(ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ဘန်ကောက်ကို အလည်ရောက်စဉ် ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာ ၀င်သင်နေပုံ)
၂၀၁၅ အာစီယံဒေသ စီးပွားရေးဇုံအတွက် ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံက ၂၀၁၂ ခုနှစ်ကို အင်္ဂလိပ်စကားပြောနှစ် အဖြစ် သတ်မှတ်ခဲ့သည်။ နောက်ဆက်တွဲအစီအစဉ်အဖြစ် ယခု ပညာရေးဝန်ကြီးဌာနက ထိုင်းဘတ်ငွေ သန်း ၁၀၀ ( ဒေါ်လာ ၃.၂ သန်းကျော်) အကုန်ကျခံပြီး ဆရာ ဆရာမ ၁၁၃၇ ဦးကို နွေရာသီ အင်္ဂလိပ်စာ သင်တန်းတက်ဖို့ အနောက်နိုင်ငံများသို့ စေလွှတ်မည် ဖြစ်သည်။
ထိုင်းတစ်နိုင်ငံလုံးရှိ ကျောင်းများမှ ဆရာ ဆရာမ ၁၁၃၇ ဦးကို ရွေးချယ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဖင်လန် နိုင်ငံများကို စေလွှတ်မည်ဟု ပညာရေး ဒုဝန်ကြီး Sakda Kongpet က မကြာခင်က ကြေငြာခဲ့သည်။ ဒုဝန်ကြီးက “အခု အစီအစဉ်က Asaen Economic Community (AEC) အတွက် ပြင်ဆင်ဖို့ ဆရာ ဆရာမတွေကို နွေရာသီ သင်တန်းလွှတ်တာပါ” ဟု ပြောဆိုသည်။
ဒုဝန်ကြီး Sakda က “အခြေခံပညာကျောင်းတွေက ဆရာ ဆရာမ ၆၇၅ ဦး ရွေးချယ်ပါတယ်။ အသက်မွေးဝမ်းကျောင်း ကျောင်းတွေက ၂၃၁ ဦး ရွေးချယ်ပါတယ်။ အခြား အလွတ်သင်ကျောင်းတွေက ၂၃၁ ဦး ရွေးပါတယ်။ ပြည်နယ် အားလုံးက ဆရာ ဆရာမတွေ ပါပါတယ်” ပြောသည်။
“ဧပြီလဆန်းမှာ သူတို့ နိုင်ငံခြားကို ခရီးစထွက်ရမှာပါ၊ တစ်လခွဲကြာမယ်၊ အဲဒီနိုင်ငံတွေက အိမ်ရှင် မိသားစုတွေရဲ့ အိမ်မှာ တည်းဖို့ အစီအစဉ်တွေ လုပ်ထားပါတယ်။ နိုင်ငံခြားမှာ သုံးဖို့ ဆရာ တစ်ယောက်ကို ဘတ်ငွေ ၁ သိန်း ပေးလိုက်ပါမယ်” ဟု ပညာရေး ၀န်ကြီးဌာန အစီအစဉ်ကိုလည်း ရှင်းပြခဲ့သည်။
ထိုင်းပညာရေး ၀န်ကြီးဌာနက အခြားဆရာ ဆရာမတွေကိုလည်း နာရီ ၃၀ ကြာ နွေရာသီ အင်္ဂလိပ်စာသင်တန်းများ ပေးမှာ ဖြစ်သည်။ ဆရာ ဆရာမတွေကို အင်္ဂလိပ်စာ သင်တန်းပေးတဲ့ ရည်ရွက်ချက်က ၂၀၁၅ ခုနှစ် အာစီယံ စီးပွားရေးဇုံအတွက် ထိုင်း လူမျိုး ၄ သန်းကျော် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ရေး ဆောင်ရွက်မှု ဖြစ်သည်။
ဝင့်ထန်း
Soure: The Nation http://www.maukkha.org/index.php/news-menu/international-news

Kuala Lumpur Time

0 comments:
Post a Comment