ရုပ်ရှင်မင်းသားရဲထိုက်သည် ဒေါ်အောင်ဆန်းစြု ကည်ကိုယ်စား မကွေးတိုင်း မြိုင်မြို့နယ်သို့ ၂၀.၃.၁၂ နေ့ညနေကရောက်ခဲ့သည်။ည ၇နာရီခန့်တွင် ကံနီကျေးရွာသို့ရောက်လာပြီး ကျေးရွာရှိ ဆိုင်းဘုတ်တင်မည့်အဖွဲ့ချုပ်ပါတီရုံးသို့ စည်းရုံးရေးအတွက် သူ့ကားတန်းဖြင့်သွားရောက်စဉ် ဒေသခံလူများက ရှေ့နောက်ဝဲယာတို့က ၀န်းရံအားပေးကြည့်ခဲ့ကြပါသည်။
ည ၇နာရီ၄၅မိနစ်ခန့်တွင် ကြည့်ကန်ရွာမှလာကြည့်သော ၄တန်းကျောင်းသူမ..အပေါ်သို့ အုတ်နီခဲဖြတ်ပိုင်းကျိုး တစ်လုံးထိမှန်လာပါသည်။ထိုကလေးမကလေးမှာ နေရာမှာပင်လဲကျသွားပြီး ချက်ခြင်းသတိရသွားကာ ဒေသခံတို့က ကူညီပြုစုပေးလိုက်ရပါသည်။
အဆိုပါ အုတ်နီခဲဖြင့် ထုပေါက်သွားသူကို မျက်မြင်များကသိလိုက်ကြပြီး ထိုစဉ်က ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးခရီးစဉ်တွင် ကားမောင်းလိုက်ပါလာခဲ့သော ကားဒရိုင်ဘာ ကိုကျော်ကြားဆိုသူ(ကံနီရွာသား)ဟုပြောကြပါသည်။
ယင်းကို လင်းကတောရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု သိရသည်။ ရဲတိုက်သည် ထိုရွာမှအပြန်တွင်မြိုင်သို့ခဏ၀င်ပြီးညတွင် ပခုက္ကူမြို့သို့သွားရောက်အိပ်သည်ဟုသိရပါသည်။

http://www.thithtoolwin.com/2012/03/blog-pos

Kuala Lumpur Time

0 comments:
Post a Comment