ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ဒေါ်အောင်ဆန်းစုကြည် (အမေစု) ကို ချစ်မြတ်နိုးတဲ့ မိခင်တချို့က ဦးဆောင်ကာ သူတို့ရဲ့ သားသမီးများနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ လှည်းကူးမြို့နယ်အတွင်းမှာ တနာရီခန့်ကြာအောင် စနစ်တကျ လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၇ နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျှက်ရှိပြီး မဲဆန္ဒနယ် ၄၀ ခန့် အနိုင်ရရှိနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူများက ခန့်မှန်းထားကြပါတယ်။
ဓါတ်ပုံသတင်း - ဒေါ်အောင်ဆန်းစုကြည် လှည်းကူး - Mar 23 2012 02:50 AM EST http://burmatoday.net/news.php?news_ID=159
0 comments:
Post a Comment