http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Mar 2012

Power Supply ကောင်း မကောင်း စမ်းသပ်နည်း

ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Power Supply Unit (PSU) ဟာ စက်ဖွင့်လိုက်တာနဲ့ စတင်အလုပ်လုပ်ပြီး Motherboard နဲ့ တခြား Component တွေဆီ လိုအပ်မယ့် ဒီစီဗို့အားတွေကို ထုတ်လုပ်ပေး ပါတယ်။
ကွန်ပျူတာဖွင့်လိုက်တာနဲ့ ပါဝါမရောက်တော့ဘူးဆိုရင် Power Supply နဲ့ Power Source တစ်ခုခုက ပြဿနာဖြစ်နေပြီဆိုတာ အကြမ်းအားဖြင့် တွက်ဆနိုင်ပါတယ်။
ဒါကြောင့် Power Supply အလုပ် လုပ်-မလုပ်ဆိုတာ အလွယ်တကူ စမ်းသပ်နိုင်မယ့်နည်းကို အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။
စမ်းသပ်ဖို့အရင်ဆုံး မီးကိုပိတ်ပြီး စိတ်ချရအောင် မီးကြိုးကို ပလတ်ပေါက်ကနေ ဖြုတ်ထားပါ။
Power Supply ကနေ Motherboard နဲ့ တခြား Component တွေမှာ တပ်ထားတဲ့ ပါဝါ Connector တွေကို ဖြုတ်ပြီး Casing ကနေ Power Supply ကို ဖြုတ်ထုတ်ပါ။
စမ်းသပ်ဖို့ စက္ကူညှပ်ကလစ် (သို့) လေးလက်မခန့် မီးကြိုးအသေးလိုအပ်ပါတယ်။ နောက်တစ်ခုက Power အထွက်ရှိ-မရှိ စမ်းသပ်ဖို့ ကွန်ပျူတာမှာ သုံးတဲ့ Fan (သို့) CDROM တစ်ခုခုလိုအပ်ပါတယ်။
အရင်ဆုံး စက္ကူညှပ်ကလစ်ကို ဆန့်ထုတ်ပြီး (U) ပုံသဏ္ဌာန်ဖြစ်အောင် ကောက်ထားပါ။
Power Supply ရဲ့ 24 Pin (သို့) 20 Pin Connector မှာ အစိမ်းရောင်ကြိုး (Green Wire) ကိုရှာပါ။
အစိမ်းရောင်ကြိုးကိုတွေ့ရင် ကလစ်ရဲ့ တစ်ဖက်စွန်းကို အစိမ်းရောင်ကြိုးရှိတဲ့ အပေါက်မှာ ထိုးထည့်ပါ။
ပြီးရင် အစိမ်းရောင်ကြိုးနဲ့ ကပ်လျက်ရှိတဲ့ အနက်ရောင်ကြိုး (Black Wire) ကို ရှာပါ။
အနက်ရောင်ကြိုး တော်တော်များများကိုတွေ့ပါလိမ့်မယ်။
နီးစပ်ရာအနက်ရောင်ကြိုး အပေါက်ကို ကျန်တဲ့ ကလစ်ရဲ့ အစွန်းတစ်ဖက်ထိုးထည့်ပါ။
စက္ကူညှပ်ကလစ်ကို တခြား ပစ္စည်းတွေနဲ့ မထိအောင် သတိထားပါ။
Fan (သို့) CDROM တစ်ခုခုကို Power Supply ရဲ့ ပါဝါ Connector နဲ့ ချိတ်ဆက်ပါ။
ဒါဆိုရင် စမ်းသပ်ဖို့ အသင့်ဖြစ်သွားပါပြီ။
Power Cable ကို မီးပလတ်မှာတပ်ပြီး မီးဖွင့်လိုက်တာနဲ့ PSU က စတင်အလုပ်လုပ်ပြီး တပ်ထားတဲ့ Fan ဒါမှမဟုတ် CDROM တွေ ဆက်လက်အလုပ်လုပ်တာကို တွေ့ရပါလိမ့်မယ်။
ဒါဆို Power Supply ဟာ အကြမ်းအားဖြင့် အလုပ်လုပ် သေးတယ်ဆိုတာ သိနိုင်ပါတယ်။
Power ON လိုက်တာနဲ့ Fan တို့ CDROM တို့ အလုပ်မလုပ်ဘူးဆိုရင် Power Supply ဟာ အထွက်ဗို့အား မထုတ်တော့ဘူးဆိုတာ သိရှိနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။      http://myanmar.mmtimes.com/2012

1 comments:

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif