http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Mar 2012

ဘောလုံးမကစားဘဲ အနီကဒ်ပြခံခဲ့ရသောအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း

ဘောလုံးအကျော်အမော် ဘက်ခမ်းတစ်ယောက် ကလေးဘောလုံးပွဲတစ်ခုတွင် ကွင်းလယ်ဒိုင်က ကွင်းပြင်ပသို့ ထွက်ခွာရန် ပြောကြားခဲ့သည်။

ဘက်ခမ်းက သူရဲ့သား ရိုမီယို ကစားသောကလေးဘောလုံးပွဲကို သွားရောက်ကြည့်ရှုစဉ် ယခုလိုဒိုင်မှနှင်ထုတ်ခြင်း ခံခဲ့ရသည်။ဘက်ခမ်းသည် ၁၉၉၈ ခုတွင် အာဂျင်တီးနားနဲကစားသော ကမ္ဘာဖလားပွဲစဉ် ၁ ခုတွင် အနီကဒ် ရရှိခဲ့သည်။



ဘက်ခမ်းက " ကျွန်တော်က သားငယ်ရိုမီယိုရဲ့ကလပ် ကစားတဲ့ပွဲကို သွားကြည့်တာပါ၊ အဲဒီမှာ ပင်နယ်တီပေးခံ ရတယ်ဗျာ၊ ကလေးတွေက အသက် (၇) နှစ်ဘဲ ရှိပါတယ် ၊ ဒိုင်က ကလေးကို အနီကဒ်ပြတယ် ၊ ကျွန်တော်က ဒီကလေးကို မထုတ်ပါနဲ့ လို့ပြောလိုက်တယ် ၊ အဲဒီတော့ ဒိုင်လူကြီးက ငါမှာ ထုတ်ပိုင်ခွင့် ရှိတယ်လို့ ကျွန်တောကို ပြောခဲ့တယ်၊ ပီးတော့သူက ခင်ဗျား ဒီနေရာက ထွက်သွား လိုက်ပါဗျာဆိုပီး အနီကဒ်ပြလိုက်တယ်ဗျာ ၊ ကိုက် (၂၀) လောက်ဝေးတဲ့ ဂိတ်ပေါက်ဆီကို ကျွန်တော်ထွက်သွားခဲ့ပါတယ်။ ကျွန်တောပြန်ဝင်လာတော့ သားငယ်ဘောလုံးပွဲက ဆက်ကစားနေခဲ့ပါတယ် ၊ ကလေးယူဖို့လား ၁ယောက်လား ၂ ယောက်လား ပိုချင်ပိုနိုင်တယ်ဆိုတာ ခင်ဗျားသိနိုင်မလား " လို့ ရယ်မောပြောဆိုခဲ့ပါသည်။    mutdfan.comမှကူးယူဖော်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif