ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူးမြို့နယ်သို့ မတ်လ ၂၂ ရက်နေ့တွင် မဲဆွယ်စည်းရုံးရေး ထပ်မံသွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ၀ါးသင်္ခကျေးရွာ မဆယ်ဆိပ်ကျေးရွာနှင့် ငှက်အော်စမ်းကျေးရွာသို့ သွားရောက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျိုက်ထော်ကျေးရွာများသို့ စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကာ မတ်လ ၂၂ ရက် နေ့၌ ထပ်မံသွားရောက်မည် ဖြစ်သည်။
“ကျွန်တော်တို့လက်ရှိမှာ ဆယ်တန်းစာမေးပွဲတွေ ရှိတဲ့အတွက် အမှန်ခြစ် ကတ်ပြားလေးတွေဝေပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်နေပါတယ်။ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ မတ်လ ၂၂ ရက်နေ့မှာ ဟောပြောမဲဆွယ် စည်းရုံးဖို့အတွက်လာမှာပါ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော့မှူးမြို့နယ် အောင်နိုင်ရေး တာဝန်ခံ ဦးအေးသိန်းက ပြောကြားခဲ့သည်။
အဆိုပါ ကော့မှူးမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း အဖြစ် ဒေါက်တာစိုးမင်း နှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ မှ ကိုယ်စားလှယ်လောင်းအဖြစ် ဦးတင်ရီတို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ http://www.news-eleven.com

0 comments:
Post a Comment