http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

အသစ်ဆန်ဆန် တစ်ခုရနိုင်ဖို့ ရှိနေတဲ့ စည်းကမ်းတွေကို ချိုးဖေါက်ချင်စိတ် ရှိရမယ် နီကိုလပ်(စ်)ကေ့ခ်ျ


အသစ်ဆန်ဆန် တစ်ခုရနိုင်ဖို့ ရှိနေတဲ့ စည်းကမ်းတွေကို ချိုးဖေါက်ချင်စိတ် ရှိရမယ် နီကိုလပ်(စ်)ကေ့ခ်ျရုပ်ရှင် ကားပေါင်း ၆၀ ကျော် တွင် ပါဝင် သရုပ်ဆောင် ခဲ့တဲ့ အော်စကာ ဆု ပိုင်ရှင် သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ နီကိုလပ်(စ်) ကေ့ခ်ျ ကို ၁၉၆၄ ခု ဇန်နဝါရီ ၇ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဟောင်း ဘိခ်ျမြို့မှာ မွေးဖွား ခဲ့ပါတယ်။
ဖခင်က အီတလီမျိုးရိုးဖြစ် ပြီး စာပေဆိုင်ရာ ပါမောက္ခ ဖြစ်ပါတယ်။ မိခင်ကတော့ ဂျာမန်သွေး စပ်သူဖြစ်ပြီး ကချေသည်နဲ့ အက နည်းပြ ဆရာမ တစ်ယောက် ဖြစ်ပါတယ်။ သူ အသက် ၁၂ နှစ်အရွယ်မှာ မိဘတွေ ကွာရှင်းပြတ်စဲခဲ့တာ ကြောင့် ကက်သလစ်ဘာသာဝင်မိ သားစုနဲ့ကြီးပြင်းလာခဲ့ရပါတယ်။
ကေ့ခ်ျဟာ နာမည်ကြီး ဒါရိုက်တာ ဖရန်စစ်ဖို့ဒ် ကော်ပိုလာရဲ့ တူတော် စပ်သူပါ။ သူဟာ ၁၉၉၅ ခုနှစ်မှာ Leaving Las Vegas ရုပ်ရှင်ကား နဲ့ အကယ်ဒီဆု ရရှိခဲ့ပါတယ်။ သူ့ ဖခင်အကြောင်းပြောပြရာမှာ..
"ကျွန်တော့် အဖေက တစ်စုံတစ်ခု အတွက် အမြဲ စိတ်လှုပ်ရှား နေတတ်တယ်။ ကျွန်တော်လည်း အဖေ့ သွေးပါတဲ့သားဖြစ်လိမ့်မယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော် လည်း အမြဲစိတ်လှုပ်ရှားနေတတ် တယ်"။
သူ့ရဲ့ငယ်စဉ်ကအမူအကျင့် တွေကိုပြောပြရာမှာ..
"ဆယ်ကျော် သက်အရွယ်တုန်းက ကျွန်တော်က မင်းမဲ့ဝါဒီဆန်တယ်။ ဒါပေမဲ့ အခု အချိန်မှာတော့ လူတွေကို ကြီးပွား ချမ်းသာစေချင်တယ်။ ကျန်းမာစေ ချင်တယ်။ နောက်ပြီး သင့်သင့်မြတ် မြတ်နေထိုင်ကြစေချင်ပါတယ်"။
ဟောလိဝုဒ်ရုပ်ရှင်လောကနဲ့ပတ် သက်ပြီး သူက.
"ကျွန်တော်ဟာ သရုပ်ဆောင်လား ဒါမှမဟုတ် ခပ် ကြောင်ကြောင်လား ဒါမှမဟုတ် ဇာတ်ကောင်စရိုက်အတိုင်း စိတ်မ နှံ့တဲ့လူလား ဟောလိဝုဒ်ကမသိခဲ့ ဘူး။ ကျွန်တော်ဟာ သူများနဲ့ နည်း နည်းမတူကွဲပြားခြားနားပြီး ခပ် ဆန်းဆန်းသရုပ်ဆောင်ချက်တွေ ကိုလုပ်ခဲ့တယ်"။
သရုပ်ဆောင်တာ နဲ့ပတ်သက်ပြီး..
"သရုပ်ဆောင်တစ် ယောက်ဖြစ်ဖို့ ရာဇဝတ်ပြစ်မှုတစ် ခုခုကိုကျူးလွန်သူတစ်ယောက်လိုပြုမူရပါမယ်။ အသစ်အဆန်းတစ် ခုခုရနိုင်ဖို့ ရှိနေတဲ့စည်းကမ်းတွေ ကို ချိုးဖောက်ချင်တဲ့စိတ်မျိုးရှိနေရ မယ်။ စာအုပ်ကြီးအတိုင်းသရုပ် ဆောင်တာနဲ့ စိတ်ကစဥ့်ကလျား ဖြစ်တာက ကွဲပြားခြားနားပါတယ်"။
အက်ရှင်ကားတွေမှာ စတန့်တွေ ကိုယ်တိုင်လုပ်တဲ့အကြောင်းပြောပြ ရာမှာ..
"ဒါရိုက်တာတွေက ခွင့်ပြု မယ်ဆိုရင် စတန့်တွေကို တတ်နိုင် သလောက် ကျွန်တော်ကြိုးစားလုပ် တယ်။ စတန့်တွေကို မင်းသားကိုယ် တိုင်တကယ် လုပ်နေတယ် ဆိုတာ ပရိသတ်ခံစားမိဖို့က အရေးကြီး တယ်။
အိမ်ထောင်သုံးဆက်ကျခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အဲလစ်ဗစ် ပရက်စလီရဲ့သမီး မာရီပရက်စလီ နဲ့ အိမ်ထောင်သက်တမ်းထက် ကွာ ရှင်းပြတ်စဲဖို့ တရားရုံးမှာအချိန်တွေ အတော်ကုန်ခဲ့ရတာနဲ့ပတ်သက်ပြီး .."ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်မကောင်းဘူး။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက် အိမ် ထောင်မပြုသင့်ဘူး"။                          http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif