ကျွန်တော်တို့ အနေနဲ့ အွန်လိုင်း အသုံးပြုတဲ့အခါ ဝက်ဘ်ဆိုက် တွေကို ခေါ်ကြည့် ကြပါတယ်။ အဲဒီအခါမှာ ဝက်ဘ်ဆိုက် တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ အမည်တွေနဲ့ ရှိနေ ကြပါတယ်။ ဒါကြောင့် ခေါ်ကြည့်ရတာလည်း လွယ် ကူသလို ဝက်ဘ်ဆိုက် လိပ်စာတွေက အပြင်က နားလည်လွယ်တဲ့ ဘာသာ စကားနဲ့ ရေးထားတာဖြစ်လို့ မှတ်သား လို့လည်း လွယ်ကူပါတယ်။
ဒါပေမဲ့ ကွန်ပျူတာ ကွန်ရက်အနေနဲ့ ကတော့ အဲဒီ ဘာသာ စကားကို နားလည်မှာ မဟုတ်ပါဘူး။ People.com ဆိုတာကို ကျွန်တော်တို့တစ်တွေက လွယ်လွယ်ကူ ကူ မှတ်မိ ပေမယ့် ကွန်ပျူတာတွေ အချင်းချင်း ကွန်ရက်ချိတ်ထားတဲ့အခါ ဒါကသူ တို့သုံးတဲ့ ဘာသာစကားမဟုတ် ပါဘူး။
အင်တာနက် ဝက်ဘ်ဆိုက်တွေ အကုန်လုံးဟာ ဝက်ဘ်ဆိုက် အမည်တွေရဲ့ နောက်မှာ IP Address တွေနဲ့ချိတ်ဆက် ထားတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ အွန်လိုင်း ကြည့်ရှုသူတွေ နားလည်လွယ် စေဖို့ ဝက်ဘ်ဆိုက် လိပ်စာတွေနဲ့ ပြန်ပြီး တွဲဖက်ချိတ်ဆက်ရတာ ဖြစ်ပါတယ်။
ဒါကို DNS (Domain Name System) လို့ခေါ်တာပါ။ လက်ရှိ ကမ္ဘာမှာ ဝက်ဘ်ဆိုက်ပေါင်း သန်းချီရှိနေတဲ့အတွက် ဝက်ဘ်ဆိုက်တစ်ခုကို IP Address တစ်ခု သတ်မှတ် လိုက်ရင် ဝက်ဘ်ဆိုက်လိပ် စာတွေက တစ်နေ့ကုန်သွားမယ် ဆိုတာ အသေအချာပါပဲ။
အင်တာနက်လိပ်စာတွေကို သတ်မှတ် ရောင်းချပေးနေတဲ့ အဖွဲ့အစည်းကြီး ICANN အနေနဲ့လည်း အရင်အသုံးပြု ခဲ့တဲ့IP နည်းပညာကIPv4 ဖြစ်ပါ တယ်။ IP လိပ်စာတစ်ခုမှာSegment ပေါင်းလေးခုပါဝင်ရတာပါ။
အဲဒီ လိပ်စာတွေကို အခုLAN ကွန်ရက်တွေ ချိတ်ဆက်တဲ့ အခါမှာလည်း အသုံးပြုနေကြ ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အခန်းကဏ္ဍက မကြာခင်ပြီးဆုံးတော့မှာပါ။ ဝက်ဘ်ဆိုက် တွေ များပြားလာမှု ကြောင့်လို့ပဲ ပြော ရတာဖြစ်ပါတယ်။
သူတို့နေရာကို အစား ထိုးလာတာကIPv6 နည်းပညာ ဖြစ်ပြီး Segment ပေါင်း ခြောက်ခုပါလို့ လိပ်စာရဲ့ အရှည်က ပိုပြီးများသလို ဒီဗားရှင်းအသစ် ကို အသုံးပြုတဲ့အခါမှာ သန်းထောင် ပေါင်းများစွာရဲ့ ထောင်ပေါင်းများစွာသော လိပ်စာတွေကို ချိတ်ဆက်ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့တစ်တွေ ဟာ ဝက်ဘ်ဆိုက်လိပ်စာကုန်ဆုံးမှုကို ဘယ်တော့မှ ကြုံတွေ့ရတော့မှာ မဟုတ်တော့ပါဘူး။ အချို့နာမည်ကြီးတဲ့ အဖွဲ့အစည်းကြီးတွေတောင် IPv6 အမျိုး အစားကို စမ်းသပ်အသုံးပြုနေကြပါပြီ။ http://www.yoyarlay.com
0 comments:
Post a Comment