“အချစ်၏ ဒုတိယ မြောက် နာမည်တော်” ဇာတ်ကားကို ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးပြီး ဟိန်းဝေယံ၊ အိန္ဒြာကျော်ဇင်၊ ခင်ရူပတို့နဲ့ သရုပ်ဆောင် နေပါတယ်။ ဟိန်းဝေယံက ရုပ်ရှင်ကားကြီး ၄၊ ၅ ကား ဆက်တိုက် ရိုက်ကူးဖို့ ရှိနေပြီး ရုပ်ရှင်ကားကြီး ၄၊ ၅ ကားထဲမှာ ဒရာမာ ၊ ဖန်စီ၊ ရိုမန့်၊ ဟာသဇာတ် ကားတွေကို မျှတအောင် ရွေးချယ်ထားပါတယ်။ “ကျွန်တော့်ပုံစံကို လုံးဝကွဲထွက် မသွားဘဲနဲ့ လူငယ်ပုံစံကို အခြေခံထားတဲ့ ဇာတ်လမ်း တွေနဲ့သွားမယ်။ ပြီးခဲ့တဲ့ တစ်ခေါက်ရိုက်ထားတဲ့ “ရူးလောက်အောင်ချစ်မယ်” ဇာတ်ကားလို မဟုတ်ဘဲ လူငယ် ဖန်စီပုံစံကိုအခြေခံ ဇာတ်သဘော အရ ပြောင်းလဲပြီး သရုပ်ဆောင်သွား မှာပါ။ ကျွန်တော်တို့ တိုက်အနေနဲ့ ဇာတ်ကားကြီးရိုက်ဖို့ ဇာတ်လမ်း တစ်ပုဒ်ကို စီစဉ်ထားပြီးပြီ။ ဒါပေမဲ့ ရိုက် ဖြစ်၊ မရိုက်ဖြစ်ကို သေချာတော့မဆုံးဖတ်ရသေးဘူး။ အဲဒီကားကြီးဆို ဒရာမာကား၊ မင်းသမီး ဆိုရင်လည်း ၃ လက်၊ ၄ လက်လောက်ပါမယ်။ အဲဒီလို စဉ်းစားထားတာရှိတယ်။ အကယ်ဒမီ အတွက်ကို မှန်းပြီး ရိုက်တာမျိုးတော့မဟုတ်ဘဲ ဇာတ်လမ်းကောင်းလေး တစ်ခုကို သေချာ ရွေးချယ်ပြီးရိုက်တဲ့သဘောမျိုးပါပဲ။ ကျွန်တော်တို့ မာန်ထက်ချီတိုက်က ဖန်စီဇာတ်မြူး ကားလေးရိုက်ပြီးတဲ့ အပေါ်မှာ ဒရာမာရောတဲ့ ဇာတ်မျိုး လေး ရိုက်ကြည့်မယ် ဆိုတဲ့ သဘောလည်း ပါတာပေါ့။ ပရိသတ်တွေလည်း ကြည့်ရ တာ တန်အောင်ပေါ့” လို့ ရုပ်ရှင်ကားကြီးတွေ အတွက် ဇာတ်လမ်း ရွေးချယ်နေပုံကိုရှင်းပြ ပါတယ်။ ၂ဝ၁၂ ခုနှစ် ရဲ့ နှစ်စပိုင်းမှာပဲ ရုပ်ရှင်ကားကြီး ၅ကား ရိုက်ကူးရ မှာဖြစ်တဲ့အတွက် ဒီ ၂ဝ၁၂ ဟာ ဟိန်းဝေယံ အတွက် ရုပ်ရှင် ကားကြီး အများဆုံး ရိုက်ကူးရ တဲ့နှစ်ဖြစ်လားလို့ မေးတဲ့ အပေါ်…”လောလောဆယ် ကျွန်တော်ရိုက်ဖို့ရှိတာ ၄၊ ၅ ကားပေါ့။ ဒီနှစ်အတွင်းမှာ တစ်ခြားကားကြီးအနေနဲ့ ကျွန်တော့်ဆီလာတာမျိုးတွေ ထပ်ရှိလာနိုင်တယ်လေ။ လောလောဆယ် လက်ခံထားတာသာ ၄၊ ၅ ကားပါ။ ရုပ် ရှင်ကားကြီး ရိုက်ရတာ အများဆုံးနှစ်ရယ်လို့တော့ ပြောလို့ မရသေးဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ပြီးခဲ့တဲ့နှစ်မှာ ရိုက်ထားတာတွေ ရှိ တယ်။ အခု အကြမ်းဖျင်း လက်ခံထား တဲ့ ၄၊ ၅ ကားအပြင် နောက်ထပ်လာ သေးတယ်ဆိုရင်တော့ ဒီနှစ်က အရင်နှစ်တွေ ထက် ရုပ်ရှင်ကားကြီး ရိုက်ရတာ ပိုများသွားမှာပေါ့” လို့ ပြော ပြပါတယ်။POPULAR JOURNAL မှကူးယူတင်ပြသည်..
0 comments:
Post a Comment