ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် ဗီလာရီးရဲလ်အသင်းဖြင့် ကစားသွားခဲ့သော ပွဲစဉ်တွင် ဒိုင်၏ ဆုံးဖြတ်ချက် များနှင့်ပတ်သက်ပြီး အကြီးအကျယ် ပေါက်ကွဲသွားခဲ့သည်။
ပေါက်ကွဲနေခဲ့သော စီရော်နယ်ဒိုက အ၀တ်လဲခန်းသို့ သွားသည့် ဥမင်ဝင်ပေါက်ဝအထိ မိမိတို့၏ ရမှတ်များ အလုခံရခြင်း သာဖြစ်ကြောင်း အဓိပ္ပါယ်ရသည့် စကားလုံးကို တောက်လျှောက်အော်ဟစ် သွားခဲ့သည်။ ကွင်းတွင်းမှ ကင်မရာများကလည်း "Robbed, robbed, robbed, robbed ..." ဟု အော်ဟစ်နေသော စီရော်နယ်ဒိုကို အမိအရ ရိုက်နိုင်ခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ် အသင်းမှ နည်းပြနှင့် ကစားသမား စုစုပေါင်း (၅)ဦးအထိ ထုတ်ပယ်ခံခဲ့ရသည်။ အိုဇေး၊ ရာမို့စ်၊ မော်ရင်ဟို၊ ဖာရီယာနှင့် ပွဲသိမ်းခရာအပြီးတွင် ပီပီပါ အနီကဒ်ပြ ခံခဲ့ရသည်။ ပီပီသည် ပွဲအပြီးတွင် ကွင်းလယ်ဒိုင် ဖြစ်သူအား ရုန့်ရင်းကြမ်းတမ်းစွာ "mother f*****" ဟုဆဲဆိုခဲ့သောကြောင့် အနီကဒ် ပြခံခဲ့ရဖြင်း ဖြစ်သည်။ စပိန်ဘောလုံးအဖွဲ့ချုပ်က ပီပီ၏ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး သွားမည် ဖြစ်ပြီး၊ ပြစ်မှုထင်ရှားပါက (၄)ပွဲမှ (၁၂)ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်ကြောင်း သိရသည်။ http://mutdfan.com/index.php/readmore/post/41933

0 comments:
Post a Comment