http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Mar 2012

မြန်မာနှင့် အိုင်ယာလန် စောင်းပညာ ရှင်ချင်း နှီးနှောဖလှယ်

မြန်မာ စောင်းပညာ ရှင်များနှင့် အိုင်ယာလန် စောင်းပညာရှင် တို့ အချင်းချင်း နှီးနှော ဖလှယ်ပွဲကို ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ ဂီတမိတ်တွင် မတ် ၂၀ ရက်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာစောင်းနှင့် အိုင်ယာလန် စောင်းပညာရှင်တို့မှာ အဓိကအား ဖြင့် ကြိုးသာ ကွာခြားကြောင်း မြန်မာစောင်းမှာ ကြိုးအရေအတွက် ၁၆ ချောင်းရှိပြီး သံစဉ် ပြည့်မပါဝင် ကြောင်း၊ အိုင်ယာလန် စောင်းမှာ ကြိုး ၃၄ ချောင်းပါရှိပြီး သံစဉ်ပြည့် ပါရှိကြောင်း၊ မြန်မာ့စောင်းကို ရှေး ယခင်ကလက်နှစ်ချောင်း (လက်ညှိုး နှင့်လက်မ)ဖြင့်သာ အသုံးပြု တီးခတ်ခဲ့ပြီး ယခုခေတ်တွင် တီထွင်ဆန်း သစ်မှုဖြင့် လက် ၅ ချောင်း၊ လက် ၁၀ ချောင်းဖြင့်တီးခတ်လာကြ ကြောင်း၊ အိုင်ယာလန် စောင်းပညာသည် လက်သန်းမပါ ကျန်လက် ၄ ချောင်းဖြင့်သာ တီးခတ်ခဲ့ကြောင်းသိ ရသည်။
" စောင်းပညာကကွာခြားချက် မရှိပါဘူး၊ အဓိက က ကြိုးပဲကွာတာ၊ ကျွန်တော်တို့ မြန်မာစောင်းသက် တမ်းက ဟိုးယခင်မြတ်စွာဘုရား လက်ထက်ကတည်းက တရားဟော ရာမှာ " မလျော့မတင်း၊ စောင်းကြိုး ညှင်းဆိုပြီး ဥပမာနဲ့ နှီးနှောဖလှယ် ခွင့်ရတဲ့အတွက် မြန်မာစောင်းကို ကမ္ဘာကသိသွားတယ်"ဟု ဦးဝင်း မောင်မှ ဆိုသည်။
အိုင်ယာလန် နိုင်ငံမှ စောင်း ပညာရှင် Michelle Muleahy သည် စောင်းပညာဖန်တီးရှင်အဖြစ် ဥရောပ၊ အမေရိကန်၊ တရုတ်၊ ဗီယက်နမ်ကဲ့သို့ နိုင်ငံများတွင် စောင်းပညာ လှည့်လည် သင်ကြားခဲ့ ကြောင်း Michelle ကို ကမ္ဘာပေါ်ရှိ လက်ရှိထင်ရှားသည့် ဂီတပညာရှင် တစ်ယောက်အဖြစ် လက်ခံထား ကြောင်းသိရသည်။   http://www.yoyarlay.com/entertainment/entertainment/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif