး တယ်လီဖုန်းနှင့် သူ့အား ဖုန်းခေါ်ပြီး သိပ်မကြာမီမှာပင် သူငယ်ချင်းသည် ဆိုင်ကယ်တစ်စီးဖြင့် အဝေးပြေး ကားဝင်းအတွင်းသို့ ရောက်ရှိ လာခဲ့သည်။ သုံးလေးနှစ်ခန့် မတွေ့ရသော သူငယ်ချင်းသည် ယခင်ကထက် ပိုဝလာသည်။ ငယ်ရုပ်ကတော့ မပြောင်းလဲ။ ကျွန်တော့်အားမြင်လျှင် အလွန်ဝမ်းသာအားရ ဖြစ်မိသောအပြုံးဖြင့် နှုတ်ဆက်သည်။ သူ့ဆိုင်ကယ် နောက်ကယ်ရီခုံပေါ်မှာ ကျွန်တော့်ကိုထိုင်စေပြီး သူခေါ် ရာနောက်သို့ လိုက်ခဲ့သည်။ အပြင်မှာ နံနက်မိုးသောက်ခဲ့ပြီ။ ရေမြေဒေသ အသစ်အဆန်းဖြစ်နေသော မြို့ကလေးမှာ ကျွန်တော့်အတွက် အထူးအဆန်းဖြစ်နေသည်။ လမ်းဆုံတစ်နေရာရောက်တော့ ''သူငယ်ချင်း စကားအကျယ်ကြီး မပြောနဲ့တော့၊ ဟိုကောင်တွေ ကြားသွားလိမ့်မယ်'' သူငယ်ချင်းဆိုလိုသော ''ဟိုကောင်တွေ''ဆိုသည်မှာ သည်ဒေသခံ 'ရဲ'တွေ ဖြစ်သည်။
သည်မြို့က ရဲတွေအဖို့ 'မြန်မာ'ဆိုလျှင် တွေ့ရာနေရာမှာ အချိန်မရွေး စစ်ဆေးပြီး လည်ပင်းညှစ်တတ်ကြသည်ဟု သူငယ်ချင်းက ဆိုသည်။ သူငယ်ချင်း၏ သတိပေးစကားကြောင့် လမ်းမှာ စကားကို ကျယ်ကျယ် မဟ၀ံ့တော့ဘဲ သူခေါ်ရာနောက် အသံတိတ် လိုက်ပါလာခဲ့သည်။ ရပ်ကွက်လမ်းချိုးများကို တစ်ခုပြီးတစ်ခု ချိုးကွေ့ပြီးနောက် သူငယ်ချင်းက သူနေထိုင်ရာ အိမ်ခန်းငယ်ရှေ့မှာ ဆိုင်ကယ်ကို ထိုးရပ်လိုက်သည်။ တန်းလျားသဏ္ဍာန်ရှိသော အဆောက်အဦးတစ်ခု၏ ကန့်ထားသော အခန်းငယ်မှာ သူငယ်ချင်းနေသည်။ အခန်းက သိပ်မကျယ်လွန်းလှ။ ထိုင်ခုံမရှိဘဲ ပလတ်စတစ် ကော်ဇောခင်းထားသော လေးပေပတ်လည်သာသာ အခန်းထဲမှာ တီဗီတစ်လုံး၊ စာအုပ်စင်တစ်ခုပဲ ရှိသည်။''ခဏထိုင်ဦးဗျာ၊ ကျွန်တော်စားစရာ တစ်ခုခုသွားဝယ် လိုက်ဦးမယ်''။ ဆိုင်ကယ်တဘုတ် ဘုတ်နိုး၍ သူငယ်ချင်းထွက်သွားတော့ သူ့အခန်းထဲမှာ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ နံရံပေါ်မှာ နေအိမ်အကျဉ်းစံခေါင်းဆောင်၏ ပြုံးရွှင်သော ပိုစတာကို တွေ့ရသည်။ ဂျာနယ်အဟောင်း၊ စာအုပ်အဟောင်းတွေက သူတို့နယ် မြေထဲမှာ လွတ်လွတ်လပ်လပ် ရေးသားထုတ်ဝေထားသော ဂျာနယ်တွေ၊ စာအုပ်တွေဖြစ်သည်။ ခဏကြာတော့ ဆိုင်ကယ်သံ တဘုတ်ဘုတ်နှင့် သူငယ်ချင်းပြန်ရောက်လာပြီး လက်ဖက်ရည်၊ မုန့်နှင့် စားစရာတွေလက်ထဲ ပါလာသည်။
''သူငယ်ချင်း ဘာမှအားမနာနဲ့ ဒါကိုယ့်အခန်းပဲ ''ကျွန်တော်တို့နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များကို စားမြုံ့ပြန်ကြသည်။ ရန်ကုန်မှ မိတ်တွေများအကြောင်း၊ သည်ဘက်ရောက်လာသော မိတ်ဆွေများအကြောင်း၊ သည်နေရာမှာ သူတို့ဘယ်လိုဘယ်ပုံ ရပ်တည်နေပုံအကြောင်း၊ ပြီးတော့ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် ကျွန်တော်တို့ ကျင်လည်နေကြသော စာနယ်ဇင်းလောကအကြောင်း။ ဘယ်နေရာရောက်ရောက် ပျော်ပျော်နေတတ်သော သူငယ်ချင်းသည် ယခုလည်း ပျော်ပျော်ပဲဖြစ်သည်။ ရယ်ကာမောကာနှင့် ကျွန်တော်တို့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အကြောင်း ပြောဖြစ်ကြသည်။ ကျွန်တော်ကတော့ သူ့အခန်းကျဉ်းကလေးထဲ ယခုလိုနေနေရသည်ကိုပင် အတော်လေး မွန်းကျပ်နေပြီ။
''ဘန်ကောက်လို၊ ချင်းမိုင်လို မြို့ကြီးတွေမှာ ခင်ဗျားနေသင့်တယ်။ အဲဒီဘာလို့သွားမနေတာလဲ''''မဟုတ်ဘူးဗျ။ ကျွန်တော် ဒီမှာ ပျော်တာ။ ဒီမြို့က မြန်မာပြည် နဲ့နီးသလို မြန်မာပြည်ကမြို့တစ်မြို့ လိုပဲဗျ။ ဒီမှာက အလုပ်လုပ်ရတာလဲ ပိုအဆင်ပြေတယ်လေ''
ဟိုတုန်းက စာနယ်ဇင်းသမားတစ်ဦးဖြစ်ခဲ့သော သူငယ်ချင်းသည် ယခုတော့ 'ဘလော့ဂ်ဂါ'တစ်ဦး ဖြစ်နေပြီ။ ရန်ကုန်မှာတုန်းက ကွန်ပျူတာကိုပင် ကောင်းစွာ မသုံးဖူးခဲ့သော သူငယ်ချင်းသည် ယခုတော့ အွန်လိုင်းမီဒီယာ သမားတစ်ဦး ဖြစ်နေပြီ။ သူ့ကိုကြည့်ရသည်မှာ အလွန်တက် ကြွနေသည်။ မိဝေး၊ ဖဝေး၊ တစ်နယ်တကျေးမှာ ရောက်ရှိနေသလို ဘယ်တော့မှ ပြန်သွားခွင့်မရှိတော့သော Exile တစ်ဦး၏ဘ၀ကို သူကျေနပ် နေပုံရသည်။ သူတို့အတွက် သည်နေရာသည် 'လွတ်မြောက်နယ်မြေ' (Liberated Area) ဖြစ်သည်။ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ဖော်ထုတ်ခွင့် အပြည့်ရထားသည့် Liberty နယ်မြေလည်း ဖြစ်သည်။ ခန္ဓာကိုယ်နှင့် စိတ်ဝိဥာဉ် တစ်သားတည်းကျသော နေရာ။ ထိတ်လန့်တုန်လှုပ်မှုနှင့် ကင်းဝေးလွတ်မြောက်ရာ (Freedom from Fear) နေရာ။
ပြည်ပ ခရီးတစ်ခုသွားတိုင်း၊ ပြည်ပလေဆိပ်တစ်ခုပေါ် အခြေချမိတိုင်း၊ စိတ်လွတ်လပ်ပေါ့ပါးခြင်း အရသာကို ခံစားဖူးသည်။ အနှောင်အဖွဲ့တစ်ခုအောက်မှ လွတ်မြောက်လာသော ငှက်ငယ်တစ်ကောင်၏ ရွှင်မြူးမှုမျိုးကို ခံစားရသည်။ ''တရားဥပဒေစိုးမိုးခြင်း''တည်းဟူသော အရိပ်အောက်တွင် လူပီသသော သတ္တိတွေရှိလာသည်။ မိမိအား ဥပဒေက အကာအကွယ်ပေးထားသည့်အတွက် မည်သူ့ကိုမျှ စိုးရွှံ့ထိတ်လန့်နေစရာ မလိုတော့။ ယခု သူငယ်ချင်းသည် ထိုအရပ်ထိုဒေသတွင် လူသားတစ်ဦး၏ ဂုဏ်အင်္ဂါ အပြည့်အ၀ဖြင့် သူယုံကြည်ရာကို သူလုပ်ကိုင်နေသည်။
''ခင်ဗျား သွားချင်တဲ့နေရာရှိ ရင် ကျွန်တော်လိုက်ပို့မယ်''
ကျွန်တော့်အတွက် သူစိမ်းမြို့ကလေးမှာ သွားချင်တာတွေ အများကြီးရှိသည်။ ကြည့်ချင်တာတွေ အများကြီးရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ က တောရွာတစ်ရွာသာ သာမျရှိခဲ့သော နယ်စပ်မြို့ကလေးမှာ ယခုတော့ အဝေးပြေး ကားလမ်းမကြီးတွေ၊ အိမ်ရာအဆောက်အဦးသစ်တွေ အတော်စည်ကားနေပြီ။ သည်မြို့က လူတွေကို ကျွန်တော်ကြည့်ချင်သည်။ သူတို့ဘ၀တွေကို ကျွန်တော်သိချင်သည်။ ကျွန်တော် အကြည့်ချင်ဆုံးကတော့ ကျွန်တော်တို့ ''မြန်မာပြည်''။ ပေ ၄၀၀ ခန့်ရှည်သော ထိုင်း မြန်မာ ချစ်ကြည်ရေတံတားကြီး၏ သည်ဘက်ထိပ်မှာ ကျွန်တော်တို့ ရပ်နေကြသည်။ ဟိုဝေးဝေးမှာ ဒေါနတောင်တန်းကြီးကို မှိန်ပျပျ မြင်နေရသည်။ အမိမြန်မာပြည်ကို အခြားသော တစ်ဖက်မှကြည့်၍ ခံစားရသော ခံစားမှုမှာ ၀မ်းနည်းခြင်း၊ နာ ကျင်ခြင်းတွေ ရောပြွမ်းနေသည်။ အဲသည် ဒေါနတောင်တန်းတွေပေါ်မှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ဘ၀များစွာ ဖြစ်တည်နေခဲ့ သည်။ နှစ်ပေါင်း ၆၀ ကျော် မငြိမ်းချမ်းခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ခြောက်ခြားဖွယ်ရာ တောတောင်များနှင့် အရိုင်းသဖွယ် ရှိနေဆဲ။ တံတားတစ် ဖက်ထိပ်ရှိ မြန်မာမြို့ကလေး၏ အဆောက်အဦးတစ်ခု ပေါ်မှာတော့ "MYANMAR BEER" ဆိုသော ဆိုင်းဘုတ်ကြီး။ သောင်းရင်းမြစ်ကမ်းပေါ်မှာ မြန်မာဘက်မှ အိမ်ခြေ အဆောက်အဦးတွေ တွေ့ရသည်။ တံတားအောက်မှာ သောင်တစ်ဝက် ထွန်းနေပြီး မြက်ရိုင်းတောတွေ ပေါက် နေသည်။ ရေစီးသိပ်မသန်လှသော ချောင်းတစ်ဖက်ကမ်းဆီမှ 'လူပဒေသာ' အစုများ တစ်စုပြီးတစ်စု သည်ဘက်မျောလာတာ တွေ့ရသည်။ ဧရာမအမည်းရောင် ဘောကွင်းကြီးပေါ်မှာ လူတွေတက်ထိုင်ကြပြီး တစ်ဖက်ကမ်း ကူးနေကြခြင်းဖြစ်သည်။ တံတားကြီးရှိသော်လည်း သူတို့သည် တံတားပေါ်မှ ဖြတ်မသွားကြ။ အဆိုပါဘောကွင်းကြီး ပေါ်တက်ပြီး ရေစီးအတိုင်းမျောချကာ တစ်ဖက်ကမ်း အရောက်ကူးနေခြင်းဖြစ်သည်။ "Cross border" ဆိုတာ ဒါပဲဖြစ်မည်။
သည်ဘက်ထိပ်မှာ ဈေးကလေး တစ်ခုရှိသည်။ စည်စည်ကားကားကြီး မဟုတ်လှသော်လည်း ဈေးဆိုင်အားလုံးနီးပါး မြန်မာထွက်ပစ္စည်းတွေ ပြသရောင်းချနေတာ တွေ့ရသည်။ အထူးသဖြင့် ကျောက်မျက်ရတနာနှင့် လက်မှုအနုပညာပစ္စည်းတွေ ဖြစ်သည်။ ဈေးသည်တွေက လည်း မြန်မာလိုပဲ ပြောကြသည်။ သူတို့ကို မေးကြည့်တော့''မြန်မာပြည်က လာပြီး အလုပ်လုပ်တာပါ''ဟု ဖြေသည်။ သူငယ်ချင်းသည် သူ၏ ဆိုင်ကယ်ဖြင့် နယ်စပ်မြို့ဈေးကို ပတ်မောင်းပြသည်။ ဈေးကြီးကတော့ စည်ကားရှုပ်ထွေးလှသည်။ ဈေးဆိုင်ခန်းများ၊ အဆောက်အဦးများ၊ လမ်းဘေးဈေးသည်များ၊ လမ်းကြိုလမ်းကြားများ၊ ကပြားမြို့တစ်မြို့လို ခံစားရသည်။ မြန်မာ မြို့ တစ်မြို့နှင့်တူသယောင်ယောင်ရှိ သော်လည်း ဒါမြန်မာပြည်မဟုတ်။ စကားပြောကြည့်လျင် ဈေးသည် တွေက မြန်မာလိုပြောသည့် မြန်မာ တွေဖြစ်နေသည်။ သည်မြို့မှာ ၂၄ နာရီ လျှပ်စစ်မီးရရှိပြီး အင်တာနက် Connection အပြည့်ရသည်။
မြို့ကလေး၏ တစ်နေရာမှာ သူငယ်ချင်းက သူ၏မိတ်တွေတချို့နှင့် ကျွန်တော့်ကို မိတ်ဆက်ပေးသည်။ သူ၏ မိတ်ဆွေများမှာလည်း သူငယ်ချင်းလိုပင် သည်နေရာကို ရောက်ရှိလာကြပြီး မိမိကိုယ်မိမိ မဲဇာပို့ကာ Exile ဘ၀ ခံယူထားကြသူတွေ ဖြစ်သည်။ သူတို့ထံမှတစ်ဆင့် သူတို့ဘ၀ ရပ်တည်နေပုံများကို သိခွင့်ရခဲ့သည်။ တချို့က ရေဒီယို သတင်းထောက်၊ တချို့က လှုပ်ရှားတက်ကြွသူ၊ တချို့က ကဗျာဆရာ၊ တချို့က ဂျာနယ်လစ်။ သည်မြို့ကလေးသို့ တိတ်ဆိပ်စွာ ရောက်ရှိလာခဲ့သော ကျွန်တော့်ကိုမြင်လျှင် သူတို့အားလုံး ၀မ်းသာအားရဖြစ်ကြသည်။ မြန်မာပြည်အကြောင်း အားပါးတရ ပြောကြသည်။ ကဗျာအကြောင်း စာအကြောင်း၊ သူငယ်ချင်း များ အကြောင်း ပြောဖြစ်ကြသည်။ သူတို့သည် ပြည်တွင်းကအကြောင်းများကို ခရေစေ့တွင်းကျ သိနေကြသည်။ ရေမြေခြားနေသော်လည်း သူတို့သည် သတင်းအလျဉ် မပြတ်ကြ။ တစ်ရက် နှစ်ရက်လောက် နေပါဦးဟု သူတို့ တောင်းဆိုကြသည်။ ကျွန်တော်သည် ဒေသမှာ အကြာကြီး မနေနိုင်။ ဘာမှလုပ်စရာမရှိဘဲ မနေချင်သလို သည်နေရာသို့ ကျွန်တော်လာခြင်းမှာ အန္တရာယ်မကင်းသော စွန့်စားမှုတစ်ခုဖြစ်သည်။ တရားဝင် ပြည်ဝင်ခွင့်ဖြင့် လာခဲ့ခြင်း ဖြစ်သော်လည်း (ထိုစဉ်အခြေအနေက) ပြည်တွင်းသို့ ပြန်ရောက်ခဲ့လျှင် ကျွန်တော့်အပေါ် အချိန်မရွေး အန္တရာယ်ကျရောက်လာနိုင်သည်။ မိမိကိုယ်မိမိ မလုံခြုံသော စိုးရိမ်ပူပန်ခြင်းက ကျွန်တော့်ကို စိုးမိုးနေသည်။
မည်သို့ပင်ဖြစ်စေ မတွေ့ရတာ ကြာပြီဖြစ်သော သူငယ်ချင်းများနှင့် ဆုံတွေ့ရသဖြင့် ကျွန်တော်ကြည်နူးပီတိ ဖြစ်ရသည်။ သူတို့သည် သူတို့ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ကျွန်တော့်မှာ သူတို့လို စွန်းစားဖို့ စိတ်သတ္တိမရှိ။ အမိမြေကို ထာဝရ စွန့်ခွာကျောခိုင်း ဖို့အထိ သံယောဇဉ်ဖြတ်နိုင်စွမ်းအား ကျွန်တော့်မှာမရှိ။ ကျွန်တော်၏ မိတ်ဆွေများစွာတို့သည် ရပ်ဝေးမြေခြားသို့ အကြောင်းပေါင်းစုံစွာဖြင့် ရောက်ရှိနေကြသည်။ သူတို့သည် အမိနိုင်ငံကို မချစ်၍မဟုတ်။ အများသူငါ ချစ်တာထက် သူတို့က အမိနိုင်ငံကို ပိုချစ်ကြသည်။
ဖြစ်နိုင်လျှင် သူတို့အားလုံး၊ ပြန်လာချင်ကြသည်။ မြန်မာမှု၊ မြန်မာဟန်၊ မြန်မာရနံ့ကို အလွန်တရာ မြတ်နိုးခုံမင်သော ကျွန်တော်ချစ်သည့် ကဗျာဆရာကြီးတစ်ဦးသည် သည်မှာဘက်မှ မြန်မာပြန်ဘက်ကမ်းသို့ လှမ်းမျော်ကြည့်မောရင်း အလွမ်းမျက်ရည် ဖြိုင်ဖြိုင်ကျခဲ့ဖူးတာကို သတိရမိသည်။ ယခု တော့ ထိုကဗျာဆရာကြီးသည် အမိနိုင်ငံသို့ ထာဝရပြန်မလာနိုင်တော့ခြင်းမျိုးဖြင့် ပြည်ပနိုင်ငံကြီးတစ်ခုမှာ ကွယ်လွန် သွားခဲ့ပြီဖြစ်သည်။ ထိုဆရာကြီးအတွက် ကျွန်တော်များစွာ စိတ်မကောင်းဖြစ်မိသည်။ ပြီးခဲ့သည့်ရက်များအတွင်း ကျွန်တော်၏ မိတ်ဆွေအချို့ အမိနိုင်ငံသို့ပြန် ရောက်လာကြသည်။ သူတို့သည် သူတို့ဘ၀ တစ်သက်တာတွင် ဘယ်တော့မှ ပြန်မလာနိုင်တော့ဟု ထင်ထားသည့်အတွက် အိပ်မက်ပမာဖြစ်နေကြသည်။ မိတ်ဆွေတချို့ကတော့ ယခုအချိန်ထိ ပြည်ပမှာ ကျန်နေသေးသည်။ ဖြစ်နိုင်လျှင် သူတို့တစ်တွေနှင့် ပြည်တွင်းမှာ ပျော်ပျော်ပါးပါး ပြန်လည်ဆုံတွေ့ချင်ပါသည်။ http://www.news-eleven.com/
အများသုံးတယ်လီဖုန်းရုံဘယ်မှာလဲ။ ခရီးသွားတချို့တလေ ဟိုမှာဒီမှာ ထိုင်နေ၊ ရပ်နေတာတွေ့ရသည်။ အပြင်မှာ နှင်းမကွဲသေးသလို အလင်းရောင်လည်း ပေါ်မလာသေး။ ခရီးသည်ကို မနေ့ညဦးပိုင်းက ကျွန်တော် စတင်ခဲ့သည်။ မြို့တော်၏ အဝေးပြေးယာဉ်စခန်းမှ သူငယ် ချင်းဖြစ်သူ နေထိုင်ရာမြို့ငယ်ကလေးသို့ ဘတ်(စ်)ကားလက်မှတ်ကို အလွယ်တကူ ၀ယ်ယူခဲ့ပြီး ည ၉ နာရီမှာ ကားစထွက်ခဲ့သည်။ ဆိုဖာထိုင်ခုံ၊ အဲယားကွန်း တပ်၊ ခေတ်မီ နှစ်ထပ်ကားကြီး၏ ရှေ့ပိုင်းခပ်ကျကျ တစ်နေရာမှာ ကျွန်တော်ထိုင်ပြီး လိုက်ပါခဲ့သည်။ မြို့တွေတစ်မြို့ပြီး တစ်မြို့ ဖြတ်ကျော်လာခဲ့သည်။ ဘယ်မြို့၊ ဘယ်ဒေသမှန်းမသိ၊ ညအမှောင်ထဲမှာ ဆိုတော့ လျှပ်စစ်မီးရောင် ထိန်ထိန်လင်းနေတာပဲ မြင်ရသည်။ ကျွန်တော့်အနီးအပါး ထိုင်ခုံများပေါ်က လူတွေကို ကျွန်တော်မသိ။ သူတို့ ပြောဆိုနေသော စကားကိုလည်း ကျွန်တော်နားမလည်။ နားလည်ဖို့လည်း မလို။ လမ်းက ဖြောင့်ဖြူးလွန်းသဖြင့် ဘတ်(စ်)ကားပေါ်မှာ ငြိမ်ငြိမ်သက်သက်ကလေး ငိုက်မြည်းလိုက်ပါနိုင်ခဲ့သည်။ ခရီးစဉ်ကို ကျွန်တော်စိတ်မှန်းဖြင့် တွက်ဆနေမိသည်။ လက်ထဲရှိ မြေပုံကိုထုတ်ကြည့်ကာ မြောက်ပိုင်းဆီသို့ သွားနေမှန်းသိရသည်။ မြေပုံထဲမှ မော်တော်ကားလမ်းသည် မြောက်ပိုင်းတစ်နေရာ အရောက်တွင် အနောက်ဘက်သို့ ချိုးကွေ့သွားပြီး ကျွန်တော်သွားလိုသည့် မြို့ကလေးမှာ အဆုံးသတ်သည်။
နံနက် ၄ နာရီလောက်မှာ ဘတ်(စ်)ကားက တောင်တန်း တောင်ကုန်းတွေကြားမှ မောင်းနေသည်ကို သတိပြုမိသည်။ တစ်နေရာရောက်တော့ အတားအဆီးများနှင့် လုံခြုံရေး ဂိတ်တစ်ခုကို တွေ့သည်။ ဘတ်(စ်)ကားကြီး သည် ထိုနေရာတွင် အရှိန်လျော့ပြီး ရပ်လိုက်သည်။ ယူနီဖောင်းဝတ်လုံခြုံရေးတစ်ချို့ တက်လာပြီး ကျွန်တော်နားမလည် နိုင်သောစကားတွေပြောသည်။ သူတို့သည် အင်္ဂလိပ်စကားကို အသုံးမပြုသဖြင့် ဘာပြောမှန်းမသိ။ ကိုယ့်ဖာသာကိုယ် ဘာသာပြန်ကြည့်ပြီး ကျွန်တော်တို့ဆီမှာလို မှတ်ပုံတင်စစ်ရန် ကားအောက်ဆင်းခိုင်းသည်ထင်၍ ကားပေါ်မှ ဆင်းလိုက်သည်။ သံဆူးကြိုးများ ကာရံထားသည့် လမ်းဘေးတစ်နေရာမှာ မီးလင်းသော အဆောက်အအုံငယ်တစ်ခု ရှိသည်။
ကျွန်တော့်လိုပင် ခရီးသည်တချို့ အမျိုးသမီး၊ အမျိုးသားတချို့ ကားပေါ်မှ ဆင်းလာကြသည်။ အဆောက်အအုံထဲသို့ သူတို့တတွေလည်း တန်းစီပြီး ၀င်သွားသဖြင့် လိုက်ဝင်သွားမိသည်။ ဟိုကျလျှင် မှတ်ပုံတင်ပြရမည်ဟု ထင်သည်။ အောက်ဆင်းပြီး စခန်းအဆောက်အဦးထဲ ၀င်ရုံပင်ရှိသေး၊ ကျွန်တော်စီးလာသည့် ဘတ်(စ်)ကားကြီးက မောင်းထွက်သွားခဲ့သည်။ ဟိုက် ... ဒုက္ခပါပဲ။ ဘယ်လိုဖြစ်တာလဲ။ ကျွန်တော်ရှေ့ တွင် ရပ်နေသော ယူနီဖောင်းဝတ် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကို ဘာဖြစ်လို့ ကားထွက်သွားတာလဲဟု အင်္ဂလိပ်လို မေးကြည့်သည်။ ထိုအရာရှိသည် ကျွန်တော်ဘာပြောသည်ကို နားလည်ပုံမရ။ နောက်တစ်ယောက်ကို ကျွန်တော်ထပ် ပြော သည်။ ပြီးတော့ ကျွန်တော့်လက်ထဲမှ အနီရောင် နိုင်ငံကူးလက်မှတ်ကို ထုတ်ပြသည်။ ထိုအရာရှိသည် ကျွန်တော့်ပတ်(စ်)ပို့ကို အသေအချာကြည့်ပြီး အရာရှိဟု ယူဆရသူ နောက်တစ်ဦးကို ပြန်ပြသည်။ ကျွန်တော်က သည်နိုင်ငံထဲကို တရားဝင်လာရောက်ခြင်းဖြစ်ပြီး ဗီဇာသက်တမ်း မကုန်ဆုံးသေးသည်ကိုလည်း ရိုက်နှိပ်ထားသော တံဆိပ်တုံးနှင့် နေ့စွဲကိုကြည့်ပြီး သိနိုင်သည်။ ထိုအရာရှိသည် မပီမသ အင်္ဂလိပ်အသံထွက်ကို ပြောနိုင်ဆိုနိုင်ပြီး ခဏစောင့်ပါ။ နောက်ကားလာလျှင် တပ်ပေးလိုက်မည်ဟု ပြောသည်။
ဟိုတုန်းက စာနယ်ဇင်းသမားတစ်ဦးဖြစ်ခဲ့သော သူငယ်ချင်းသည် ယခုတော့ 'ဘလော့ဂ်ဂါ'တစ်ဦး ဖြစ်နေပြီ။ ရန်ကုန်မှာတုန်းက ကွန်ပျူတာကိုပင် ကောင်းစွာမသုံးဖူးခဲ့သော သူငယ်ချင်းသည် ယခုတော့ အွန်လိုင်းမီဒီယာသမားတစ်ဦး ဖြစ်နေပြီ . . . |
သူတို့ နိုင်ငံသားအချို့မှာ တုပ်တုပ်မျှမလှုပ်ဘဲ ကျွန်တော်စီးလာခဲ့သော ကားနှင့် ဆက်ပြီးပါသွားခဲ့ပြီ။ ကျွန်တော်သာလျှင် အူကြောင်ကြောင်နှင့် သူတို့စစ်ဆေးရေးစခန်းမှာ အိတ်တစ်လုံးနှင့်။ နောက်ကားလာလျှင် တင်ပေးလိုက်မည်ဆို၍ စခန်း၏ ထိုင်ခုံလေးပေါ်မှာ ကျွန်တော်ထိုင်နေသည်။ တရားဝင် မှတ်ပုံတင် အထောက်အထား မရှိကြသော မြန်မာတိုင်းရင်းသား၊ အမျိုးသား၊ အမျိုးသမီးတစ်စုမှာ စစ်ဆေးရေးစခန်းထဲမှာ ငုတ်တုပ်ထိုင်နေကြသည်။ သူတို့အား ဘယ် လို ဘယ်ပုံ ခေါ်ဆောင်သွားမည်ကို ကျွန်တော်မသိ။ ရင်ထဲမှာ နာကျင်ရသည်ကား 'ငါ့နိုင်ငံသူ၊ ငါ့နိုင်ငံသားတွေ ဒီလိုဒုက္ခဆင်းရဲတွေ ကြုံတွေနေရပါလား' ဆိုသည့်အသိ ဖြစ်သည်။ မီရောင် မှိန်ဖျော့ဖျော့အောက်မှာ သူတို့အားလုံးကိုသည်က တာဝန်ရှိသူ တွေ ဘယ်လိုစီရင်ချက်ချမည် မသိ။ ၁၅ မိနစ်ခန့် ကြာသောအခါ ကျွန်တော်သွားမည့်မြို့သို့ ထွက်ခွာမည့် ဘတ်(စ်)ကားကြီးတစ်စီး ဆိုက်ရောက်လာသည်။ တာဝန်ရှိသူက သူတို့ဘာသာစကားဖြင့် ဘာတွေပြောလိုက်သည်မသိ။ ကျွန်တော် ထိုဘတ်(စ်)ကားကြီးပေါ်တက်ပြီး ခရီးဆက်ခဲ့ရသည်။ နံနက်မိုးမသောက်၊ ဝေလီဝေလင်းအချိန်မှာတော့ ကျွန်တော်သည် သူငယ်ချင်းဖြစ်သူ နေထိုင်ရာမြို့ကလေး၏ အဝေးပြေးဂိတ်သို့ ရောက်ရှိခဲ့သည်။
မနေ့ညကတည်းက သူငယ်ချင်းနှင့် Online ပေါ်မှာ တွေ့ပြီးဖြစ်၍ သည်နေ့မနက် ကျွန်တော်ရောက်လာမည်ကို သူသိနေသည်။ အများသုံး တယ်လီဖုန်းနှင့် သူ့အား ဖုန်းခေါ်ပြီး သိပ်မကြာမီမှာပင် သူငယ်ချင်းသည် ဆိုင်ကယ်တစ်စီးဖြင့် အဝေးပြေး ကားဝင်းအတွင်းသို့ ရောက်ရှိ လာခဲ့သည်။ သုံးလေးနှစ်ခန့် မတွေ့ရသော သူငယ်ချင်းသည် ယခင်ကထက် ပိုဝလာသည်။ ငယ်ရုပ်ကတော့ မပြောင်းလဲ။ ကျွန်တော့်အားမြင်လျှင် အလွန်ဝမ်းသာအားရ ဖြစ်မိသောအပြုံးဖြင့် နှုတ်ဆက်သည်။ သူ့ဆိုင်ကယ် နောက်ကယ်ရီခုံပေါ်မှာ ကျွန်တော့်ကိုထိုင်စေပြီး သူခေါ် ရာနောက်သို့ လိုက်ခဲ့သည်။ အပြင်မှာ နံနက်မိုးသောက်ခဲ့ပြီ။ ရေမြေဒေသ အသစ်အဆန်းဖြစ်နေသော မြို့ကလေးမှာ ကျွန်တော့်အတွက် အထူးအဆန်းဖြစ်နေသည်။ လမ်းဆုံတစ်နေရာရောက်တော့ ''သူငယ်ချင်း စကားအကျယ်ကြီး မပြောနဲ့တော့၊ ဟိုကောင်တွေ ကြားသွားလိမ့်မယ်'' သူငယ်ချင်းဆိုလိုသော ''ဟိုကောင်တွေ''ဆိုသည်မှာ သည်ဒေသခံ 'ရဲ'တွေ ဖြစ်သည်။
သည်မြို့က ရဲတွေအဖို့ 'မြန်မာ'ဆိုလျှင် တွေ့ရာနေရာမှာ အချိန်မရွေး စစ်ဆေးပြီး လည်ပင်းညှစ်တတ်ကြသည်ဟု သူငယ်ချင်းက ဆိုသည်။ သူငယ်ချင်း၏ သတိပေးစကားကြောင့် လမ်းမှာ စကားကို ကျယ်ကျယ် မဟ၀ံ့တော့ဘဲ သူခေါ်ရာနောက် အသံတိတ် လိုက်ပါလာခဲ့သည်။ ရပ်ကွက်လမ်းချိုးများကို တစ်ခုပြီးတစ်ခု ချိုးကွေ့ပြီးနောက် သူငယ်ချင်းက သူနေထိုင်ရာ အိမ်ခန်းငယ်ရှေ့မှာ ဆိုင်ကယ်ကို ထိုးရပ်လိုက်သည်။ တန်းလျားသဏ္ဍာန်ရှိသော အဆောက်အဦးတစ်ခု၏ ကန့်ထားသော အခန်းငယ်မှာ သူငယ်ချင်းနေသည်။ အခန်းက သိပ်မကျယ်လွန်းလှ။ ထိုင်ခုံမရှိဘဲ ပလတ်စတစ် ကော်ဇောခင်းထားသော လေးပေပတ်လည်သာသာ အခန်းထဲမှာ တီဗီတစ်လုံး၊ စာအုပ်စင်တစ်ခုပဲ ရှိသည်။''ခဏထိုင်ဦးဗျာ၊ ကျွန်တော်စားစရာ တစ်ခုခုသွားဝယ် လိုက်ဦးမယ်''။ ဆိုင်ကယ်တဘုတ် ဘုတ်နိုး၍ သူငယ်ချင်းထွက်သွားတော့ သူ့အခန်းထဲမှာ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ နံရံပေါ်မှာ နေအိမ်အကျဉ်းစံခေါင်းဆောင်၏ ပြုံးရွှင်သော ပိုစတာကို တွေ့ရသည်။ ဂျာနယ်အဟောင်း၊ စာအုပ်အဟောင်းတွေက သူတို့နယ် မြေထဲမှာ လွတ်လွတ်လပ်လပ် ရေးသားထုတ်ဝေထားသော ဂျာနယ်တွေ၊ စာအုပ်တွေဖြစ်သည်။ ခဏကြာတော့ ဆိုင်ကယ်သံ တဘုတ်ဘုတ်နှင့် သူငယ်ချင်းပြန်ရောက်လာပြီး လက်ဖက်ရည်၊ မုန့်နှင့် စားစရာတွေလက်ထဲ ပါလာသည်။
''သူငယ်ချင်း ဘာမှအားမနာနဲ့ ဒါကိုယ့်အခန်းပဲ ''ကျွန်တော်တို့နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များကို စားမြုံ့ပြန်ကြသည်။ ရန်ကုန်မှ မိတ်တွေများအကြောင်း၊ သည်ဘက်ရောက်လာသော မိတ်ဆွေများအကြောင်း၊ သည်နေရာမှာ သူတို့ဘယ်လိုဘယ်ပုံ ရပ်တည်နေပုံအကြောင်း၊ ပြီးတော့ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် ကျွန်တော်တို့ ကျင်လည်နေကြသော စာနယ်ဇင်းလောကအကြောင်း။ ဘယ်နေရာရောက်ရောက် ပျော်ပျော်နေတတ်သော သူငယ်ချင်းသည် ယခုလည်း ပျော်ပျော်ပဲဖြစ်သည်။ ရယ်ကာမောကာနှင့် ကျွန်တော်တို့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အကြောင်း ပြောဖြစ်ကြသည်။ ကျွန်တော်ကတော့ သူ့အခန်းကျဉ်းကလေးထဲ ယခုလိုနေနေရသည်ကိုပင် အတော်လေး မွန်းကျပ်နေပြီ။
''ဘန်ကောက်လို၊ ချင်းမိုင်လို မြို့ကြီးတွေမှာ ခင်ဗျားနေသင့်တယ်။ အဲဒီဘာလို့သွားမနေတာလဲ''''မဟုတ်ဘူးဗျ။ ကျွန်တော် ဒီမှာ ပျော်တာ။ ဒီမြို့က မြန်မာပြည် နဲ့နီးသလို မြန်မာပြည်ကမြို့တစ်မြို့ လိုပဲဗျ။ ဒီမှာက အလုပ်လုပ်ရတာလဲ ပိုအဆင်ပြေတယ်လေ''
ဟိုတုန်းက စာနယ်ဇင်းသမားတစ်ဦးဖြစ်ခဲ့သော သူငယ်ချင်းသည် ယခုတော့ 'ဘလော့ဂ်ဂါ'တစ်ဦး ဖြစ်နေပြီ။ ရန်ကုန်မှာတုန်းက ကွန်ပျူတာကိုပင် ကောင်းစွာ မသုံးဖူးခဲ့သော သူငယ်ချင်းသည် ယခုတော့ အွန်လိုင်းမီဒီယာ သမားတစ်ဦး ဖြစ်နေပြီ။ သူ့ကိုကြည့်ရသည်မှာ အလွန်တက် ကြွနေသည်။ မိဝေး၊ ဖဝေး၊ တစ်နယ်တကျေးမှာ ရောက်ရှိနေသလို ဘယ်တော့မှ ပြန်သွားခွင့်မရှိတော့သော Exile တစ်ဦး၏ဘ၀ကို သူကျေနပ် နေပုံရသည်။ သူတို့အတွက် သည်နေရာသည် 'လွတ်မြောက်နယ်မြေ' (Liberated Area) ဖြစ်သည်။ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ဖော်ထုတ်ခွင့် အပြည့်ရထားသည့် Liberty နယ်မြေလည်း ဖြစ်သည်။ ခန္ဓာကိုယ်နှင့် စိတ်ဝိဥာဉ် တစ်သားတည်းကျသော နေရာ။ ထိတ်လန့်တုန်လှုပ်မှုနှင့် ကင်းဝေးလွတ်မြောက်ရာ (Freedom from Fear) နေရာ။
ပြည်ပ ခရီးတစ်ခုသွားတိုင်း၊ ပြည်ပလေဆိပ်တစ်ခုပေါ် အခြေချမိတိုင်း၊ စိတ်လွတ်လပ်ပေါ့ပါးခြင်း အရသာကို ခံစားဖူးသည်။ အနှောင်အဖွဲ့တစ်ခုအောက်မှ လွတ်မြောက်လာသော ငှက်ငယ်တစ်ကောင်၏ ရွှင်မြူးမှုမျိုးကို ခံစားရသည်။ ''တရားဥပဒေစိုးမိုးခြင်း''တည်းဟူသော အရိပ်အောက်တွင် လူပီသသော သတ္တိတွေရှိလာသည်။ မိမိအား ဥပဒေက အကာအကွယ်ပေးထားသည့်အတွက် မည်သူ့ကိုမျှ စိုးရွှံ့ထိတ်လန့်နေစရာ မလိုတော့။ ယခု သူငယ်ချင်းသည် ထိုအရပ်ထိုဒေသတွင် လူသားတစ်ဦး၏ ဂုဏ်အင်္ဂါ အပြည့်အ၀ဖြင့် သူယုံကြည်ရာကို သူလုပ်ကိုင်နေသည်။
''ခင်ဗျား သွားချင်တဲ့နေရာရှိ ရင် ကျွန်တော်လိုက်ပို့မယ်''
ကျွန်တော့်အတွက် သူစိမ်းမြို့ကလေးမှာ သွားချင်တာတွေ အများကြီးရှိသည်။ ကြည့်ချင်တာတွေ အများကြီးရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ က တောရွာတစ်ရွာသာ သာမျရှိခဲ့သော နယ်စပ်မြို့ကလေးမှာ ယခုတော့ အဝေးပြေး ကားလမ်းမကြီးတွေ၊ အိမ်ရာအဆောက်အဦးသစ်တွေ အတော်စည်ကားနေပြီ။ သည်မြို့က လူတွေကို ကျွန်တော်ကြည့်ချင်သည်။ သူတို့ဘ၀တွေကို ကျွန်တော်သိချင်သည်။ ကျွန်တော် အကြည့်ချင်ဆုံးကတော့ ကျွန်တော်တို့ ''မြန်မာပြည်''။ ပေ ၄၀၀ ခန့်ရှည်သော ထိုင်း မြန်မာ ချစ်ကြည်ရေတံတားကြီး၏ သည်ဘက်ထိပ်မှာ ကျွန်တော်တို့ ရပ်နေကြသည်။ ဟိုဝေးဝေးမှာ ဒေါနတောင်တန်းကြီးကို မှိန်ပျပျ မြင်နေရသည်။ အမိမြန်မာပြည်ကို အခြားသော တစ်ဖက်မှကြည့်၍ ခံစားရသော ခံစားမှုမှာ ၀မ်းနည်းခြင်း၊ နာ ကျင်ခြင်းတွေ ရောပြွမ်းနေသည်။ အဲသည် ဒေါနတောင်တန်းတွေပေါ်မှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ဘ၀များစွာ ဖြစ်တည်နေခဲ့ သည်။ နှစ်ပေါင်း ၆၀ ကျော် မငြိမ်းချမ်းခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ခြောက်ခြားဖွယ်ရာ တောတောင်များနှင့် အရိုင်းသဖွယ် ရှိနေဆဲ။ တံတားတစ် ဖက်ထိပ်ရှိ မြန်မာမြို့ကလေး၏ အဆောက်အဦးတစ်ခု ပေါ်မှာတော့ "MYANMAR BEER" ဆိုသော ဆိုင်းဘုတ်ကြီး။ သောင်းရင်းမြစ်ကမ်းပေါ်မှာ မြန်မာဘက်မှ အိမ်ခြေ အဆောက်အဦးတွေ တွေ့ရသည်။ တံတားအောက်မှာ သောင်တစ်ဝက် ထွန်းနေပြီး မြက်ရိုင်းတောတွေ ပေါက် နေသည်။ ရေစီးသိပ်မသန်လှသော ချောင်းတစ်ဖက်ကမ်းဆီမှ 'လူပဒေသာ' အစုများ တစ်စုပြီးတစ်စု သည်ဘက်မျောလာတာ တွေ့ရသည်။ ဧရာမအမည်းရောင် ဘောကွင်းကြီးပေါ်မှာ လူတွေတက်ထိုင်ကြပြီး တစ်ဖက်ကမ်း ကူးနေကြခြင်းဖြစ်သည်။ တံတားကြီးရှိသော်လည်း သူတို့သည် တံတားပေါ်မှ ဖြတ်မသွားကြ။ အဆိုပါဘောကွင်းကြီး ပေါ်တက်ပြီး ရေစီးအတိုင်းမျောချကာ တစ်ဖက်ကမ်း အရောက်ကူးနေခြင်းဖြစ်သည်။ "Cross border" ဆိုတာ ဒါပဲဖြစ်မည်။
သည်ဘက်ထိပ်မှာ ဈေးကလေး တစ်ခုရှိသည်။ စည်စည်ကားကားကြီး မဟုတ်လှသော်လည်း ဈေးဆိုင်အားလုံးနီးပါး မြန်မာထွက်ပစ္စည်းတွေ ပြသရောင်းချနေတာ တွေ့ရသည်။ အထူးသဖြင့် ကျောက်မျက်ရတနာနှင့် လက်မှုအနုပညာပစ္စည်းတွေ ဖြစ်သည်။ ဈေးသည်တွေက လည်း မြန်မာလိုပဲ ပြောကြသည်။ သူတို့ကို မေးကြည့်တော့''မြန်မာပြည်က လာပြီး အလုပ်လုပ်တာပါ''ဟု ဖြေသည်။ သူငယ်ချင်းသည် သူ၏ ဆိုင်ကယ်ဖြင့် နယ်စပ်မြို့ဈေးကို ပတ်မောင်းပြသည်။ ဈေးကြီးကတော့ စည်ကားရှုပ်ထွေးလှသည်။ ဈေးဆိုင်ခန်းများ၊ အဆောက်အဦးများ၊ လမ်းဘေးဈေးသည်များ၊ လမ်းကြိုလမ်းကြားများ၊ ကပြားမြို့တစ်မြို့လို ခံစားရသည်။ မြန်မာ မြို့ တစ်မြို့နှင့်တူသယောင်ယောင်ရှိ သော်လည်း ဒါမြန်မာပြည်မဟုတ်။ စကားပြောကြည့်လျင် ဈေးသည် တွေက မြန်မာလိုပြောသည့် မြန်မာ တွေဖြစ်နေသည်။ သည်မြို့မှာ ၂၄ နာရီ လျှပ်စစ်မီးရရှိပြီး အင်တာနက် Connection အပြည့်ရသည်။
မြို့ကလေး၏ တစ်နေရာမှာ သူငယ်ချင်းက သူ၏မိတ်တွေတချို့နှင့် ကျွန်တော့်ကို မိတ်ဆက်ပေးသည်။ သူ၏ မိတ်ဆွေများမှာလည်း သူငယ်ချင်းလိုပင် သည်နေရာကို ရောက်ရှိလာကြပြီး မိမိကိုယ်မိမိ မဲဇာပို့ကာ Exile ဘ၀ ခံယူထားကြသူတွေ ဖြစ်သည်။ သူတို့ထံမှတစ်ဆင့် သူတို့ဘ၀ ရပ်တည်နေပုံများကို သိခွင့်ရခဲ့သည်။ တချို့က ရေဒီယို သတင်းထောက်၊ တချို့က လှုပ်ရှားတက်ကြွသူ၊ တချို့က ကဗျာဆရာ၊ တချို့က ဂျာနယ်လစ်။ သည်မြို့ကလေးသို့ တိတ်ဆိပ်စွာ ရောက်ရှိလာခဲ့သော ကျွန်တော့်ကိုမြင်လျှင် သူတို့အားလုံး ၀မ်းသာအားရဖြစ်ကြသည်။ မြန်မာပြည်အကြောင်း အားပါးတရ ပြောကြသည်။ ကဗျာအကြောင်း စာအကြောင်း၊ သူငယ်ချင်း များ အကြောင်း ပြောဖြစ်ကြသည်။ သူတို့သည် ပြည်တွင်းကအကြောင်းများကို ခရေစေ့တွင်းကျ သိနေကြသည်။ ရေမြေခြားနေသော်လည်း သူတို့သည် သတင်းအလျဉ် မပြတ်ကြ။ တစ်ရက် နှစ်ရက်လောက် နေပါဦးဟု သူတို့ တောင်းဆိုကြသည်။ ကျွန်တော်သည် ဒေသမှာ အကြာကြီး မနေနိုင်။ ဘာမှလုပ်စရာမရှိဘဲ မနေချင်သလို သည်နေရာသို့ ကျွန်တော်လာခြင်းမှာ အန္တရာယ်မကင်းသော စွန့်စားမှုတစ်ခုဖြစ်သည်။ တရားဝင် ပြည်ဝင်ခွင့်ဖြင့် လာခဲ့ခြင်း ဖြစ်သော်လည်း (ထိုစဉ်အခြေအနေက) ပြည်တွင်းသို့ ပြန်ရောက်ခဲ့လျှင် ကျွန်တော့်အပေါ် အချိန်မရွေး အန္တရာယ်ကျရောက်လာနိုင်သည်။ မိမိကိုယ်မိမိ မလုံခြုံသော စိုးရိမ်ပူပန်ခြင်းက ကျွန်တော့်ကို စိုးမိုးနေသည်။
မည်သို့ပင်ဖြစ်စေ မတွေ့ရတာ ကြာပြီဖြစ်သော သူငယ်ချင်းများနှင့် ဆုံတွေ့ရသဖြင့် ကျွန်တော်ကြည်နူးပီတိ ဖြစ်ရသည်။ သူတို့သည် သူတို့ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ကျွန်တော့်မှာ သူတို့လို စွန်းစားဖို့ စိတ်သတ္တိမရှိ။ အမိမြေကို ထာဝရ စွန့်ခွာကျောခိုင်း ဖို့အထိ သံယောဇဉ်ဖြတ်နိုင်စွမ်းအား ကျွန်တော့်မှာမရှိ။ ကျွန်တော်၏ မိတ်ဆွေများစွာတို့သည် ရပ်ဝေးမြေခြားသို့ အကြောင်းပေါင်းစုံစွာဖြင့် ရောက်ရှိနေကြသည်။ သူတို့သည် အမိနိုင်ငံကို မချစ်၍မဟုတ်။ အများသူငါ ချစ်တာထက် သူတို့က အမိနိုင်ငံကို ပိုချစ်ကြသည်။
ဖြစ်နိုင်လျှင် သူတို့အားလုံး၊ ပြန်လာချင်ကြသည်။ မြန်မာမှု၊ မြန်မာဟန်၊ မြန်မာရနံ့ကို အလွန်တရာ မြတ်နိုးခုံမင်သော ကျွန်တော်ချစ်သည့် ကဗျာဆရာကြီးတစ်ဦးသည် သည်မှာဘက်မှ မြန်မာပြန်ဘက်ကမ်းသို့ လှမ်းမျော်ကြည့်မောရင်း အလွမ်းမျက်ရည် ဖြိုင်ဖြိုင်ကျခဲ့ဖူးတာကို သတိရမိသည်။ ယခု တော့ ထိုကဗျာဆရာကြီးသည် အမိနိုင်ငံသို့ ထာဝရပြန်မလာနိုင်တော့ခြင်းမျိုးဖြင့် ပြည်ပနိုင်ငံကြီးတစ်ခုမှာ ကွယ်လွန် သွားခဲ့ပြီဖြစ်သည်။ ထိုဆရာကြီးအတွက် ကျွန်တော်များစွာ စိတ်မကောင်းဖြစ်မိသည်။ ပြီးခဲ့သည့်ရက်များအတွင်း ကျွန်တော်၏ မိတ်ဆွေအချို့ အမိနိုင်ငံသို့ပြန် ရောက်လာကြသည်။ သူတို့သည် သူတို့ဘ၀ တစ်သက်တာတွင် ဘယ်တော့မှ ပြန်မလာနိုင်တော့ဟု ထင်ထားသည့်အတွက် အိပ်မက်ပမာဖြစ်နေကြသည်။ မိတ်ဆွေတချို့ကတော့ ယခုအချိန်ထိ ပြည်ပမှာ ကျန်နေသေးသည်။ ဖြစ်နိုင်လျှင် သူတို့တစ်တွေနှင့် ပြည်တွင်းမှာ ပျော်ပျော်ပါးပါး ပြန်လည်ဆုံတွေ့ချင်ပါသည်။ http://www.news-eleven.com/
0 comments:
Post a Comment