ဘာစီလိုနာ အသင်းမှ စိတ်ဝင်စားနေသောနောက်တန်း ကစားသမား တီယာဂို ဆေးလ်ဗားမှာ ရောင်းချရန် မဟုတ်ကြောင်း အေစီမီလန် အသင်းမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
အဆိုပါ ဘရာဇီး ကစားသမားအား ဘာစီလိုနာ အသင်းမှ စိတ်ဝင်စား နေပြီး လာမည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ကမ်းလှမ်းမှု ပြုလုပ်မည် ဟု သတင်းများ ထွက်ပေါ်နေခြင်း အပေါ် အေစီမီ လန် အသင်းမှ ယခုလို ကာကွယ်ပြောဆို ခဲ့ခြင်းလည်း ဖြစ်သည်။
အေစီမီလန် အသင်းနှင့် (၂၀၁၆) ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသော ဆေးလ်ဗား အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး အသင်း ဒုဥက္ကဋ္ဌ ဂယ်လီယာနီမှ “အကယ်၍ ဆန်ဒရို ရိုဆယ်လ်သာ တီယာဂို ဆေးလ်ဗားနဲ့ ပတ်သက်ပြီး မေးလာခဲ့မယ် ဆိုရင် ကျွန်တော်က သူဟာ ရောင်းဖို့ မဟုတ်ပါဘူးလို့ ပြန်ပြောမှာပါ”ဟု Gazzeta dello Sportသို့ ပြောဆိုခဲ့သည်။
အေစီမီလန် အသင်းသို့ (၂၀၀၉) ခုနှစ်တွင်ပြောင်းရွှေ့ရောက်ရှိ လာခဲ့သည့် ဆေးလ်ဗားမှာ အသင်း၏ အဓိက ကစားသမား တစ်ဦးအဖြစ် နေရာရ နေ သူ ဖြစ်ပြီး ယခုနှစ် ရာသီတွင် (၂၇) ပွဲ ပါဝင် ကစားထားပြီး (၂) ဂိုး သွင်းယူထားနိုင်သူ ဖြစ်သည်။ http://www.yoyarlay.com
0 comments:
Post a Comment