http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Mar 2012

ပွဲ (၅၀) ရှုံးပွဲမရှိကစားသမား ဖြစ်လာသည့် အင်ဒီယေစတာ

ဘာစီလိုနာကွင်းလယ်လူ အင်ဒီယေစတာသည် ပြီးခဲ့သည့် ဆီဗီလာအသင်းအား (၂-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် ပါဝင်ကစားခဲ့ခြင်းဖြင့် သူ၏လာလီဂါပွဲ(၅၀)မြောက် ရှုံးပွဲမရှိ စံချိန်အား မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းအတွက် ပါဝင်ပွဲထွက်ခဲ့သည့် လိဂ်ပွဲ (၅၀)တွင် (၄၂)ပွဲ အနိုင်ရရှိကာ၊ (၈) ပွဲ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့သည့် အင်ဒီယေစတာသည် ရီးရဲလ်ဂန္တ၀င်တိုက်စစ်မှူး အီမီလီယို ဘူထရာဂူနို၏ လိဂ် ပွဲ (၅၀) ရှုံးပွဲမရှိစံချိန်နှင့်တူညီသွားခဲ့ပြီဖြစ်သည်။

အင်ဒီယေစတာ၏ နောက်ဆုံးရှုံးပွဲမှာ ပြီးခဲ့သည့် ရာသီအစက ဟာကျူလက်စ်အသင်းအား (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲဖြစ်သည်။

အင်ဒီယေစတာသည်  (၁၉၈၇)နှင့် (၁၉၈၉)ကြားကာလများတွင် ကစားခဲ့သည့် လိဂ် ပွဲ(၅၀)တွင် (၃၄)ပွဲနိုင်၊ (၁၆) ပွဲ သရေကျအောင်ကစားခဲ့ကာ ပွဲ(၅၀)ရှုံးပွဲမရှိစံချိန်တင်ထားခဲ့သည့် ရီးရဲလ်ဂန္တ၀င်တိုက်စစ်မှူး ဘူထရာဂူနို၏ စံချိန်အားလည်း မကြာမီအချိန်အတွင်း ချိုးဖျက်သွားဖွယ်ရှိနေသည်။

အကယ်၍သာ အင်ဒီယေစတာအနေဖြင့် လာမည့် အင်္ဂါနေ့၊ နူးကမ့်တွင်ယှဉ်ပြိုင်ကစားမည့် ဂရာနာဒါအသင်းနှင့်လာလီဂါပွဲစဉ်တွင် ပါဝင်ကစားရပြီး၊ အနိုင်ရရှိခဲ့မည်ဆိုပါက၊ (၅၁)ပွဲ ရှုံးပွဲမရှိ ကစားသမားအဖြစ် စံချိန်သစ် ရေးထိုးနိုင်မည်ဖြစ်သည်။
http://mutdfan.com/index.php/readmore/post/41856

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif