လေညှင်းကလေးက
သူ့ကိုယ်လုံးထဲအားအင်ထည့်လို့
ခပ်ဖြည်းဖြည်းလေးပခုံးချင်းတိုက်ကာ
ချော့မြှူကျီစယ် ပန်းမြိုင်ရိပ်လယ်။
ပွင့်ဖက်ကလေးတွေက
နှုတ်ခမ်းလေးဆူခြေပြင်းဆောင့်လို့
မခို့တရို့လေးလရိပ်အေးမှာ
ဘယ်ညာယိမ်းနွဲ့ တသွဲ့သွဲ့
လှဟန်သွေးလို့က နေတယ်။
အဆင်းမတူသလိုအရောင်ကွဲတော့
စိတ်ကြည်စိမ့်အေးအာရုံနွေးအောင်
လှပြီးရင်းကိုလှနေတယ်။
ရနံ့မတူသလိုအသွင်ကွဲတော့
ထုံသင်းပျံ့ပြေးရင်ထဲဆွေးအောင်
မွှေးပြီးရင်းကိုမွှေးနေတယ်။
အဆင်းမတူအသွင်ကွဲ
ရနံ့မတူဝတ်မှုံကွဲ
အလှချင်းမတူရောင်စုံကွဲ
သဘာဝအလွဲမို့ လှနေတယ်။
အကြိုက်ချင်းမတူလို့ ဂုဏ်ပြိုင်မလွဲနဲ့
အတွေးချင်းမတူလို့ အထင်မလွဲနဲ့
အမြင်ချင်းမတူလို့ ရန်မမူနဲ့
ပန်းပွင့်ချင်းမို့ ညီစေကွယ်။
နေစကြာနိုင်
၂၇.၂.၁၂။ မနက်။ ၇နာရီ ၃၆မိနစ်။ http://www.demowaiyan.org/2012/03/blog-post_
0 comments:
Post a Comment