ဘာစီလိုနာနောက်ခံလူ ပီကေးလ်က အသည်းအစားထိုးခွဲစိတ်ကုသမှုခံယူရမည့် အသင်းဖော် အဘီဒယ်လ်အား ခွဲစိတ်မှု အောင်မြင်ပြီး၊ အသက်ဆက်ရှင်စေလိုကြောင်းနှင့် ဆီဗီလာအသင်းနှင့်နိုင်ပွဲအား အဘီဒယ်လ်အတွက် ရည်ညွှန်းကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
အသည်းတွင် အသားပိုရှိနေခြင်းကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရဖူးသည့် ပြင်သစ်လက်ရွေးစင် အဘီဒယ်လ်သည် မကြာသေးမီက ဆေးစစ်ချက်များအရ၊ အသည်းအား နောက်တစ်ကြိမ် ခွဲစိတ်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။
“ သူဟာ လက်ရှိမှာ ကျွန်တော်တို့ရဲ့မေတ္တာတရားတွေ၊ အကူအညီတွေ လိုအပ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့လည်း သူ့ကို အသက်ရှင်စေချင်ပါတယ် ” ဟု ပီကေးလ်က ပြောကြားသွားခဲ့သည်။
ထို့အပြင် ပီကေးလ်က ဘာစီလိုနာအသင်း၏ လာလီဂါဖလား ယှဉ်ပြိုင်မှုအခြေအနေအားလည်း သုံးသပ်ပြောကြားသွားခဲ့သည်။
“ အသင်းအနေနဲ့ လာလီဂါဖလားစိန်ခေါ်မှု လမ်းကြောင်းပေါ်မှာပဲ ရှိနေပါသေးတယ်၊ ကျွန်တော်တို့ဟာ သုံးမှတ်ပြီး၊ သုံးမှတ် ရယူနေပါတယ်၊ အခုတော့ ဂရာနာဒါနဲ့ပွဲကိုပဲ အာရုံစိုက်ထားရမှာပါ ” ဟု ပီကေးလ်က ပြောကြားခဲ့သည်။
Written by : ပီတာလေး 2012-03-18 17:20:38 http://mutdfan.com/index.php/readmore/post/41858အသည်းတွင် အသားပိုရှိနေခြင်းကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရဖူးသည့် ပြင်သစ်လက်ရွေးစင် အဘီဒယ်လ်သည် မကြာသေးမီက ဆေးစစ်ချက်များအရ၊ အသည်းအား နောက်တစ်ကြိမ် ခွဲစိတ်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။
“ သူဟာ လက်ရှိမှာ ကျွန်တော်တို့ရဲ့မေတ္တာတရားတွေ၊ အကူအညီတွေ လိုအပ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့လည်း သူ့ကို အသက်ရှင်စေချင်ပါတယ် ” ဟု ပီကေးလ်က ပြောကြားသွားခဲ့သည်။
ထို့အပြင် ပီကေးလ်က ဘာစီလိုနာအသင်း၏ လာလီဂါဖလား ယှဉ်ပြိုင်မှုအခြေအနေအားလည်း သုံးသပ်ပြောကြားသွားခဲ့သည်။
“ အသင်းအနေနဲ့ လာလီဂါဖလားစိန်ခေါ်မှု လမ်းကြောင်းပေါ်မှာပဲ ရှိနေပါသေးတယ်၊ ကျွန်တော်တို့ဟာ သုံးမှတ်ပြီး၊ သုံးမှတ် ရယူနေပါတယ်၊ အခုတော့ ဂရာနာဒါနဲ့ပွဲကိုပဲ အာရုံစိုက်ထားရမှာပါ ” ဟု ပီကေးလ်က ပြောကြားခဲ့သည်။
0 comments:
Post a Comment