http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

လှပသည့် ဘီလျံနာ သူဌေးမလေး တရုတ်ပြည်တွင် ပျောက်ဆုံး လျှက်ရှိ

ငွေချေး ငှားသူ များနှင့် ဘဏ်များကို ယွမ်သန်း ၆၆၀ ပုဂ္ဂလိက (စင်ကာ ပူဒေါ်လာ သန်း၁၂၀)ခန့် ကြွေး ဆပ်ရန် ရှိနေသည့် ဘီလျံနာ အမျိုးသမီး တစ်ဦး ပျောက် ဆုံးနေကြောင်း ကျန်းစုပြည် နယ်၊ ချန်ရှုးမြို့အာဏာပိုင်များက ပြောကြားသည်။ ဒေသခံများက အလှပဆုံး စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး အဖြစ်တင် စားခေါ် ဆိုခြင်းခံရသည်။
ဂူချန်ဖန်းသည် နှစ်စဉ်အတိုးနှုန်းနှင့် အတူအရင်းပြန်ပေးမည်ဟုသောက ကတိပေး၍ ဘဏ်များမှ ယွမ်သန်း ၁၀ဝကျော်နှင့် ပုဂ္ဂလိက ငွေချေးငှား သူများထံမှ ယွမ်းသန်း ၅၀ဝ နီးပါး ချေးယူပြီးနောက် ပျောက်ကွယ် သွားခဲ့သည်။ ချန်ဂူးပါတီကော်မတီ ပြည်သူ့ရေးရာဌာန ဒုတိယညွှန် ကြားရေးမှူး ဆီကျန်းက"ငွေချေး ငှားသူ ၃၀ ကျော်ဟာ အာဏာပိုင် များထံ အကူအညီလာတောင်းကြ တယ်။ တရားရုံး၊ ရဲတပ်ဖွဲ့နှင့် အစိုး ရဘဏ္ဍာရေးဌာနမှ အရာရှိများပါ ဝင်တဲ့ ခုံအဖွဲ့တစ်ဖွဲ့ဟာ အမှုကို စုံစမ်းစစ်ဆေးနေတယ်"ဟု ပြော ကြားသည်။ အခြားစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သည့် 'ယင်' အပေါ် ယွမ်သန်း ၇၇၀ ဥပဒေမဲ့ ရှာ ဖွေခဲ့မှုအတွက် သေဒဏ်ချမှတ်ချိန် တွင် ဂူချန်ဖန်း၏ကိစ္စပေါ်ပေါက် လာခြင်းဖြစ်သည်။
အမည်မဖော် လိုသည့် 'ဂူ'၏မိတ်ဆွေတစ်ဦးက သူမသည် သတ္တုတူးဖော်လုပ်ငန်း တွင် ငွေအမြောက်အမြားလိုနေ သောကြောင့် ရှေးဦးစွာမိတ်ဆွေ များထံမှ ၁၀ ရာခိုင်နှုန်းထိ အတိုး ပေးပြီး ငွေချေခဲ့ကြောင်း သူမ သည် နောက်ပိုင်း တွင် မတန်တဆအတိုး များပေးပြီးငွေများချေးယူခဲ့ကြောင်း သူမအာယွမ် သန်း ၁၈၀ ချေးငှားခဲ့ သော အိမ် ခြံ မြေအကျိုးဆောင် ကုမ္ပဏီတစ်ခု၏ဒေသခံ အကြီးအကဲ သည် မိမိကိုယ်မိမိ သတ်သေသွား ကြောင်းပြောသည်။ အသက် ၄၀ ကျော်အရွယ်ရှိ ဂူချန်ဖန်းသည် ကုန် သွယ်မှုကုမ္ပဏီတစ်ခု၊ အဝတ်အစား ဆိုင်တစ်ဆိုင်နှင့် ခေတ်ပေါ်ဖက်ရှင် ပစ္စည်းစတိုး ဆိုင်ပိုင်ဆိုင်သည်။              http://www.yoyarlay.com/    

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif