http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

သုံးရက်အတွင်း Download အကြိမ်ရေ ဆယ်သန်းကျော်သွားတဲ့ Angry Birds Space


သုံးရက်အတွင်း Download အကြိမ်ရေ ဆယ်သန်းကျော်သွားတဲ့ Angry Birds Spaceကမ္ဘာကျော် ဂိမ်းကုမ္ပဏီ Rovio ၏ အအောင်မြင်ဆုံး ဂိမ်းအမျိုးအစား ဖြစ်သည့် Angry Birds ဂိမ်း၏ မျိုးဆက် လေးခုမြောက် ဂိမ်းအမျိုးအစား Angry Birds Space ကို စတင်ကစား ခွင့်ပေးသည့် နေ့မှစ၍ သုံးရက်အတွင်း Download ဆွဲယူသည့် အကြိမ်ရေ ဆယ်သန်း ပြည့်ခဲ့ကြောင်း သိရသည်။
ပုံမှန်အားဖြင့် Angry Birds ဂိမ်း သည် မိုဘိုင်းပလပ်ဖောင်း၌ အအောင် မြင်ဆုံး ဂိမ်းအမျိုးအစားဖြစ်ပြီး Angry Birds Rio စသည့် ဒုတိယမျိုး ဆက်များကိုRovio မှ ထုတ်လုပ်ခဲ့ ပြီးဖြစ်သည်။
သို့ရာတွင် Angry Birds Space မှာ အခြား Angry Birds ဂိမ်းအမျိုးအစားများနှင့် မတူညီ သည့် Feature များကို ထည့်သွင်း ထားပြီး iPad အသုံးပြုသူများနှင့် iPhone အသုံးပြုသူများအတွက် သုံး ဒေါ်လာခန့်ဖြင့်Download ဆွဲယူနိုင် ရန် စီစဉ်ခဲ့ပေးခြင်းဖြစ်သော်လည်း Android စမတ်ဖုန်းအသုံးပြုသူများ အတွက်ကိုမူ အခမဲ့အသုံးပြုခွင့်ပေး ထားသည်။
ကစားသူများ၏ အမြင် အရ Android ပေါ်တွင် ကစားနိုင်သည့် Angry Birds Space မှာ iOS ပေါ် Feature မစုံလင်ဟု သိရသည်။ ထို သို့ကစားရာ၌ iOS အသုံးပြုသူများ အနေဖြင့် ခက်ခဲသည့် Level များကို ဖြတ်ကျော်ရာတွင် အခကြေးငွေပေး ၍ ဖြတ်ကျော်နိုင်သည်။
ယခင်ဗားရှင်း များထက် ပိုမို၍ ခက်ခဲသည့် နည်းဗျူ ဟာအသုံးပြုမှုများကို ထည့်သွင်းထား သော Angry Birds Space သည် ယခုရက်ပိုင်းအတွင်း၌ပင် Download ဆွဲယူသူ သန်းချီတိုးပွားလာဦးမည်ဟု ခန့်မှန်းနေကြပြီး ဂိမ်းအတွင်းအပြောင်း အလဲအသစ်များကို ထည့်သွင်းထား ရန် ပျင်းရိနေသူများအတွက် စိတ်ဝင် စားစရာဖြစ်လာသည်။
အအောင်မြင်ဆုံး ဂိမ်းအဖြစ်မှတ် တမ်းဝင်ထားသည့် Angry Birds ကို ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာက စတင်ထုတ် လုပ်ခဲ့ခြင်းဖြစ်ပြီး ပလပ်ဖောင်းအစုံ တွင် Download ဆွဲယူမှုအကြိမ် ပေါင်း သန်း၇၀ဝ ကျော်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ယခု Angry Birds Space အားDownload ဆွဲယူမှုပုံမှန်မြင့် တက်သွားပါက ၂၀၁၂ မကုန်ခင်အ ချိန်၌ပင် Download ဆွဲယူမှု သန်း တစ်ထောင် ပြည့်သွား နိုင်သည်ဟု မို ဘိုင်းဂိမ်းအကြောင်း လေ့လာသူများက ဆိုသည်။ Angry Birds Rio သည် ထိုပမာဏ Download ဆွဲယူခြင်းခံ ရဖို့ရန် အချိန်တစ်ပတ်ကျော်ကြာခဲ့သည်။                    http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif