http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

အသက် ၁၀၁ နှစ်တွင် ပါရာဂလိုက် ခုန်ချပြီး ဂင်းနစ် ကမ္ဘာ့စံချိန် တင်သည့် အဖွားအို

အမေရိကန်ပြည်ထောင်စု၊ အုတာပြည်နယ်မှ အဘွားတစ်ဦး သည် သူမ၏ ၁၀၁ နှစ်ပြည့်မွေးနေ့ အဖြစ် ပါရာဂလိုက် (လေထီးကဲ့သို့ ကိရိယာ ဝတ်၍ လေယာဉ်ပေါ် မှ ခုန်ချ သည့် အားကစား) ခုန်ချခြင်း ဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်များ စာအုပ် တွင်မှတ်တမ်းဝင်ခဲ့သည်။
မေရီ အယ်လင်ဟာဒီဆင်သည် သုမ၏ စွန့်စားမှုအတွက် မတ် ၂၀ ရက် တွင် ဂင်းနစ်စံချိန်များစာအုပ်၏ အသိအမှတ်ပြုခြင်းခံရသည်။ အသက် ၇၅ နှစ်အရွယ်ရှိ သူမ ၏သား အယ်လင်က ပါရာဂလိုက် လုပ်ပြီးနောက် သူမသည် အနိုင် မခံ၊ အရှုံးမအပေးဘဲ လေထီးကဲ့ သို့ကိရိယာဝတ်ပြီး လေယာဉ်ပေါ် မှ ခုန်ဆင်းပြခဲ့ခြင်း ဖြစ်သည်။ မစ္စ ဟာဒီဆင်က"ကျွန်မရဲ့ဆန္ဒဟာ အသက်အရွယ်ကြီးရင့်သူတွေအနေ နဲ့ ခန္ဓာကိုယ်သန်စွမ်းနေသမျှ အရာ ရာကို ဆက်လုပ်ဖို့နှင့် အပြု သဘောစိတ်ထားကြဖို့ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ဆက်လက်ပြီး မစ္စ ဟာဒီဆင် က"ကျွန်မရဲ့မိတ်ဆွေတွေဟာ စိတ်တိုတဲ့လူဆိုရင်မကြိုက်ကြဘူး။ ဒါကြောင့် ကျွန်မ မလုပ်နိုင်တဲ့ကိစ္စ ဆိုရင် ကျွန်မရဲ့သား ကတောင် မလုပ်ခိုင်း"ဟု သူမ၏ ရိုးရှင်းသည့် လုပ်ရပ်နှင့်ပတ်သက်ပြီး ဒေသခံ KSL 5 ရုပ်မြင်သံကြားဌာနသို့ ပြောကြားသည်။ သူမ၏ နည်းပြ ဆရာ တီဗင် ဟန့်ဇ်က မစ္စ ဟာဒီ ဆင်သည် စိတ်ဓာတ်မာကျောသူ ဖြစ်ကြောင်း၊ ပေရာပေါင်းများစွာ အမြင့် လေထဲတွင် ကိရိယာကြိုး ကွင်းကို လျှော့ကာအတူတကွ ချာ လပတ်လည်ပြုလုပ်ကြဖို့ မိမိကို တိုက်တွန်းခဲ့ကြောင်း ပြောပြသည်။ သူမ၏ဝါသနာများတွင် ဇာပန်း တိုးသည့် အလုပ်ပါဝင်ကြောင်း ပြောပြသည့် မစ္စ ဟာဒီဆင်က သက်ကြီးရွယ်အိုများသည် စိတ် ပျော်စရာအလုပ်သမား ပိုလုပ်သင့် ကြောင်းပြောပြသည်။                   http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif