http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Mar 2012

ကျွန်တော် ဟာ အဘိုးအိုရော်ဘင် မဖြစ်သေးပါဘူး - အာဂျန်ရော်ဘင်

ဘေယန်မြူးနစ် တောင်ပံကစားသမား အာဂျန်ရော်ဘင်က သူ၏လက်ရှိခြေစွမ်းအား  ကျေနပ်အားရမှု မရှိသေးကြောင်းနှင့် သူ့အနေနှင့် မကြာမီအချိန်အတွင်း အရင်ခြေစွမ်းအား ပြန်လည်ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ယခုနှစ်ရာသီတွင် ဒဏ်ရာများကြောင့် ပုံမှန်ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသည့် ရော်ဘင်သည် ပြီးခဲ့သည့် ပွဲစဉ်များတွင် ခြေစွမ်းပြကာ၊ ဂိုးများသွင်းယူလာနိုင်သော်လည်း၊ ရော်ဘင်က သူ၏လက်ရှိခြေစွမ်းအား ကျေနပ်အားရမှုမရှိသေးကြောင်းနှင့်၊ အရင်ခြေစွမ်းအား မမီသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီပြီး၊ ကစားနေကြတာပါ၊ တစ်ဦးချင်းအနေနဲ့ကြည့်မယ်ဆိုရင်၊ ကျွန်တော်ဟာ အရင်ခြေစွမ်းကို မရသေးပါဘူး၊ ဒါပေမယ့် ကျွန်တော်ဟာ အဘိုးအိုရော်ဘင် မဖြစ်သေးပါဘူး၊ ဒါကြောင့် ကျွန်တော့်အနေနဲ့ အများကြီး တိုးတက်နိုင်ပါသေးတယ်၊ မကြာခင်အချိန်အတိုင်း အရင်ခြေစွမ်းကို ပြန်လည်ရရှိမှာပါ ” ဟု ရော်ဘင်က ဂျာမန် မီဒီယာအား စနေနေ့တွင် ပြောကြားခဲ့သည်။

သို့ပါသော်လည်း အာဂျန်ရော်ဘင်သည် ပြီးခဲ့သည့် စနေနေ့က ဟာသာဘာလင်အသင်းအား (၆-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဘွန်ဒက်လီဂါပွဲစဉ်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။
Written by : ပီတာလေး    2012-03-18 17:44:02  

http://mutdfan.com/index.php/readmore/post/41859

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif